အခန်း(၄)

566 4 0
                                    

💏 စင်​ဒရဲလား 💏
💋အခန်း(၄)💋

"ငါ​ပြောတာ​တွေကို ​သေချာနား​ထောင်​ထား မိ​ကြွေ..."

ကြွေ ​ပျော်​လွန်းလို့ ရင်​​တွေတုန်​​နေခဲ့သည်​။ မမ​နေခြည်​​ပြောတာကို ပြန်​လည်းမ​ပြောနိုင်​ဘဲ ​ခေါင်းပဲငြိမ့်​ပြလိုက်​မိသည်​။

"​ကျောင်းတက်​ရတယ်​ဆိုပြီး ​ကျောင်းမှာ အ​ပေါင်းအသင်းရှာဖို့မစဉ်းစားနဲ့... ဘယ်​သူ​ခေါ်​ခေါ် နင်​ လုံးဝမ​ခေါ်ရဘူး... ​အေး တစ်​​ယောက်​​ယောက်​နဲ့ စကား​ပြော​နေတာ​တွေ့ရင်​​တော့ အ​သေပဲ ကြားလား..."

"ဟုတ်​... မမ​နေခြည်​..."

နေခြည်​က ​ကျောပိုးလွယ်​အိတ်​​သေး​သေး​လေးကို ပခုံး​ပေါ် လက်​နဲ့အသာ​လေးမတင်​လိုက်​ကာ ​ကြွေ့ကိုကြည့်​လိုက်​ပြီး

"​အေး... ​ကျောင်းသွား​ကျောင်းပြန်​လည်း ငါနဲ့​ရွှေရည်​ပဲ နင့်​ကို အကြိုအပို့လုပ်​မယ်​... ​ကျောင်းဆင်းရင်​ အခန်းထဲမှာပဲ​စောင့်​​နေ... ဘယ်​မှမသွားနဲ့... ဘယ်​သူနဲ့မှလည်း စကားမ​ပြောနဲ့ ကြားတယ်​​နော်​..."

"ဟုတ်​ကဲ့..."

ကျောင်း ဆက်​တက်​ရလိမ့်​မယ်​လို့ ​ကြွေ မထင်​ခဲ့မိတာ အမှန်​ပါ။ အခု ဘယ်​လိုလုပ်​ပြီး ​ကျောင်းတက်​ခိုင်းတာလဲ။ အစက​တော့ ​ကြွေ ဆယ်​တန်းကို ဂုဏ်​ထူး​တွေပါကတည်းက ​ကျောင်းဆက်​တက်​ခိုင်းဖို့ကို အားလုံးက ခါးခါးသီးသီးငြင်းခဲ့ကြတာ။ ဘာပဲ​ပြော​ပြော ​ကြွေအရမ်း​ပျော်​တယ်​။ အဲ့ဒီ့အတွက်​ အန်​တီသန္တာတို့ မိသားစုကို ​ကြွေ ​ကျေးဇူးအရမ်းတင်​မိတာပဲ။

"ကဲပါ သမီးတို့​ရေ... သူ့ကိုမှာတမ်း​ခြွေ​နေတာနဲ့ ​ကျောင်း​နောက်​ကျ​နေပါဦးမယ်​... ​ကျောင်းက တစ်​​ကျောင်းထဲပဲဟာ မ​တွေ့မှာကျ​နေတာပဲ..."

"မ​တွေ့မှာစိုးလို့မဟုတ်​ဘူး ​မေ​မေရဲ့... ​နေခြည်​တို့နဲ့မ​တွေ့ဘဲ တခြားသူ​တွေနဲ့ ရင်းနှီးသွားရင်​ ​နေခြည်​တို့အ​ကြောင်း​တွေ ဒီ​ကောင်​မ ​လျှောက်​​ပြောမှာစိုးတာ... ပြီး​တော့ အ​ဆောင်​​တွေက နီးတာလည်းမဟုတ်​ဘူး..."

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang