အခန်း(၁၄)

240 6 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၁၄) 💋

"ကိုကို..."

သက်တန့်စာရေးနေရင်းကနေ အပေါက်ဝမှာမတ်တပ်ရပ်နေတ့ဲ ညီ့ကိုလှမ်းကြည့်လိုက်ကာ

"ဝင်ခ့ဲလေ ညီရဲ့... "

လရောင် ခေါင်းငြိမ့်ပြီး အထဲကိုဝင်လာလိုက်သည်။ ကိုကိုက စားပွဲမှာထိုင်ကာ စားရေးနေသဖြင့် သူ ကိုကို့ကုတင်ပေါ်မှာ ပက်လက်လှန်လိုက်ကာ ကိုကို့ကို စောင်းငဲ့ကြည့်လိုက်ပြီး။

"ကိုကို... ညီတစ်ခုလောက်မေးချင်လို့..."

ကိုကိုက စာရေးမပျက်သလို သူ့ကိုလည်း တစ်ချက်မှလှည့်မကြည့်ဘဲ

"အင်း... မေးလေ ညီ..."

"ကိုခွင်းမွေးနေ့အတွက် ကြွေ့ကိုဖိတ်သေးလား..."

ရုတ်တရက် ကိုကိုက စာရေးတာရပ်သွားပြီး သူ့ကိုလှည့်ကြည့်လာကာ မျက်မှန်ကိုပင့်တင်လိုက်လေသည်။

"ဟင်... ဘာလို့လဲ ညီ..."

"ဘာလဲ... ကိုခွင်း ကြွေ့ကိုဖိတ်ထားလို့လား..."

ကိုကိုက သူ့ဆီကအကြည့်တွေကို ဖယ်ရှားလိုက်ပြီး ခေါင်းရမ်းပြကာ

"ဟင့်အင်း... မဖိတ်ပါဘူး... ခွင်းက အ့ဲဒီ့ကောင်မလေးကို ဘာလို့ဖိတ်ရမွာလဲ..."

သူ ကိုကို့ဆီကအကြည့်တွေကိုလွှဲလိုက်ပြီး မျက်လုံးတွေကို တင်းတင်းကြပ်ကြပ်ပိတ်ပစ်လိုက်လေသည်။ ဟုတ်ပါတယ်... ကိုခွင်းက ကြွေ့ကိုဖိတ်စရာအကြောင်းမွ မရှိတာ။ ဖိတ်တယ်ပဲထားပါဦး... ကြွေ့အစ်မတွေက လက်ခံမှာမဟုတ်။

သက်တန့် ညီ့ကိုလှမ်းကြည့်လိုက်ကာ

" ညီ... ဖေဖေရှိလား..."

လရောင် မျက်လုံးပြန်ပွင့်လာပြီး ကိုကိုကို့ကြည့်လိုက်ကာ

"ဖေဖေနဲ့မေမေ ကိုခွင်းတို့အိမ်သွားတယ် ကိုကို... ကုမ္ပဏီကိစ္စနဲ့လို့ပြောတာပဲ... ကုမ္ပဏီက ဘာဖြစ်နေလို့လဲ ကိုကို..."

သက်တန့် ရေးလက်စစာအုပ်ကိုပိတ်လိုက်ပြီး ထိုင်ခုံကို လရောင်ဘက်ကိုလှည့်လိုက်လေသည်။

"ကုမ္ပဏီမှာ အလွဲသုံးစားလုပ်တ့ဲကိစ္စပေါ်နေလို့တ့ဲ..."

"ဟင်... ကိုခွင်းရဲဖေဖေ ဦးမင်းခေါင်ကျော်က မသိလို့လား..."

စင်ဒရဲလား (Completed)Where stories live. Discover now