အခန်း(၇)

354 1 1
                                    

💏 စင်​ဒရဲလား  💏
💋အခန်း(၇)💋

"​ကြွေ....."

"ဟင်​..."

ကြွေ့ခန္ဓာကိုယ်​​လေး ဆတ်​ကနဲတုန်​သွားခဲ့သလို မမ​နေခြည်​နဲ့မမ​ရွှေရည်​ကလည်း ​နောက်​ကိုလှည့်​ကြည့်​လိုက်​ကာ မျက်​လုံးပြူးသွားကြ၏။ ​ကြွေ ​နောက်​ကို တဖြည်းဖြည်းလှည့်​ကြည့်​လိုက်​​တော့ လ​ရောင်​​သွေးဆိုတဲ့လူ။

"​တောက်​..."

မမ​နေခြည်​က သူ့ကို​တွေ့​တော့ ​ဒေါသထွက်​သွားကာ ​တောက်​​ခေါက်​လိုက်​​လေသည်​။ ​ကြွေ ​ကြောက်​လွန်းလို့ ဘယ်​သူ့ကိုမှ ​မော့မကြည့်​ရဲဘဲ ​ခေါင်းကို ငုံ့ထားလိုက်​​တော့သည်​။ သူ... သူ မမ​နေခြည်​တို့​ရှေ့မှာ ​ကြွေ့နာမည်​ကို​ခေါ်ရဲတယ်​။

"ဘာကိစ္စလဲ..."

လ​ရောင်​ ​ကြွေ့​ဘေးက မိန်းက​လေးနှစ်​​ယောက်​ကို တတ်​နိုင်​သ​လောက်​ ပြုံးပြလိုက်​ကာ

"အစ်​မတို့က ​ကြွေ့အစ်​မ​တွေထင်​တယ်​..."

လ​ရောင်​​သွေး ​ကြွေ့ကို​ခေါ်လိုက်​​တော့ ​နေခြည်​ စိတ်​မထိန်းနိုင်​ခဲ့။ ​ကြွေ့ကို ပါးရိုက်​ပစ်​ချင်​ခဲ့တာ။ လ​ရောင်​​သွေး​ရှေ့မှာဖြစ်​​နေတာရယ်​၊ ​ကျောင်းဝင်းထဲမှာရယ်​​ကြောင့်​ စိတ်​ကိုထိန်းထားလိုက်​မိခြင်းဖြစ်​သည်​။ ​ကြွေ့လိုလူမျိုးကို သူက ဘာလို့အတင်းလိုက်​​ရော​နေရတာလဲ။

"ဟုတ်​တယ်​... ဘာဖြစ်​လို့လဲ..."

စကား​ပြောပုံ​တွေက နှစ်​​ယောက်​လုံး ရိုက်​​ပေါက်​​တွေကြည့်​ပဲ။ ဒါ​ပေမယ့်​လည်း ​ကြွေ​လေးနဲ့ နီးစပ်​နိုင်​မယ့်​အ​ရေးမို့ သည်းခံလိုက်​ဦးမယ်​။

"ကျွန်​​တော်​နာ့မည်​က လ​ရောင်​​သွေးပါ... ​ကြွေနဲ့တစ်​ခန်းထဲအတူတူတက်​ကြတာပါ..."

"အဲ့ဒီ့​တော့..."

ဟာ... ဘယ်​လိုကြီးလဲ။ သူတို့​ပြောတာ​တွေက လုံးဝဘုနဲ့​ဘောက်​။ လ​ရောင်​ ဘယ်​လိုဆက်​​ပြောရမှန်းမသိ​တော့။

ရွှေရည်​ အူ​ကြောင်​​ကြောင်​ဖြစ်​​နေတဲ့ ချာတိတ်​​လေးကိုကြည့်​ကာ ရယ်​ချင်​သွားမိသည်​။

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang