အခန်း(၁၅)

269 5 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၅)💋

နေခြည် အလှပြင်နေရင်းကနေ သူမအဝတ်တွေသိမ်းပေးနေတ့ဲကြွေ့ကို မှန်ထဲကနေ လှမ်းကြည့်လိုက်လေသည်။ ကြွေကတော့ ဘယ်ကိုမှမကြည့်ဘဲ သူမအဝတ်တွေကိုသာ သိမ်းနေ၏။ နေခြည် ကြွေ့ကိုကြည့်ပြီး ဇဝေဇဝါဖြစ်သြားလေသည်။ ဟင့်အင်း... မဟုတ်လောက်ပါဘူး။ မိကြွေ ဒီလောက်ထိငြိမ်သက်နေပုံထောက်ရင် မဟုတ်လောက်ဘူး။ နေခြည် မနေနိုင်စွာဖြင့် ခေါင်းဖြီးနေရင်းကနေ ခေါင်းဘီးကိုချလိုက်ပြီး ကြွေ့ကိုလှည့်ကြည့်လိုက်ကာ

"မိကြွေ..."

ကြွေ မမနေခြည့်အဝတ်အစားတွေသိမ်းပေးနေရင်းကနေ မမနေခြည်ကိုလှည့်ကြည့်လိုက်ပြီး

"ရှင် မမ..."

"နင့်ကို ခွင်း မွေးနေ့ဖိတ်သေးလား..."

ကြွေ မမနေခြည်ကိုကြည့်ကာ ခေါင်းရမ်းလိုက်ပြီး

"ဟင့်အင်း... မဖိတ်ဘူး မမ..."

နေခြည် ကျေနပ်စွာပြုံးလိုက်ပြီး မှန်ထဲကိုပြန်ကြည့်ကာ ခေါင်းဆက်ဖြီးနေလိုက်တော့သည်။ ထင်သားပဲ... ခွင်းလိုလူမျိုးက သူ့ကိုဖိတ်စရာလား။ တန်ရာတန်ရာ ကိုယ်လိုလူမျိုးပဲဖိတ်မွာပေါ့။ သူလိုလူမျိုးကိုဘာလို့ဖိတ်ရမွာလဲ။

"မမနေခြည်... ကြွေ မမအဝတ်တွေသိမ်းပြီးသွားပြီနော် ကြွေ သြားတော့မယ်..."

"အင်း... ဒီည ထမင်းချက်မယ်ဆိုရင် နင့်အတွက်ပဲနင်ချက်... ငါနဲ့ရွှေရည်က မစားတော့ဘူး... ဖေဖေနဲ့မေမေလည်း အပြင်မွာပဲ စားလိမ့်မယ်... ကြားလား..."

"ဟုတ်က့ဲ မမ..."

ကြွေအခန်းထဲကထွက်သြားတော့ နေခြည် သူမကိုယ်သူမ မှန်ထဲကြည့်ပြီး သဘောကျနေတော့၏။ ဖြူဝင်းနေတ့ဲမျက်နှာဟာ ပန်းနုရောင်သမ်းကာ လွပနေတော့သည်။ နှုတ်ခမ်းနီကိုလည်း အနီမရဲတရဲလေးဆိုးထားကာ မျက်ခုံးပေါ်မှာ ခရမ်းနုရောင်ကာချယ်လေးကို တင်ထားသေးသည်။

ရွှေရည်ကတော့ ဘယ်တွေသွားနေမှန်းမသိ။ အခုထိ အိမ်ကိုပြန်မလာသေးပေ။ နေခြည် နာရီကိုကြည့်လိုက်တော့ ညနေ ငါးနာရီထိုးနေပြီ။ ပါတီက ခုနှစ်နာရီမွာစမွာဆိုတော့ ခြောက်ခြဲလောက်တော့အရောက်သွားရမယ်။ အင်း... ရွှေရည့်ကို ဖုန်းဆက်ပြောဦးမှပဲ။ ဒီကောင်မလေး ဘယ်တွေ သဝေထိုးနေမှန်းမသိ။ မှန်တင်ခုံပေါ်ကဖုန်းကိုယူကာ နေခြည် ရွှေရည့်ကို လှမ်းခေါ်လိုက်လေသည်။

စင်ဒရဲလား (Completed)Onde histórias criam vida. Descubra agora