💏 စင်ဒရဲလား 💏
💋 အခန်း(၂၀) 💋ခွင်းကပြောခ့ဲရင်တောင် သူ ဒီလောက်ခံစားချင်မွခံစားရမွာ။ အခုတော့ မဆီမဆိုင် သူ့အစ်မကပါ မိကြွေဘက်ကပါနေတော့ ပိုခံပြင်းမိသြား၏။ အိပ်မပျော်တ့ဲညတွေလည်းမ်ားနေပြီ။ နေခြည်နာရီကိုကြည့်လိုက်တော့ ဆယ့်နှစ်နာရီထိုးခါနီးပြီဖြစ်သည်။ ဖျော်ထားတာကြာပြီဖြစ်တ့ဲ အေးစက်စက်ကော်ဖီခွက်ကိုယူလိုက်ကာ မော့သောက်လိုက်၏။ အခန်းထဲမွာ မီးမှိတ်ထားပေမယ့် အိပ်လို့ကမရတော့ ငြိမ်သက်စြာ စဉ်းစားနေမိ၏။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ရလာတ့ဲအဖြေက ခွင်းကိုမစွန့်လွှတ်နိုင်ခြင်းပင်။
ယောက်ျားတစ်ယောက်ကိုမြတ်မြတ်နိုးနိုးချစ်ဖူးခ့ဲပြီ။ အချစ်ဦး... အချစ်ဆုံးယောကျာ်းတစ်ယောက်။ ဒါပေမယ့် ကိုယ်က သူ့အတွက်တော့ မိန်းမဆိုးတစ်ယောက်လို့ထင်မှတ်နေသူ။ ထားပါတော့... နေခြည်က မိန်းမဆိုးဆိုရင်တောင်မွ မိန်းမဆိုးမှာလည်း အသည်းနဲ့ပါခွင်းရယ်။ ခွင်းကိုချစ်မိပြီးမှ နေခြည်ဆိုတ့ဲမိန်းမဟာ မာနတွေ ခဝါချခ့ဲတာပါ။ အချိန်တိုင်း... နေ့တိုင်း.. ရှင့်ကိုပဲတွေ့ချင်နေတ့ဲသူ။ ရှင့်အချစ်ကိုပဲ မျှော်လင့်တောင့်တနေတ့ဲသူ။ ရှင့်နှလုံးသားကိုပဲလိုချင်နေသူတစ်ယောက်။ ကျောင်းမွာတွေ့ရင်တောင် အမြင်အာရုံထဲကမပျောက်မချင်း လိုက်ကြည့်နေမိသူ။ တစ်ခန်းထဲအတူတက်နေတ့ဲ သူငယ်ချင်းတွေဆိုပေမယ့် ရင်းနှီးမှုတွေနည်းပါးသူ။ ခွင်းနဲ့ခင်မင်ချင်ပေမယ့် အ့ဲလိုအခွင့်အရေးကိုမရခ့ဲသူ။ နေခြည့်ဘဝက ဘယ်လောက်တောင်မွ နာစရာကောင်းလိုက်သလဲ။
အခု ခွင်း မိကြွေကို ရွေးချယ်လိုက်တော့ ပိုဆိုးသွားခ့ဲပြီ။ ရင်ထဲမှာအမာရွတ်ဟောင်းတခု ပြန်လည်အသက်ဝင်လာသလို နာကျင်လာရပြီ။ မိကြွေလိုလူမျိုးအတွက်နဲ့ နေခြည့်လိုလူမျိုးကို ခွင်းမို့လို့ ဥပေက္ခာပြုရက်သည်။ ဒါတင်ဘယ်ကမလဲ ခွင်းက သူ့မိဘတွေကိုတောင်မွ ဂရုစိုက်သည့်ပုံမပေါ်။ မိကြွေအတွက် သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတောင် စွန့်လွှတ်နိုင်တယ်တ့ဲ... အဟား... ဘယ်လောက်တောင် ခံပြင်းဖို့ကောင်းလိုက်သလဲ။
YOU ARE READING
စင်ဒရဲလား (Completed)
Romanceပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜