💏 စင်ဒရဲလား💏
💋အခန်း(၈)💋"ဒီမှာ ခနနေခဲ့ဦး... ငါ့သူငယ်ချင်းကို သွားခေါ်လိုက်ဦးမယ်... ကြားလား မိကြွေ..."
ကြွေ ခေါင်းပဲငြိမ့်ပြလိုက်၏။
"ရွှေရည်လည်းလိုက်မယ် မမ..."
"ဟင် ကြွေတစ်ယောက်ထဲနေခဲ့ရမှာလား..."
မမရွှေရည်ပါလိုက်သွားမယ်ဆိုရင် ကြွေ တစ်ယောက်ထဲကျန်ခဲ့မှာပေါ့။ ကြွေ မနေရဲပါဘူး။
"ဘာဖြစ်တာလဲ... ချက်ချင်းပြန်လာမယ့်ဟာကို..."
ကြွေ မဝံ့မရဲပြန်မော့ကြည့်လိုက်ကာ
"ကြွေ... ကြွေ တစ်ယောက်ထဲ မနေရဲဘူး..."
နေခြည် ကျောပိုးအိတ်ကြိုးလေးကို လက်နဲ့ဆွဲလိုက်ပြီး ကြွေ့ကို မျက်စောင်းထိုးလိုက်ကာ
"ဖြစ်နေလိုက်တာ နင့်ကို ဘယ်သူမှဘာမှမလုပ်ဘူး... နောက်ပြီး ငါတို့ချက်ချင်းပြန်လာမှာ..."
"ဟုတ်တယ် ကြွေရဲ့... အဲ့ဒီ့သူငယ်ချင်းကအရေးကြီးနေလို့ပါ... သူ့ကို မမက စာမေးစရာရှိလို့တဲ့... မကြာပါဘူး... ခု ပြန်လာမှာနော်... လာ မမ သွားရအောင်..."
"မသွား..."
ကြွေပြောတာကို နားလည်းမထောင် ကြားပုံလည်းမပေါ်တော့။ မမရွှေရည်က မမနေခြည့်လက်ကိုဆွဲကာ ကန်တင်းဆိုတဲ့နေရာကနေ ထွက်သွားလေတော့သည်။
ကြွေ စားပွဲပေါ်က စားစရာတွေကိုကြည့်သာကြည့်လိုက်မိတာ တစ်ခါမှမထိမိသေး။ ကန်တင်းဆိုတဲ့နေရာကို ကြွေ ပထမဆုံးရောက်ဖူးတာပါ။ မမနေခြည်က သူ့သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ ကန်တင်းကိုလိုက်ခဲ့ဦးလို့ဆိုပြီး ကြွေ့ကိုခေါ်သွားခဲ့သည်။ ကန်တင်းရောက်တော့ မမရွှေရည်နဲ့တွေ့ကာ သုံးယောက်ဖြစ်သွား၏။ ကြွေ လိုက်သာလိုက်ခဲ့ရတာ စိတ်ထဲမှာတော့ တထင့်ထင့်ဖြင့်။ ကန်တင်းကိုရောက်တော့ စားသောက်ဆိုင်သေးသေးလေးမှာထိုင်ကာ အစားအသောက်တွေကို မှာပြီး သူတို့ကစားကြသည်။ ကြွေ့ရှေ့မှာ ခေါက်ဆွဲကြော်တစ်ပန်းကိုချထားပေးပေမယ့် ကြွေမထိမိသေး။ မနက်ကတည်းက ဘာမှမစားခဲ့ရလို့ ဗိုက်ဆာနေတာ။ ဗိုက်ထဲမှာလည်း တဂွီဂွီမြည်နေပြီ။ မမနေခြည်တို့ကလည်းပြန်မလာသေးဘူး။ သူတို့ပြန်မလာရဲဘဲ ကြွေမစားရဲပါဘူး။ နောက်ပြီး ကြွေ့ဆီမှာ ပိုက်ဆံလည်းတစ်ပြားမှမပါဘူး။ ကြွေ မမနေခြည်တို့ထွက်သွားတဲ့ဘက်ကိုလှမ်းကြည့်လိုက်တော့ အရိပ်အယောင်လေးတောင်မှ မတွေ့ရပေ။
VOUS LISEZ
စင်ဒရဲလား (Completed)
Roman d'amourပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜