အခန်း(၂၉)

253 4 0
                                    

💏 စင်ဒရဲလား 💏
💋အခန်း(၂၉)💋

ကြွေ အိမ်ပေါ်ကနေ ခြံထဲက ရေကူးကန်ထဲမှာရေကူးနေတဲ့ကိုကို့ကိုလှမ်းကြည့်ကာ ပြုံးလိုက်မိ၏။
"ညောင်..."
ဘေဘီလေးရဲ့အသံကိုကြားသဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ ဘေဘီလေးက သူမအနားသို့ ရောက်လာခဲ့သည်။
"လာပါဦး ဘေဘီလေးရယ်..."
ဘေဘီလေးက သူမပေါ်သို့တက်လာကာ သူမမျက်နှာကို သေချာကြည့်နေလေသည်။
"ဘေဘီ နင့်သခင်က အရမ်းချောတာပဲနော်..."
"ညောင်... ညောင်..."
ဘေဘီက သူမပြောတာကို ထောက်ခံသည့်အလား တညောင်ညောင်အော်နေ၏။ သူမ ရေကူးနေတဲ့ကိုကို့ကိုလှမ်းကြည့်လိုက်ကာ ပြုံးလိုက်မိပြန်သည်။
ကြွေ့လောက်ကံကောင်းတဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိတော့မှာတောင်မဟုတ်ပါဘူး ကိုကိုရယ်။ ကြွေလေ... အရမ်းပျော်တာပဲ။ ကြွေ့ကြောင့် ကိုကိုအခက်အခဲတွေအများကြီးကြုံခဲ့ရလည်း ကြွေ့ကိုမစွန့်လွှတ်ခဲ့ဘူး။ အဲ့ဒီ့အတွက် ကြွေကျေနပ်ပါတယ်။
ကြွေ ကိုကို့ကိုကြည့်လိုက်တော့ ကိုကိုက ရေထဲကနေ ကိုယ်ဖော့ကာ ကြွေ့ကိုလက်ယပ်ပြီးခေါ်နေ၏။
ဘာဖြစ်လို့လဲ... ကိုကိုတစ်ခုခုလိုလို့လား။ ကြွေ အောက်ကိုဆင်းလိုက်ကာ ရေကူးကန်နားသို့ ကပ်သွားလိုက်သည်။
"ကိုကို ဘာဖြစ်လို့လဲ..."
ကိုကိုက ကြွေ့ကိုပြုံးကာကြည့်ပြီး
"ကိုကိုနဲ့ရေကူးရအောင်..."
ကြွေ မျက်လုံးပြူးသွားကာ
"ဟင်.. ကြွေမှမကူးတတ်တာ ကိုကိုကလည်း..."
"ကိုကိုသင်ပေးမှာပေါ့ လာ..."
"ဟင့်အင်း ကြွေမကူးချင်ဘူး..."
"ကိုကိုတစ်ယောက်ထဲမို့လို့ လာပါဆိုကွာ..."
ကြွေ ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်း... ကိုကိုကူးပါ ကြွေမကူးချင်လို့နော်..."
ကိုကိုက ငြိမ်သွားကာ ကြွေ့ကိုသေချာကြည့်နေ၏။ ထို့နောက် ခေါင်းငြိမ့်လိုက်ပြီး
"အင်းပါ ဒါဆိုလည်း ကိုကို့ကို ဟိုဆပ်ပြာခြင်းလေးယူပေးဦး..."
"ဟုတ်ကဲ့ ကိုကို..."
ရေကူးကန်ဘောင်ပေါ်တင်ထားတဲ့ဆပ်ပြာခြင်းကိုကြည့်ကာ ပြောလိုက်၏။ တကယ်ဆိုရင် ကိုကို ကိုယ့်ဟာကိုယ်သွားယူလိုက်လည်းရတာကို ဘာလို့ကြွေ့ကိုများခိုင်းတာလဲ။ ကိုကိုမမှီတာမှမဟုတ်ဘဲ။
ကြွေ ဆပ်ပြာခြင်းကိုယူကာ ရေကူးကန်ဘောင်နားကပ်လိုက်ပြီး ကိုကို့ကိုလှမ်းပေးလိုက်လေသည်။
"ကိုကို..."
ကိုကိုကြွေ့ကိုကြည့်ကာ ရယ်လိုက်ပြီး ရေကူးကန်ဘောင်နဲ့နီးရာသို့ကပ်လာ၏။ ကြွေကလည်း အရှေ့သို့နည်းနည်းတိုးလိုက်ကာ ကိုကို့ကိုပေးလိုက်ရာ ကိုကိုက ကြွေ့လက်ကိုဆွဲကာ ရေကူးကန်ထဲသို့ဆွဲချလိုက်တော့သည်။
"အို..."
ကြွေ လန့်သွားကာ ကိုကို့ပခုံးကိုဆွဲဖက်ထားလိုက်တော့သည်။ ဆပ်ပြာခြင်းသည်လည်း ရေပေါ်မှာ ပေါလောပေါ်နေ၏။
"ကိုကိုနော်..."
ကိုကိုက သူမကိုပြန်ဖက်ထားရင်းကနေ ရယ်နေ၏။
"ကြွေ ရေမကူးတတ်ပါဘူးဆို..."
"ဘာဖြစ်လဲ ကိုကို့ကိုအခုလိုဖက်ထားပေါ့..."
သူမလေးအရမ်းလန့်သွားတာကို ခွင်းသိသည်။ အဲ့ဒါကြောင့်လည်း သူ သူမလေးကို တင်းကြပ်စွာ ပြန်ဖက်ထားလိုက်၏။ တကယ်တော့ သူတောင်ဖက်စရာမလိုခဲ့။ သူမ သူ့ကိုဖက်ထားတာ သူတောင် တော်တော်နဲ့ရုန်းမရခဲ့။
သူ သူမမျက်နှာလေးကိုကြည့်လိုက်တော့ သူမကလည်း သူ့ကိုအလန့်တကြားပြန်မော့ကြည့်နေလေသည်။ သူ မနေနိုင်စွာဖြင့် သူမရဲ့နဖူးလေးကို အသာလေးနမ်းလိုက်ရာ သူမက ခေါင်းလေးငုံ့သွားပြီး
"အို... ကိုကိုနော်..."
ကိုကို့အနမ်းကြောင့် သူမခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသွားခဲ့တေတာ့သည်။
"ဘာဖြစ်လို့လဲ ချာတိတ်ရယ်... ချာတိတ်က ကိုကို့မိန်းမတောင်ဖြစ်နေပြီပဲ..."
"ကြွေရှက်တယ်..."
"ကိုကို့ရင်ခွင်ထဲမှာပုန်းနေပေါ့..."
" ... "
သူမဆီကနေ ရယ်သံလေးတွေထွက်သွားတော့ ခွင်းလည်းပြုံးလိုက်မိ၏။ ကြွေနဲ့မင်္ဂလာဆောင်ပြီးမှပဲ သူ့ရင်တွေအေးသွားရတော့သည်။ လရောင်လည်းနားလည်လို့ နေခြည်ဦးရဲ့ရန်ကလည်း ကင်းဝေးသွားပြီ။ ဒါပေမယ့် နေခြည်ဦးတို့ မိသားစုကတော့ ငြိမ်သက်နေတာ မင်္ဂလာပွဲပြီးကတည်းကဖြစ်သည်။ တကယ်ပဲ သူတို့တွေ အသိတရားရသွားကြတာလား။
"ကြွေ... ကိုယ့်ကိုကြည့်ပါဦး..."
ကြွေ ကိုကို့ကိုမရဲတရဲလေးမော့ကြည့်လိုက်ကာ
"ဟုတ် ကိုကို... ဘာပြောမို့လဲ..."
"ကိုယ့်ကိုချစ်လား..."
"ဟင်..."
ကြွေ ကိုကို့မေးခွန်းကိုထူးဆန်းသလိုခံစားလိုက်ရသည်။
"ချစ်တာပေါ့ကိုကိုရယ်... မချစ်ရင် ကိုကို့ကိုကြွေလက်ထပ်ပါ့မလား... အခုဆိုရင် ကိုကိုကကြွေ့ဘဝဖြစ်နေပါပြီ..."
"ကိုယ်လည်း တူတူပါပဲကြွေရယ်... ကိုယ့်ဘဝမှာ ကြွေသာမရှိရင် ကိုယ်အသက်ရှင်နိုင်မှာမဟုတ်ဘူး... ကိုယ် ကြွေ့အတွက်စိတ်ပူနေခဲ့ရတာ... နောက်ထပ်စိတ်ပူအောင် မလုပ်နဲ့တော့နော်..."
"ကိုကို့ဆီက ခွင့်ပြုချက်မရဘဲ ကြွေဘာမှမလုပ်ပါဘူး ကိုကိုရယ်..."
"ကိုယ့်ဇနီးလေးက လိမ်မာလိုက်တာ..."
"အို... ကိုကိုကလည်း..."
နွေးထွေးတဲ့အနမ်းတွေက နဖူးပြင်ပေါ်ကျလာတော့ ကြွေ ခေါင်းငုံ့လိုက်ကာ ကိုကို့ရင်ခွင်ကျယ်ကြီးထဲသို့ တိုးဝင်လိုက်တော့သည်။ ဒီရင်ခွင်သာ သူမ ထာဝရနားခိုတော့မယ့်ရင်ခွင်တစ်ခုပါ။
ခွင်း ကြွေ့ကိုပြန်ပြီး တင်းကြပ်စွာဖက်ထားလိုက်သည်။ ကြွေ့ကို အမြဲတမ်းအနားမှာထားတော့မှာ။ သူ့ရဲ့အနား... သူ့ရဲ့ရင်ထဲကနေ ဘယ်သူမှဆွဲမထုတ်သွားရဘူး။ ကြွေက သူ့အသက်... သူ့နှလုံးသား... သူ့ဘဝမှာကြွေသာမရှိရင် သူလည်းသေမှာပဲ...။ သူ ကြွေ့ကို အဲ့လောက်ထိချစ်ခဲ့တာ...။
💏💏💏💏💏💏💏
"မင်းဘယ်လိုသဘောရလဲ..."
တစ်ချို့လူတွေက သူ့ကိုကြည့်နေကြသဖြင့် သူ ဦးထုပ်ကို အောက်သို့ထပ်ပြီး ငိုက်စိုက်လုပ်လိုက်၏။ ဘယ်သူ့မျက်နှာကိုမှလည်းမော့မကြည့်ခဲ့။
"ကျွန်တော် ကြွေ့ကို စွန့်လွှတ်လိုက်ပါပြီ မနေခြည်ဦး..."
"မင်းတကယ်ပြောတာလား လရောင်သွေး..."
သူ့စကားကိုမယုံသလိုပြန်မေးနေတဲ့ မနေခြည်ဦးကို သူ မော့ကြည့်လိုက်ပြီးမှ ချက်ချင်းပြန်ငုံ့လိုက်ကာ
"ဟုတ်ပါတယ်... အဲ့ဒါကြောင့် မနေခြည်ဦး ပြောသလို ကျွန်တော်မလုပ်နိုင်ပါဘူး..."
"မင်း ကြွေ့ကိုမချစ်ဘူးလား လရောင်..."
လရောင် သူမကို ပြန်ပြီးမော့ကြည့်လိုက်ကာ
"ကြွေ့ကို ကျွန်တော့်အသက်ထက်တောင် ပိုချစ်တယ်..."
"ဒါဆို မင်း ဘာလို့ ကြွေ့ကို စွန့်လွှတ်လိုက်တာလဲ..."
"အချစ်နဲ့ပတ်သက်ပြီး လူအမျိုးမျိုးမှာ ခံယူချက်အမျိုးမျိုးရှိကြတယ်ဆိုတာ မနေခြည်ဦးလက်ခံလား..."
"အင်း... လက်ခံတယ်... တို့တောင် ခွင်းတစ်ယောက်ထဲကိုပဲ အခုချိန်ထိ စွဲစွဲလမ်းလမ်းချစ်နေခဲ့တာ..."
"ဟုတ်တယ်... ဒါဆို မနေခြည်ဦးက ကိုခွင်းကိုအခုချိန်ထိ ပိုင်ဆိုင်ချင်သေးတာပေါ့..."
"ဟုတ်တယ်... ခွင်းကို တို့ပဲပိုင်ရမယ်..."
"ဒါဆို မနေခြည်ဦးရဲ့အချစ်က အတ္တကြီးတာပဲ... ကြွေ့ကိုချစ်တဲ့ ကျွန်တော့်ရဲ့အချစ်ကတော့ အဲ့လိုမဟုတ်ဘူးဗျ..."
နေခြည် လရောင်ရဲ့မျက်နှာကို အံ့သြတကြီးလေး ငေးကြည့်နေ၏။ လရောင်ရဲ့မျက်နှာဟာ ဟိုအရင် စတွေ့ခါစတုန်းကလို ပြောင်ချော်ချော်မဟုတ်တော့... ရင့်ကျက်တည်ငြိမ်တဲ့လူတစ်ယောက်လို တည်တန့်နေခဲ့သည်။
"ကျွန်တော် ကြွေ့ကိုချစ်တယ်... ကြွေ့ကိုပျော်စေချင်တယ်... အဲ့ဒါကြောင့် ကျွန်တော်ခံယူထားတဲ့အချစ်ရဲ့အဓိပ္ပါယ်က ကိုယ်ချစ်ရတဲ့သူကို မပိုင်ဆိုင်ရရင်နေပါစေ...သူပျော်ရွှင်နေတာကိုပဲ မြင်ချင်ခဲ့တာ... အခု ကြွေပျော်နေတာကိုမြင်ရတော့ ကြွေ့ကိုစွန့်လွှတ်လိုက်ရတာ ကျွန်တော်နောင်တမရတဲ့အပြင် ကျေနပ်မိတယ်..."
သူမမျက်နှာဟာ သိသာစွာ ပျက်ယွင်းသွားတော့သည်။ သူမက ပေးဆပ်ချင်ခဲ့သူမဟုတ်ဘဲ ရယူပိုင်ဆိုင်ချင်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တာကိုး။
"ပိုင်ဆိုင်ရမှ အချစ်လို့ခေါ်တာမှမဟုတ်တာ မနေခြည်ဦးရယ်... ကိုခွင်းကို မပိုင်ဆိုင်ချင်ပါနဲ့တော့... သူတို့တွေဘဝသာယာနေပြီပဲ ထပ်ပြီးတော့မနှောင့်ယှက်ပါနဲ့တော့ဗျာ..."
"အဲ့ဒီ့တော့ မင်းက တို့ကမ်းလှမ်းတာကို ငြင်းပယ်လိုက်တာပေါ့..."
လရောင် ခေါင်းငြိမ့်ကာ မတ်တပ်ရပ်လိုက်ပြီး
"ဟုတ်ပါတယ်... ကျွန်တော် အဲ့လိုအောက်တန်းကျတဲ့လုပ်ရပ်မျိုးကို ဘယ်တော့မှမလုပ်ဘူးဗျ... မနေခြည်ဦးလည်းမလုပ်ပါနဲ့ ... နောက်ပြီးတော့ ကြွေတို့နဲ့ပတ်သက်ပြီး မနေခြည်ဦး ဘာပဲလုပ်လုပ် ကျွန်တော် ဒီအတိုင်းကြည့်နေတော့မှာမဟုတ်ဘူးဆိုတာလည်း မှတ်ထားပေးပါ... ကျွန်တော် အလုပ်ကိစ္စလေးရှိသေးလို့ သွားတော့မယ်..."
သူမကိုကျောခိုင်းကာထွက်သွားတဲ့လရောင်ရဲ့ကျောပြင်ကိုကြည့်ကာ နေခြည် လက်သီးဆုပ်လိုက်မိ၏။
"တောက်... ငါ့ကိုများ..."
သူမ အံပါကြိတ်လိုက်မိတော့သည်။
ငါက နင့်လို သူရဲဘောကြောင်တဲ့သူမျိုးမဟုတ်ဘူး လရောင်သွေး... ငါက ငါဖြစ်ချင်တာကို မရရအောင်လုပ်တတ်တဲ့သူ... ကြည့်ထား ငါဖြစ်ချင်တာတွေ ဖြစ်လာစေရမယ်...
သူမကို ဘေးစားပွဲက လူတွေကလည်း သတိထားလာမိကြသဖြင့် သူမ တခြားဘက်သို့ လှည့်လိုက်ရ၏။
လရောင်သွေးက ဘာလို့အခုလိုမျိုး ပြောင်းလဲသွားရတာလဲ။ သူ မိကြွေကို တကယ်စွန့်လွှတ်လိုက်တာတော့ သေချာတယ်။ ဘာလို့ ဒီလောက်တောင် ပြောင်းလဲလွယ်သွားရတာလဲ။ လရောင် အရင်လိုမျိုးမဟုတ်တော့ဘူး။
အခု မိကြွေကို ဒုက္ခပေးရင် သူက ဝင်ပါလာဦးမှာ။ ဘယ်လိုလုပ်ရမလဲ။ သူ့ကို ဘယ်လိုအာရုံလွှဲရမလဲ။ စဉ်းစားစမ်း နေခြည်... မိကြွေကို နင် လက်စားချေချင်တယ်မို့လား... စဉ်းစား... စဉ်းစား မိကြွေကို ဒုက္ခရောက်အောင် နင် ဘယ်လိုလုပ်မှာလဲ... သာမန်နာကျင်တာလောက်နဲ့တော့ မကျေနပ်နိုင်ဘူး။ ခွင်းတစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာက နာကျင်ရုံနဲ့အဆုံးမသတ်ပေးနိုင်ဘူး။ ဟား... ဟား... တွေ့ကြတာပေါ့ မိကြွေရယ်... နင် ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်။
💏💏💏💏💏💏💏
ကားပေါ်ရောက်တာတောင် သူ ကားစက်ကိုမနှိုးမိသေး။ ကြွေ့အတွက် စိုးရိမ်မှုတွေ ပြန်ပေါ်လာခဲ့ပြန်ပြီ။ အဲ့ဒီ့မိန်းမ ဘာတွေလုပ်ဦးမှာလဲဆိုတာ တွေးလို့မရခဲ့။ မြေခွေးတစ်ကောင်လို ကောက်ကျစ်ယုတ်မာတဲ့သူကို ဘယ်သူကမှ အသိတရားရအောင် မလုပ်ပေးနိုင်ကြဘူးလား။
ဟူး... ရင်မောလိုက်တာကြွေရယ်။ ကိုယ် ဘယ်လိုလုပ်ပေးရမလဲ။ ကြွေ့ကို သူက ဘာတွေလုပ်မှာလဲဆိုတာ ကိုယ်စဉ်းစားလို့မရဘူး။ သူ ဘာလို့အဲ့လောက်တောင် ယုတ်မာရတာလဲ။ ဟင့်အင်း မဖြစ်ဘူး... အဆိုးဆုံးအခြေအနေတစ်ခုကိုတွေးပြီး ကြွေ့အတွက် လုပ်စရာရှိတာတော့လုပ်ပေးထားရမယ်။ ဒါမှစိတ်ချရမှာ။
လရောင်ခေါင်းထဲမှာ ကြွေ့အတွက် အန္တရာယ်ကင်းမဲ့ အစီအစဉ်တွေကိုဆွဲလိုက်တော့သည်။ ထို့နောက် တစ်စုံတစ်ခုကိုတွေးမိသွားကာ မျက်နှာပျက်သွားလေတော့သည်။
"အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်တောင် ဒါဟာ ကြွေပျော်ရွှင်ဖို့အတွက်ပဲ... ငါဘာလို့မလုပ်နိုင်ရမှာလဲ..."
ထို့နောက် မျက်နှာမှာ ကျေနပ်သောအပြုံးတို့ စွန်းထင်းသွားပြန်တော့သည်။ ဒါပဲလေ... ဒါဟာ ငါခံယူထားတဲ့အချစ်ဆိုတဲ့အရာပါပဲ...
💏💏💏💏💏💏💏

#####
အိမ်မက်ကြယ်(ခ)ကြယ်လေး

စင်ဒရဲလား (Completed)Onde histórias criam vida. Descubra agora