အခန်း(၂)

779 20 0
                                    

💑 စင်ဒရဲလား 💑
💋 အခန်း(၂)💋

"မောင်မောင်ရယ်... အ့ဲဒါကြောင့် မမပြောတာပေါ့ မလိုက်ခ့ဲပါနဲ့ဆို... အခုတော့ ကံကောင်းလို့ မောင်မောင်ရယ်... "

"မမကလည်းဗ်ာ ကျွန်တော် ဘာမှမဖြစ်ပါဘူး... မမစိတ်ပူရမွာက ကျွန်တော့်ကိုမဟုတ်ဘူး... အ့ဲဒီ့ကောင်မလေးကို ပူရမွာ... "

မမရဲ့မျက်နှာက တည်ငြိမ်သွားပြီး တစ်ခုခုကိုစဉ်းစားနေသလို ငြိမ်နေလေသည်။ ကားရှေ့မှာ ပစ်လဲခ့ဲတ့ဲကောင်မလေးကို စဉ်းစားနေတာလား။ သူလည်း သူမပုံရိပ်လေးကို သူ့မျက်လုံးထဲကနေ ဖျောက်လို့မရခ့ဲပေ။
အိမ်နေရင်းဝတ်ထားတ့ဲ ရင်ဖုံးအကျႌလက်တိုလေးကို ပန်းနုရောင် ချိတ်လုံချည်လေးနဲ့တွဲဝတ်ထားတ့ဲ သူမပုံစံလေးက တောသူမလေးတစ်ယောက်လို ချစ်စဖွယ်ကောင်းနေ၏။

သူမနဲ့အတူတူပါလာတ့ဲ ကောင်မလေးကိုတော့ ခွင်း မြင်ဖူးသည်။ သူမက ခွင်းတို့အခန်းထဲက ကျောင်းသူတစ်ယောက်။

"ဟုတ်တယ် မောင်မောင်... မမ မစဉ်းစားမိဘူး... အ့ဲဒီ့မိန်းကလေး ဘာဖြစ်သြားသေးလဲမသိဘူး... သူနဲ့ပါလာတ့ဲမိန်းကလေးက သူ့ကိုအတင်းဆြဲသြားတော့ မမ ဘာမွတောင် မမေးလိုက်ရဘူး... အဆင်ပြေရဲ့လားမသိဘူး..."

"ဘာမွတော့မဖြစ်လောက်ပါဘူး... "

"မမ မောင်မောင့်ကိုပြောသားပဲ... လိုက်မပို့ပါနဲ့ဆို အထိန်းတော်ကြီးလည်း ပါနေရဲ့သားနဲ့..."

ခွင်း မမကို ကြည့်လိုက်ကာ အကျႌကော်လံကို သေချာပြန်ခေါက်လိုက်လေသည်။ ဝတ်ထားတ့ဲအဝတ်အစားပုံစံမကျရင် စိတ်ထဲမွာ နေရတာ အဆင်မပြေပေ။ အျမဲလိုလို မြန်မာဆန်ဆန်ဝတ်တတ်တော့ အဝတ်တွေအားလုံးကလည်း သပ်ရပ်နေ၏။ ခွင်းက အသန့်သိပ်ကြိုက်တာ။

"မမကိုမွ စိတ်မခ်တာကို.. "

မမက သနပ်ခါးရောင် ရင်ဖုံးအကျႌလက်ရှည်နဲ့ ပိုးလုံချည်အနက်ရောင်ကို ကျက်သရေရှိစွာ တွဲဝတ်ထားလေသည်။ ဆံထုံးက ရွှေဘီးကုတ်ရောင်ထက် မမနားက စိန်နားကပ်ရောင်ကြောင့် မမမျက်နှာဟာ ဝင်းပနေလေသည်။

"မမက ကလေးမှမဟုတ်တော့တာ မောင်မောင်ရယ်... "

ခွင်း မမမျက်နှာကို သေချာကြည့်လိုက်ကာ

စင်ဒရဲလား (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ