အခန်း(၁၁)

326 7 0
                                    

💏 စင်ဒရဲလား  💏
💋 အခန်း(၁၁) 💋

"ဒါဆေးရုံလား..."

ဆေးရုံဆိုသောနေရာကို သူမတစ်ခါမွမရောက်ဖူးခ့ဲ။ သူမမေးတာကိုလည်း သူကပြန်မဖြေဘဲ အ့ဲဒီ့အဆောက်အအုံကိုသေချာကြည့်နေလေသည်။

"အင်း ဟုတ်တယ်..."

တော်တော်လှတ့ဲအဆောက်အအုံပဲ။ စာအုပ်တွေထဲမှာဖတ်ဖူးတ့ဲ နှစ်ဆောင်မြိုင်အိမ်ကိုမွ သစ်သားနဲ့ဆောက်ထားတာမဟုတ် ဘိလပ်မြေတွေ အုတ်တွေနဲ့ဆောက်ထားတ့ဲတိုက်အိမ်မျိုး။ ပုံပြင်တွေထဲက နန်းတော်ကြီးနဲ့တောင် ပိုတူနေသေးတယ်။ ဆေးရုံလို့ ဘယ်လိုမှထင်စရာမရှိပေ။

နောက်ပြီး တိတ်ဆိတ်လွန်းပုံ၊ လူတွေရှိတယ်လို့တောင်မထင်ရလောက်အောင် တိတ်ဆိတ်နေလေသည်။ ခြံကြီးကအကျယ်ကြီးပဲ။ အပြင်က ကားထဲကနေလှမ်းကြည့်တာ သေချာမမြင်ရပေမယ့် ခရေပင်ကြီးတွေကိုတော့ မြင်နေရသည်။ ဆေးရုံရောဟုတ်ရဲ့လား။ သြားလာနေတ့ဲလူတွေလည်းမရှိဘူး။ ဆေးရုံဆိုရင် ဆိုင်းဘုတ်တော့ရှိရမှာပဲ။ ကြွေ ဆိုင်းဘုတ်ကို လိုက်ရှာနေမိသည်။ ခြံရဲ့ တစ်နေရာအရောက်မွာတော့ ကြွေ နာမည်တစ်ခုကို ထူးဆန်းစြာ တွေ့လိုက်ရတော့သည်။ ရွှေခွင်းရတနာစံအိမ်။

"ဟင်..."

ကြွေ အ့ံသြစွာနဲ့ သူ့ကိုမော့ကြည့်လိုက်တော့ သူကလည်း ကြွေ့ကိုကြည့်ကာ ပြုံးနေလေသည်။ ကြွေ အ့ဲဒီ့ဆိုင်းဘုတ်ကို လက်ညှိုးထိုးလိုက်ကာ

"ဒါ ဆေးရုံလား..."

မယုံကြည်နိုင်စြာ ဒုတိယအကြိမ်မြောက် မေးလာတ့ဲ သူမလေးကိုကြည့်ကာ ခွင်း အသည်းယားလာမိလေသည်။

"အင်း ဟုတ်တယ်လေ... ဘာလို့လဲ..."

"ကြွေ့စိတ်ထဲမွာ တစ်မျိုးကြီးပဲ... တိတ်ဆိတ်နေတယ်... ကြွေ ဆေးရုံတွေကို တစ်ခါမွမရောက်ဖူးဘူး... ဒါဆေးရုံလား... "

သူ ခေါင်းငြိမ့်လိုက်ကာ စံအိမ်တော်ထဲကို လှမ်းကြည့်လိုက်လေသည်။ သူ ကြွေ့ကို ဘယ်လိုလုပ်ပြီး စံအိမ်ကိုခေါ်လာမိမှန်း သူ့ကိုယ်သူနားမလည်မိ။ မမကတော့ လက်ခံမွာပါ။ သူ မမကို ကြွေ့ကိုချစ်တ့ဲအကြောင်း ဖွင့်ပြောပြီးပြီပဲ။

စင်ဒရဲလား (Completed)Tempat cerita menjadi hidup. Temukan sekarang