အခန်း(၁၆)

240 5 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၆) 💋

"မတွေ့ဘူး... ဘယ်မွာမွ ရှာမတွေ့ဘူး ခွင်း..."

ခွင်း ဖုန်းပြောနေရင်းကနေ စားပြဲပေါ်က စာအုပ်ကို အဓိပ္ပာယ်မ့ဲစွာ ငေးကြည့်နေမိလေသည်။ ဒါပေမယ့် စိတ်ထဲမွာကတော့ အတွေးပေါင်းများစွာဖြင့်။

"ဟယ်လို ခွင်း..."

"ဟင်... ဪ... အင်း ဆောရီး ရဲရင့်... ငါအတွေးလွန်သွားခ့ဲတယ်... အ့ဲဒီ့အိမ်မှာလည်း မရှိဘူးပေါ့..."

"ဟင့်အင်း ငါ တစ်နေကုန်နီးပါး အ့ဲဒီ့အိမ်ရှေ့မှာစောင့်ကြည့်နေခ့ဲတာ..."

"သူတို့တွေ ပြောင်းသွားကြတာများလား ရဲရင့်..."

"မဟုတ်ဘူး ခွင်း... ကြွေကလွဲပြီး တစ်ခြားသူတွေအားလုံးကို ငါတွေ့တယ်..."

ခွင်း သက်ပြင်းကို လေးပင်စြာ ချလိုက်မိလေသည်။ ကျောင်းမလာတာလဲတစ်ပတ်ရှိနေပြီ။ စိတ်တွေအရမ်းပူနေပြီ။ မွေးနေ့ပြီးကတည်းက မတွေ့တော့တာ။ ကြွေရယ် ကိုယ့်ရင်ထဲမွာ မီးတွေတောက်လောင်နေပြီကွာ...

"မင်း ဘာဆက်လုပ်မွာလဲ...  ခွင်း..."

"ငါမပြောတတ်ဘူး ရဲရင့်ရာ... ကြွေ တစ်ခုခုဖြစ်သြားမွာကိုပဲ ငါ ကြောက်နေတာ... ကြွေသာ တစ်ခုခုဖြစ်သွားကြည့် ငါ ဘယ်သူ့ကိုမှ ခွင့်လွှတ်မှာမဟုတ်ဘူး... ငါလည်း ခံစားနိုင်မှာမဟုတ်ဘူးကြာ..."

"ငါ နားလည်ပါတယ်ကြာ..."

ကျောင်းလည်းနှစ်လပိတ်ပြီ။ ကြွေ့ကို ကျောင်းမွာပဲတွေ့နိုင်တာ။ ဒါတောင် လွတ်လွတ်လပ်လပ်မဟုတ်ခ့ဲ။ အခုလည်း သူတို့တွေ ကြွေ့ကိုဘာလုပ်ထားကြလို့ ကြွေ အိမ်ထဲကနေ အိမ်ပြင်မထွက်ရတာလဲ။ သူတို့ ဘယ်လောက်တောင် နှိပ်စက်ထားကြလို့လဲ။ ကြွေ အခုလိုဖြစ်ရတာ သူ့ကြောင့်လား။ သူ့ကြောင့်ကြွေ အခုလိုအနှိပ်စက်ခံရတာလား။ ဟင့်အင်း... သူ့မှာအပြစ်ရှိတယ်ဆိုဦးတော့ ချစ်တတ်တ့ဲသူ့နှလုံးသားလေးမှာတော့ အပြစ်မရှိပါဘူး။ သူ ကြွေ့ကိုချစ်သလို ကြွေလည်း သူ့ကိုချစ်တာပဲလေ။

"ခွင်း... ငါ အ့ဲဒီ့အိမ်ထဲဝင်ပြီးမေးပေးရမလား..."

"ဟင်... မင်းက ဘယ်လိုမေးပေးမှာလဲ..."

စင်ဒရဲလား (Completed)Where stories live. Discover now