အခန်း(၂၄)

237 4 0
                                    

💏 စင်ဒရဲလား 💏
💋အခန်း(၂၄)💋

တစ်ယောက်လက်တစ်ယောက်ဆွဲကာ မြက်ခင်းပြင်စိမ်းစိမ်းနုနုပေါ်မှာ ပြေးလွှားနေခဲ့ကြသည်။ သက်တန့်ရောင်စုံဟာလည်း ပန်းရောင်စုံပွင့်နေတဲ့ပန်းဥယျာဉ်ကြီးတစ်ခုနဲ့ အလားတူစွာပင်။ သူ သူမကိုကြည့်ကာ ပြုံးလိုက်တော့ သူမဆီကနေလည်း သာယာချိုမြိန်သောအပြုံးတွေ ကြွေဆင်းလာကြ၏။

မပြုံးလိုက်ပါနဲ့လားလို့ သူတားလိုက်ချင်ပေမယ့်လည်း သူမရဲ့အပြုံးကိုကြည့်ကာ ပွင့်လန်းလာကြတဲ့ပန်းတွေကိုသနားသောအားဖြင့် သူ မတားရက်ခဲ့ပေ။

လေထဲမှာမျောလွင့်နေတဲ့ သူမရဲ့ဆံပင်လေးတွေကို ထိတွေ့နေကြတဲ့ လေပြေတွေကို သူ သဝန်တိုမိသည်။ သူမ နားရွက်ကြားလေးက နေကြာပန်းလေးကို သူ မနာလိုပေ။ မြက်ခင်းပြင်ပေါ်မှာအတူတူထိုင်လိုက်ကြတော့ သူမလက်ချောင်းလေးတွေနဲ့ထိတွေ့နေတဲ့ မြက်စိမ်းစိမ်းလေးတွေကိုလည်း သူ မကျေနပ်မိ။ သူမနဲ့ပတ်သက်သမျှအရာအားလုံးကို သူတစ်ယောက်ထဲသာ မူပိုင်ဖြစ်ချင်သည်။ အတ္တကြီးတယ်ပဲဆိုဆို သူ ကြွေ့ကို အဲ့လောက်ထိချစ်တာ။

သူမက မြက်ကလေးတွေကို ယုယုယယထိကိုင်နေရင်းကနေ သူ့ကိုကြည့်ပြီး ရယ်ပြနေလေသည်။ မရယ်ပါနဲ့လား ကြွေရယ်... သူတားခွင့်မရှိခဲ့ပါ။ သူမက သူ့ကိုကြည့်ကာ မတ်တပ်ရပ်လိုက်လေသည်။ ထို့နောက် နှုတ်ဆက်ခွဲခွာခါနီးလူတစ်ယောက်လို သူ့ကိုကြည့်ကာ တာ့တာပြနေ၏။ ရုတ်တရက် သူ ဆွံ့အသွားကာ သူမကို တအံ့တသြငေးကြည့်နေမိသည်။ သူမက တဖြည်းဖြည်း သူ့ကိုကျောခိုင်းလိုက်သည်။ သူ သူမကိုအော်ခေါ်နေပေမယ့် ထူးဆန်းစွာ သူ့ပါးစပ်ကနေ ဘာအသံမှထွက်မလာခဲ့။ သူ့ ခြေ လက်တွေဟာလည်း လှုပ်ရှားလို့မရခဲ့ပေ။ သူမနဲ့သူ ပိုပြီးဝေးကွာသွားခဲ့လေသည်။ သူ ကြိုးစားပြီးအားထုတ်ကာ သူမနာမည်ကိုအော်ခေါ်လိုက်မိသည်။

"ကြွေ... ကြွေ..."

"လရောင်... လရောင်..."

သူငယ်ချင်းဖြစ်သူရဲ့ အလန့်တကြား လှုပ်နှိုးလိုက်တဲ့အသံနဲ့ သူ့အသံဟာ ရောနှောသွားခဲ့သည်။

"ဟင်... ငါ အိမ်မက်မက်နေတာပဲ..."

"လရောင်... အိမ်ရှေ့မှာ ကားသံကြားရတယ်... ဘယ်သူလဲမသိဘူး..."

စင်ဒရဲလား (Completed)Onde histórias criam vida. Descubra agora