အခန်း(၁၂)

263 7 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၂) 💋

"တောက်... အ့ဲဒါဆို အ့ဲကောင်မက ဘယ်ရောက်သြားတာလဲ..."

"ရွှေရည် ဘယ်သိမလဲ မမရဲ့... ရွှေရည်က ကိုသက်တန့်နဲ့ ကန်တင်းမွာ စကားပြောနေတာလေ..."

ရွှေရည်က သူမပြောတာကို စိတ်မဝင်စားသလိုပြောကာ ဖတ်နေတ့ဲဝတၳုစာအုပ်ကိုသာ ဆက်ဖတ်နေလေသည်။ နေခြည် စိတ်တိုသြားကာ

"ဪ... နင်က ကန်တင်းမွာ သာယာနေတာပေါ့ ဟုတ်လား..."

သူမ အ့ဲလိုပြောလိုက်တော့ ရွှေရည်က စိတ်ဆိုးသြားကာ ဒရင်းဘတ်ပေါ်မှာ လွဲနေရင်းကနေထလိုက်ပြီး စာအုပ်ကို စားပြဲပေါ်တင်လိုက်လေသည်။ ထို့နောက် ရှေ့ကိုကျနေတ့ဲဆံပင်တွေကို နောက်သို့လှန်ချလိုက်ပြီး

"မမနော်... ရွှေရည့်ကိုအ့ဲလိုမပြောနဲ့... မမကရော ဘာထူးလို့လဲ... အိမ်မွာ ကိုရဲရင့်နဲ့တွေ့တယ်မဟုတ်လား..."

"ဘာ... အ့ဲဒါသူလာတာလေ..."

"ဘာပဲဖြစ်ဖြစ် မမလည်း ကိုရဲရင့်နဲ့တွေ့တယ်... ရွှေရည်လည်း ကိုသက်တန့်နဲ့ တွေ့တယ်... အ့ဲဒါ ရွှေရည့်မွာ အပြစ်ရှိတာလား..."

နေခြည် ဘာမွမပြောတော့ဘဲ ခုံမှာထိုင်လိုက်ကာ ခြေထောက်တစ်ဖက်ပေါ်ကို အခြားတစ်ဖက်ကို ချိတ်ကာထိုင်ပြီး

"နေဦး... အ့ဲဒီ့အချိန်အတွင်းမွာ မိကြွေက ဘယ်ရောက်နေတာလဲ... စဉ်းစားကြည့်ဦး ရွှေရည်..."

ရွှေရည်က စာအုပ်ကို ပြန်ကောက်ကိုင်လိုက်ပြီး ရင်ဘတ်မှာအပ်ထားလိုက်ကာ

"သူက လရောင်သွေးနဲ့ရှိနေမှာပေါ့ မမရဲ့..."

ရွှေရည်ပြောတာကို နေခြည်လက်မခံဘဲ ခေါင်းရမ်းလိုက်လေသည်။

"ဟင့်အင်း မဖြစ်နိုင်ဘူး..."

"မမကလည်း မမ ဘာတွေစိတ်ပူနေတာလဲ..."

"ရွှေရည် နင်မသိဘူး... ခွင်းက မိကြွေနဲ့ပတ်သက်ချင်နေတာ..."

"အ့ဲတော့ မမက ကြွေ... ကိုခွင်းမဏ္႑ိုင်နဲ့ အတူတူရှိနေတယ်လို့ ထင်နေတာလား..."

ကြွေ... စာကျက်နေရင်းကနေ အသက်ကိုပုံမှန်ဖြစ်အောင် မနည်းရှူလိုက်ရလေသည်။ မမနေခြည်သာသိသွားကြည့်ပါလား... ကြွေ ဆက်မတွေးရဲတော့ဘဲ စာထဲကိုအာရုံစိုက်လိုက်လေသည်။ ဒါပေမယ့် သူမမျက်လုံးထဲမှာတော့ ကြည်လင်သန့်ရှင်းနေတ့ဲ သူ့ပုံရိပ်လေးကိုပဲ မြင်ယောင်နေမိတော့သည်။ မင်းသားတစ်ပါးလို ချောမောခန့်ညားတ့ဲ သူ့သွင်ပြင်ကို ကြွေ့မျက်လုံးကနေ ကြိုးစားဖျောက်ပစ်နေရသည်။ မျက်လုံးထဲက ပျောက်သြားပေမယ့် စိတ်ထဲမွာ စြဲနေတော့လည်း ကြွေ ဘာမှမလုပ်တတ်တော့ဘဲ သက်ပြင်းသာချလိုက်မိလေတော့သည်။

စင်ဒရဲလား (Completed)Onde histórias criam vida. Descubra agora