အခန်း(၁၀)

335 2 1
                                    

💏 စင္ဒရဲလား 💏
💋အခန်း(၁၀)💋

“ကြွေ…”

ကြွေ စာကျက်နေရင်းကနေ သူ့ကိုမော့ကြည့်လာကာ ချက်ချင်းပဲခေါင်းကိုပြန်ငုံ့သွားလေသည်။

“ကျွန်တော် ထိုင်မယ်နော်…”

ကြွေ ဘာမှပြန်မပြောသေးခင် သူ ကြွေနဲ့မျက်နှာချင်းဆိုင်ကခုံမှာ ၀င်ထိုင်လိုက်၏။ ကြွေက ဘာမှပြောမှာမဟုတ်ဘူးဆိုတာကို သူသိတယ်လေ။ အဲ့ဒါကြောင့် ထိုင်လိုက်တာ။

“ကြွေ ကန်တင်းကိုသွားရအောင်လေ… ကျွန်တော် ကြွေ့ကို မုန့်ဝယ်ကျွေးချင်လို့ပါ…”

“ဟင့်အင်း… ကြွေ မစားချင်ဘူး … ကိုလရောင်သွေး….”

လရောင်း ကြွေ့ကိုကြည့်ကာပြုံးလိုက်ပြီး ကျောပိုးလွယ်အိတ်ကို ကြွေ့ရှေ့ကစားပွဲပေါ်မှာ တင်လိုက်ကာ အထဲကနေဖုန်းကိုထုတ်လိုက်လေသည်။

“ကျွန်တော်က သူငယ်ချင်းအနေနဲ့ကျွေးချင်လို့ပါ ကြွေရယ်… သွားရအောင်နော်… ဘာလို့လဲ ကြွေ ကျွန်တော့်ကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးလားဟင်…”

ကြွေ့အကြည့်တွေက သူ့ဆီသို့ အသာအယာလေးရောက်လာကာ ခေါင်းကိုရမ်းပြနေလေ၏။

ကြွေ့မျက်နှာလေးက အမြဲတမ်းဘယ်အချိန်ပဲကြည့်ကြည့် ကြည်လင်ရှင်းသန့်နေတတ်လေသည်။ ကြွေနဲ့ပတ်သက်ပြီး သူ အဲ့ဒါကိုလည်း သဘောကျမိသည်။ ကြွေက ကြွေရုပ်ကလေးလိုချစ်စရာကောင်းသလို စံပယ်လိုလည်းဖြူစင်လွန်းသူတစ်ယောက်။ သူ ကြွေနဲ့ခင်မင်အောင် အတော်လေးကိုကြိုးစားထားရသည်။

ဘယ်လိုပဲ သူ့အစ်မတွေက သူငယ်ချင်းတွေဖြစ်ချင်စေချင်ပါစေ သူကိုယ်တိုင်က ကြွေစိတ်ရင်းနဲ့ခင်တာကိုပဲ လိုချင်ခဲ့တာ။ အဲ့ဒါကြောင့် သူကြိုးစားနေတာပေါ့။
သူ့အစ်မတွေက သူ့ကို ကြွေနဲ့ရင်းနှီးစေချင်တယ်ဆိုတာဟာလည်း တခြားကြောင့်မဟုတ်။ ကိုကိုတို့နဲ့ပဲပတ်သက်နေတယ်ဆိုတာကို သူသိသည်။ ကြွေ့အစ်မနှစ်ယောက်ထဲကတစ်ယောက်က ကိုကို့ကို သဘောကျနေတယ်ဆိုတာ သူသိသည်။ အကြီးဆုံးတစ်ယောက်ကတော့ ကိုခွင်းကို သဘောကျနေတာ။ အဲ့ဒါကြောင့်လည်း ကြွေ့ကို သူနဲ့ရင်းနှီးအောင်လုပ်ပေးနေတာ။ ပြီးတော့မှ သူကနေတဆင့် ကိုကိုတို့နဲ့ရင်းနှီးအောင်လုပ်ကြမှာ။ သူသိတာပေါ့။ ကြွေကတော့ ရိုးသားလွန်းသူမို့ ဘာကိုမှမသိပေ။

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang