အခန်း(၁၇)

239 5 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၇) 💋

"လွမ်းလိုက်တာ ကိုကိုရယ်... အခုဆိုရင် ကိုကို ကြွေ့ကိုမေ့လောက်ပြီပေါ့နော်... ကိုကိုမေ့နိုင်ခ့ဲရင်တောင်မွ ကြွေကတော့ ကိုကို့ကို တစ်ဘဝလုံးစာချစ်ခ့ဲတာမို့လို့ မမေ့နိုင်ပါဘူး ကိုကိုရယ်..."

တကယ်ဆိုရင် ကိုကို့အချစ်က ကြွေနဲ့မထိုက်တန်ခ့ဲဘူးဆိုတာကို ကြွေ သိထားခ့ဲပြီးသားပါ။ အ့ဲဒါကြောင့်လည်း ကြွေ လက်မခံခ့ဲတာပေါ့ကိုကိုရယ်။ အခုတော့ကြွေ့ကြောင့် ကိုကိုလည်း ကိုကို့မိဘတွေ ကိုကို့သူငယ်ချင်းတွေရှေ့မှာ မျက်နှာငယ်အရှက်ကွဲခ့ဲရသည်။ ကြွေ့ကြောင့် ကိုကို့မှာ ဂုဏ်တက်စရာဘာအကြောင်းမှမရှိပါဘူး ကိုကို။ ကြွေ့ကိုမေ့လိုက်တာပဲ ကိုကို့အတွက်ကောင်းပါတယ်။

ကြွေ ဝဲလာတ့ဲမျက်ရည်တွေကို ခေါင်းအုံးပေါ်မျက်နှာမှောက်ကာ သုတ်လိုက်၏။ ထို့နောက် ကုတင်ပေါ်ကဆင်းလိုက်ကာ စားပြဲပေါ်မှာထိုင်လိုက်လေသည်။ ဆေးရုံကိုရောက်နေတာ တစ်ပတ်ကျော်နေပြီဖြစ်သည်။ ပျင်းစရာကောင်းလာပေမယ့် သူမအနေနဲ့လည်း သြားစရာနေရာမရှိခ့ဲပေ။ မမနေခြည်က ကြွေ့ကိုအိမ်ပြန်မလာရဘူးတ့ဲ။ ဒါဆို ကြွေက ဘယ်သြားနေရမှာလဲ။ ကြွေ့မှာနေစရာဆိုလို့ အ့ဲဒီ့နေရာတစ်ခုသာပဲရှိတာ။

ကြွေ စာစောင်တွေကိုသာ လှန်ကြည့်နေတာ စာဖတ်ချင်စိတ်က လုံးဝမရှိ။

"ကျွီ..."

တံခါးဖွင့်သံကြားပေမယ့် ကြွေ လှည့်မကြည့်ခ့ဲ။ ကြွေ့ကိုအဖော်လုပ်ပေးတ့ဲကောင်မလေးပဲနေမှာပါ။

"ကြွေ..."

အသံကိုရင်းနှီးသဖြင့် ကြွေ လှည့်ကြည့်လိုက်လေသည်။

"ဟင်... လရောင်..."

ကြွေ့စိတ်ထဲမွာ လရောင်ကိုတွေ့တော့ ပျော်သြားလား ဝမ်းနည်းသြားတာလား... ပြောပြရခက်တ့ဲဝေဒနာတစ်ခုကို ခံစားလိုက်ရလေသည်။ ကြွေ့ကိုအဖော်လုပ်ပေးနေတ့ဲ နုနုလို့ထင်ခ့ဲတာ။ လရောင် ရောက်လာမယ်လို့ ကြွေ လုံးဝမထင်မိခ့ဲ။ ဘယ်လိုလုပ်ပြီးသိသွားတာလဲ။

"ကြွေ... ကြွေရယ်..."

လရောင် ကြွေ့အနီးသို့ ရောက်သြားကာ ကြွေ့ခန္ဓာကိုယ်လေးကို ဆွဲဖက်လိုက်လေတော့သည်။

စင်ဒရဲလား (Completed)Donde viven las historias. Descúbrelo ahora