အခန်း(၉)

264 2 0
                                    

💏 စင်​ဒရဲလား  💏
💋အခန်း(၉)💋

"သနပ်​ခါးကို ဒီထက်​ထူ​အောင်​ လိမ်းလို့မရ​တော့ဘူးလား..."

မမ​နေခြည်​က ​ကြွေ့ကိုခါး​ထောက်​ပြီးကြည့်​ကာ ​ပြောလိုက်​​တော့ ​ရွှေရည်​ ​ကြွေ့ကိုကြည့်​ကာ ရယ်​ချင်​စိတ်​ကို မနည်းမြိုသိပ်​ထားလိုက်​ရသည်​။ ​ကြွေ့မျက်​နှာက မမရိုက်​ထားသဖြင့်​ ဒဏ်​ရာ​တွေကို သနပ်​ခါးနဲ့ဖုံးထားရသည်​။ ထူပိန်း​နေတာ​တောင်​ ​ကြွေ့မျက်​နှာက အနည်းငယ်​​တော့ သိသာ​နေ​သေး၏။

"​မော့စမ်း မျက်​နှာ..."

နေခြည်​က ​ကြွေ့မျက်​နှာကိုကိုင်​ကာ ဆွဲ​မော့လိုက်​​လေသည်​။

"အ..."

ကြွေက နာသွားကာ ​အော်​လိုက်​​တော့ ​နေခြည်​က လက်​ကိုဖယ်​လိုက်​ပြီး

"ဖြစ်​​နေလိုက်​တာ... သွား သနပ်​ခါး သွားထပ်​လူး..."

ကြွေ အိမ်​ထဲသို့ မြန်​မြန်​ဝင်​သွား​လေ​တော့သည်​။ သနပ်​ခါး​တွေလိမ်းရလွန်းလို့ မျက်​နှာမှာလည်း ထူပိန်း​နေခဲ့ပြီ။ ဒဏ်​ရာက တဆစ်​ဆစ်​ကိုက်​​နေသဖြင့်​ စကား​တောင်​ မ​ပြောနိုင်​ခဲ့။ ဝဋ်​​ကြွေးလို့​ပြောရ​အောင်​လည်း ​ကြွေ သူတစ်​ပါးအ​ပေါ်မှာ တစ်​ခါမှ မနှိပ်​စက်​ခဲ့ဖူးခဲ့ပါ။ လူလူချင်းမ​ပြောနဲ့ ပုရွက်​ဆိတ်​တစ်​​ကောင်​တစ်​​လေကို​တောင်​မှ ​ကြွေ သတ်​ခဲ့ဖူးတာမဟုတ်​။ ဒါကို ဘယ်​လိုဝဋ်​​ကြွေးလို့များ​ခေါ်ရမလဲ။

"မပြီး​သေးဘူးလား မိ​ကြွေ..."

"ဟုတ်​ လာပြီ မမ​နေခြည်​..."

ကြွေ အမြန်​​လေးလူးကာ အပြင်​ကိုထွက်​လာလိုက်​သည်​။

"မျက်​နှာ​မော့..."

မမ​နေခြည်​လက်​ ​ကြွေ့မျက်​နှာဆီမ​ရောက်​​သေးခင်​ ​ကြွေ မျက်​နှာကို​မော့​ပေးလိုက်​သည်​။

"အင်း မဆိုးပါဘူး.. ကား​ပေါ်တက်​​တော့..."

သူတို့​တွေကား​ပေါ်တက်​လိုက်​​တော့ မမ​ရွှေရည်​က ကားကို​မောင်း​တော့၏။

"​ကျောင်း​ရောက်​ရင်​ ကန်​တင်းကိုသွားမယ်​... ကန်​တင်းမှာ လ​ရောင်​​သွေး နင့်​ကို​စောင့်​​​နေလိမ့်​မယ်​ မိ​ကြွေ... သူနဲ့နင်​ ဒီ​နေ့ကစပြီး သူငယ်​ချင်းဖြစ်​သွားပြီ..."

စင်ဒရဲလား (Completed)Donde viven las historias. Descúbrelo ahora