အခန်း(၁၃)

238 6 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၃)💋

"ကြွေ ဘာစားခ့ဲလဲ... ကန်တင်းသွားရအောင်လေ..."

"ကြွေ ထမင်းစားခ့ဲတယ်... မစားတော့ပါဘူး... ကိုလရောင်သွေးပဲသွားစားလိုက်ပါလား..."

"ကိုယ်လည်း မဆာပါဘူး... ကြွေများ ဆာနေမလားလို့..."

သူမအကြောင်းကို သိထားသဖြင့် သူမေးလိုက်ခြင်းဖြစ်သည်။ သူမအိမ်မွာ တခုခုစားခ့ဲမယ်ဆိုတာ ယုံရတာမဟုတ်။ နှိပ်စက်မှုတွေကြားက ခက်ခက်ခဲခဲရှင်သန်နေရတ့ဲ သူမရဲ့ဘဝလေးကို သူသနားမိသည်။ သူမကို သူ အ့ဲဒီ့ဘဝထဲကနေ ဆွဲထုတ်ပေးချင်သည်။ ဒါပေမယ့် သူ သူမကို ဖွင့်မပြောရက်ခ့ဲ။

"ကြွေ မဆာပါဘူး..."

"အင်းပါ... ကြွေ မဆာဘူးဆိုလည်း ပြီးတာပါပဲ... နောက်ပြီး ကျွန်တော့်ကို ရင်းရင်းနှီးနှီး လရောင်လို့ပဲခေါ်ပါလား... ကြွေနဲ့ကျွန်တော် သူငယ်ချင်းတွေဖြစ်နေတာ ကြာပြီပဲကို..."

"အင်း..."

ကြွေက ခေါင်းလေးငြိမ့်ကာပြုံးလိုက်တော့ လရောင် သဘောကျသွားလေသည်။ ဘယ်လိုပဲနေနေ သူ့မျက်လုံးထဲမှာ သူမက ချစ်စရာကောင်းနေခ့ဲသည်။

"တီ... တီ... တီ..."

လရောင် အကျႌအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ ကြည့်လိုက်ပြီး

"ဟယ်လို ကိုကို..."

"ညီ အပြင်ခနထွက်ခ့ဲပေးပါလား... ဒီမွာ အရေးကြီးနေလို့..."

လရောင် ကြွေ့ကိုကြည့်လိုက်ကာ

"အခုလား ကိုကို..."

"အင်း မကြာဘူး... ကိုကို မင်းအခန်းရှေ့မှာ... အထဲဝင်လာဖို့အဆင်မပြေလို့ပါ..."

"ဟုတ်..."

လရောင် ဖုန်းချလိုက်ပြီး

"ကြွေ ခနလေးနော်... ကိုယ့်ကိုကိုခေါ်နေလို့..."

"အင်း ရပါတယ်..."

လရောင် အခန်းအပြင်ထွက်သြားတာကို ကြွေ ငေးကြည့်နေမိ၏။ ကြွေ့ဘဝမှာ ကြွေ့အပေါ် ဂရုစိုက်တတ်သူ၊ ကြွေ့အနားမှာ အမြဲတမ်းရှိနေတတ်သူတစ်ယောက်။ သူ ကြွေ့ကိုခင်ချင်တယ်လို့ပြောခ့ဲတာဟာ တကယ်ပဲခင်ချင်ခ့ဲလို့လား...?

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang