အခန်း(၂၃)

208 4 0
                                    

💏 စင်ဒရဲလား 💏
💋 အခန်း(၂၃) 💋

"တီ... တီ... တီ..."

ခွင်း ကားမောင်းရင်းကနေ လာနေတဲ့ဖုန်းကိုကြည့်လိုက်လေသည်။ မမဆီကပဲ။ စိတ်တွေပူနေမိတော့ မမရဲ့ဖုန်းကို ကိုင်ရင်ကောင်းမလား၊ မကိုင်ရင်ကောင်းမလား စဉ်းစားနေမိခြင်းဖြစ်သည်။ ကားကိုသတိထားမောင်းနေရင်းကနေ ဖုန်းကိုကိုင်လိုက်လေသည်။

သက်တန့်ပို့ထားတဲ့လိပ်စာကိုရှာနေတာ အခုချိန်ထိမတွေ့သေး။ မကြာခင် မိုးကချုပ်တော့မည်ဖြစ်သည်။

"ဟယ်လို..."

"မောင်မောင် ဘယ်တွေရောက်နေတာလဲ...ဖေဖေက မောင်မောင့်ကိုအိမ်ပြန်လာဦးတဲ့... နိုင်ငံခြားကဧည့်သည်တွေရောက်နေတယ်လို့တဲ့..."

"ကျွန်တော်မအားဘူး မမ..."

"ဟင်... မောင်မောင်ဘာဖြစ်နေတာလဲ... မောင်မောင့်အသံက တခုခုကိုစိတ်တိုနေတဲ့အသံဖြစ်နေတယ်..."

ခွင်း ကိုယ့်အသံကိုယ်ပြန်သတိထားလိုက်ကာ

"ဆောရီးပါ မမ... ခု ကျွန်တော် ကြွေ့ကိုလိုက်ရှာနေလို့ပါ..."

"ဟင်... ကြွေက ဘယ်ရောက်နေလို့လဲ...."

"လရောင်သွေး..."

မမ မသိလောက်ဘူးထင်သဖြင့် ခွင်းဆက်မပြောမိတော့

"လရောင်သွေးဆိုတာ အဆိုတော်မို့လား..."

"မမသိလား..."

ခွင်း အံ့သြစွာမေးလိုက်မိလေသည်။ မမက သီချင်းတွေဘာတွေ နားမထောင်တတ်ပေ။ အဲ့ဒါကိုဘယ်လိုလုပ်ပြီး လရောင်ကိုသိတာလဲ။

"အင်း... မောင်မောင့်အခန်းထဲမှာအခွေတစ်ခွေတွေ့လို့... မောင်မောင့်သူငယ်ချင်းများလားလို့..."

"ဟင် ကျွန်တော့်အခန်းထဲမှာလား..."

"အင်း ဘာဖြစ်လို့လဲ..."

"ဪ... လရောင်သွေးဆိုတာ ကျွန်တော့်သူငယ်ချင်း သက်တန့်မောင်ရဲ့ညီ မမ... အဲ့ဒါ သက်တန့်ပေးထားတာ..."

"ဒါဆို ကြွေနဲ့သူက ဘယ်လိုပတ်သက်နေလို့လဲ မောင်မောင်..."

"ကြွေနဲ့ပတ်သက်ပြီး ကျွန်တော်က သူ့ပြိုင်ဘက်လို့ သူက သတ်မှတ်ထားတာ မမ... အခုလည်း သူ ကြွေ့ကို ကြွေ့မိဘတွေနဲ့တွေ့ပေးမယ်ဆိုပြီး ဘယ်ခေါ်သွားမှန်းမသိဘူး..."

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang