အခန်း(၂၂)

214 7 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၂၂) 💋

"ဗျာ..."

"ဘာဖြစ်လို့လဲ မောင်ခွင်းမဏ္ဍိုင်... လရောင်သွေးကိုမင်းမသိလို့လား..."

"မဟုတ်ဘူး အန်တီညို...  ကျွန်တော် သူ့ကိုသိပါတယ်... ဒါပေမယ့် ကြွေ့မွေးစားမိဘတွေပြန်လာမယ်ဆိုတာကို ကျွန်တော်မသိတာပါ..."

"ဟုတ်လား... "

"ဟုတ်က့ဲ... ဒါပေမယ့် ကြွေက ကျွန်တော့်ကို ဘာလို့ဖုန်းမဆက်ရတာလဲ... ကျွန်တော်စိတ်ပူနေမယ်ဆိုတာ ကြွေ မသိဘူးလား..."

"အမယ်လေးရှင်...  ဘာလို့အ့ဲလောက်တောင် စိတ်ပူနေရတာလဲ မောင်ခွင်းမဏ္႑ိုင်ရယ်...  လရောင်သွေးကို မင်းမယုံလို့လား..."

ခွင်း ငြိမ်သြားလေသည်။ အရင်တုန်းကသာ တစ်ယောက်ယောက်က အခုလိုမေးလာခ့ဲရင် သူ ခေါင်းကိုချက်ချင်းငြိမ့်မိမှာဖြစ်သည်။ ဒါပေမယ့် အခုလိုအချိန်မွာတော့ ခေါင်းငြိမ့်ဖို့ သူဝန်လေးနေမိ၏။ လရောင်က အရင်လို သာမန်လူတစ်ယောက်မှမဟုတ်တော့တာ။ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်နေခ့ဲပြီ။ အခုလို ကောင်မလေးကိစ္စတွေနဲ့ပတ်သက်တ့ဲသတင်းတွေသာ ထွက်လာခ့ဲရင် သူ့တက်လမ်းတွေ တန့်သွားနိုင်သည်။ အ့ဲဒါကြောင့် လရောင် အ့ဲလိုအထင်ခံရမယ့်ကိစ္စမျိုးကို လုပ်မှာမဟုတ်ပေ။

"မင်း ဝေခွဲမရဖြစ်နေရင်... လရောင်သွေးကို ဖုန်းဆက်ပြီးမေးလိုက်ပါလား... အ့ဲတော့မှ မင်းစိတ်ထဲလည်း ရှင်းသွားမှာမို့လား..."

ခွင်း လက်ထဲကစာအုပ်ကို အသာလေးမှောက်လိုက်ကာ ခေါင်းငြိမ့်လိုက်မိ၏။ ဟုတ်သားပဲ... သူ လရောင်ကို ဖုန်းဆက်လို့ရတာပဲ။

"လရောင်သွေးရဲ့ဖုန်းနံပါတ် မင်းမွာ မရှိဘူးလား..."

"ရှိပါတယ် အန်တီညို... "

"ဒါဆို ဖုန်းဆက်လိုက်ဦးလေ..."

"ဟုတ်က့ဲ အန်တီညို... "

ခွင်း အန်တီညို့ဖုန်းကိုခ်ကာ လရောင်ကို ဖုန်းခေါ်လိုက်လေသည်။

"တီ... တီ... တီ..."

ဖုန်းကမကိုင်ပေ။
...  လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မွာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်...

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang