💏 စင်ဒရဲလား 💏
💋အခန်း(၃၂)💋
💏ဇာတ်သိမ်းခန်း💏"ကားနံပါတ်က – – – လား..."
"ဟုတ်တယ် လရောင်..."
လရောင် သူ မောင်းနေတဲ့ကားကို ပြန်ကွေ့လိုက်တော့သည်။
"မင်းဆိုင်ရှေ့ကဖြတ်သွားတာ ဘယ်လောက်ကြာနေပြီလဲ..."
"အင်း... ခန့်မှန်းခြေ နှစ်နာရီလောက်ကြာပြီ... တော်တော်အမြန်နဲ့မောင်းသွားတာဆိုတော့ ဘယ်ရောက်နေပြီလဲတော့ ငါမပြောတတ်ဘူး လရောင်..."
"အင်း... ငါအခု မင်းပြောတဲ့နေရာကို သွားနေတာ..."
"မင်း Facebook မှာတင်ထားတဲ့ Post ကို ငါအခုမှတွေ့လိုက်မိတာ လရောင်... အဲ့ဒါကြောင့် ငါနောက်ကျသွားတာ တောင်းပန်ပါတယ်..."
"အင်း ရပါတယ်... ဒါဆိုငါဖုန်းချလိုက်တော့မယ်..."
"အင်း..."
လရောင် ဖုန်းကိုချကာ သူတင်ထားတဲ့ Post ကိုကြည့်လိုက်သည်။ အောက်က comment တွေအားလုံးကိုလည်း လိုက်ဖတ်နေရ၏။ အဲ့ဒီ့ Post တင်ပြီးကတည်းက အင်တာနက်ကိုတစ်ချိန်လုံးဖွင့်ထားရသည်။ သူ့လုပ်ရပ်က တော်တော်ထိရောက်သားပဲ... မနေခြည်ဦးရဲ့ကားပုံနဲ့တွဲတင်ထားတော့ တွေ့တဲ့သူတွေက comment မှာ ရေးထားပေးကြသည်။
ကိုခွင်းလည်း ဘယ်တွေလိုက်ရှာနေပြီလဲမသိ။ ကိုခွင်းရဲ့မိသားစုတွေလည်း ဆေးရုံတွေကို လိုက်ရှာနေကြပြီ။ ကြွေ့မွေးစားအမေလည်း စင်ကာပူကနေ ဒီကိုလာဖို့ပြင်ဆင်နေပြီ။
သူ ကြွေ့အတွက် တော်တော်လေးစိတ်ပူနေမိ၏။ မနေခြည်ဦးက ကြွေ့ကို ဘာလို့အဲ့လိုမျိုးလုပ်ရတာလဲ။ ကိုယ်ရင်တွေပူနေပြီကြွေရယ်။ ဒီကမ္ဘာပေါ်မှာ ကြွေရှိနေတယ်ဆိုတဲ့အသိလေးနဲ့တင် ကိုယ်အသက်ရှင်နေရတာမို့လို့ ကြွေ တစ်ခုခုဖြစ်သွားလို့မဖြစ်ဘူးနော်။ စိတ်ချပါကြွေ... ကြွေ ဘာမှမဖြစ်စေရပါဘူး... ကြွေ တခုခုဖြစ်သွားတာနဲ့ ကိုခွင်းကိုလိုချင်နေတဲ့ မနေခြည်ဦးကို ကြွေ ရှုံးနိမ့်တာပဲ။ ကြွေ ဘယ်တော့မှ မရှုံးနိမ့်ရဘူး... အဲ့ဒါ ကြွေ့အပေါ်ထားတဲ့ ကိုယ့်ရဲ့သစ္စာပဲကြွေ...
📞📞📞
ဝေဒနာတွေ ရုပ်သိမ်းပါဦး...
ဒီကမ္ဘာကိုအရောင်ပြောင်းပါအချစ်ရာ...
ကိုယ်နေချင်တာဟာ သူ့အနားမှာ နားလည်ပေးပါ...
ကိုယ်ဆိုတဲ့ဒီသီချင်းတွေလည်း...
ရည်ရွယ်ပါတယ် မင်းအတွက်ပဲလေ...
အကြင်နာတွေပြန်လာမှာလားကွယ် စောင့်နေမိတယ်...
📞📞📞
လရောင် ကားမောင်းရင်းကနေ ဖုန်းနံပါတ်ကြည့်လိုက်တော့ မမရွှေရည်... ဟင်... ဘယ်လိုလုပ်ပြီး... လရောင်ဆက်မတွေးတော့ဘဲ ဖုန်းကိုမြန်မြန်ကိုင်လိုက်တော့သည်။
"ဟယ်လို..."
"လရောင် ဘာမှမမေးပါနဲ့တော့... မမနေခြည် ကြွေ့ကိုဒုက္ခပေးတော့မယ်... ဘယ်ခေါ်သွားတာလဲမသိဘူး... မြန်မြန်လိုက်ရှာပါ..."
"ဗျာ... မမက ဘယ်လိုလုပ်..."
"မမကို လမ်းမှာတင်ထားခဲ့လို့ မင်းကိုဖုန်းဆက်နိုင်တာ... ရုတ်တရက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့တာ... မမ ကြွေ့အတွက်စိုးရိမ်ပြီး ဖုန်းဆက်ဖို့သတိမရခဲ့ဘူး... အခု မမ ဘယ်ရောက်နေတာလဲဆိုတာလည်း မသိဘူး... ကြွေ့ကို အခုမြန်မြန်လိုက်ရှာလိုက်ပါ..."
"ဟုတ်ကဲ့ မမ..."
"ကိုခွင်းမဏ္ဍိုင်ကိုလည်း မမ ဖုန်းဆက်ပြီးသွားပြီ... သူလည်းတော်တော်ရင်ပူနေလောက်ပြီ... မမကတော့ ဘာတွေလျှောက်လုပ်ပြန်ပြီလဲမသိပါဘူး စိတ်ညစ်လိုက်တာ... ဘုရား ဘုရား... ဘယ်သူမှအန္တရာယ်မဖြစ်ပါစေနဲ့..."
မမရွှေရည်က တစ်ယောက်ထဲရေရွတ်နေပြန်သည်။
"ကျွန်တော် ဖုန်းချလိုက်တော့မယ် မမ..."
"အင်း... မိုးရွာထားတာဆိုတော့ ကားကိုဂရုစိုက်မောင်းဦး..."
"ဟုတ်ကဲ့..."
လရောင် ဖုန်းချပြီး ရှေ့ကိုသေချာကြည့်ကာ ကားကိုဂရုစိုက်မောင်းလိုက်သည်။ စိတ်ထဲမှာ လေးပင်ကာ ကြည်ကြည်လင်လင်မရှိခဲ့။ ဘုရား... ဘုရား မမရွှေရည်ပြောသလိုပဲ ဘာမှမဖြစ်ပါစေနဲ့...
💏💏💏💏💏💏💏
"ဗျာ ဆေးရုံမှာဟုတ်လား..."
"ဟုတ်တယ် ခွင်း... "
"ဘာတွေဖြစ်လို့ ဆေးရုံရောက်သွားတာလဲ..."
"နေခြည်နဲ့ကြွေ ကားအက်ဆီးဒင့်တစ်ခုဖြစ်ခဲ့တာ ခွင်း..."
"ဘာ..."
"ဟုတ်ပါတယ်..."
သူ့ခေါင်းထဲမှာ နားမလည်မိတော့။ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။ လောကကြီးက ဘာတွေဖြစ်ကုန်ပြီလဲ။
ဦးနေကျော်ရဲ့အသံက တစ်မျိုးဖြစ်နေသည်ဟု ခွင်းထင်မိသည်။ ငိုထားတဲ့အသံလိုမျိုး...
"ဦးနေကျော် ကြွေ ဘာဖြစ်သွားသေးလဲ..."
"ကားအက်ဆီးဒင့်ကြောင့် ဦးသမီးနေခြည် ဆုံးသွားပြီ မောင်ခွင်းမဏ္ဍိုင်... ကြွေက မျက်လုံးကိုထိသွားတာ ဘယ်လိုအခြေအနေလဲဆိုတာ သေချာပြောလို့မရသေးဘူး..."
"ဗျာ..."
ခွင်း လမ်းဘေးမှာ ကားဘရိတ်ကိုစောင့်အုပ်လိုက်လေသည်။ ကံကောင်းစွာဖြင့် ဓာတ်တိုင်ကိုသွားမထိခဲ့။
"ကြွေဘာဖြစ်သွားတာ..."
"သေချာပြောလို့မရသေးဘူး... မောင်ခွင်းမဏ္ဍိုင် အခု ဆေးရုံကိုလာခဲ့လိုက်ပါ... နောက်ပြီး ဦးသမီးရဲ့အပြစ်အတွက်လည်း ဦး တောင်းပန်ပါတယ်..."
ကြွေ တစ်ခုခုဖြစ်သွားပြီဆိုတဲ့အသိက ခေါင်းထဲသို့ဝင်လာကာ ကျလုဆဲဆဲမျက်ရည်တွေကိုပုတ်ခတ်လိုက်ပြီး သူ အံကိုကြိတ်လိုက်မိတော့သည်။ တစ်မိသားစုလုံးကို ထောင်ထဲထည့်ပစ်လိုက်မှာ။
"ကောင်းပြီ ကျွန်တော်အခုလာနေပြီ... "
"ဒါဆို ဦး ဖုန်းချလိုက်တော့မယ် ခွင်း..."
သူ့ဆီကခွင့်ပြုချက်တောင်းသလိုပြောနေပေမယ့် သူသိချင်အဲ့ဒါမဟုတ်ခဲ့သဖြင့် သူ ဖုန်းကိုချပစ်လိုက်၏။
ကြွေရယ်... အဲ့ဒါကြောင့် ကိုယ် ကြွေ့ကို မျက်လုံးအောက်ကနေ အပျောက်မခံခဲ့တာ။ ကြွေ့နားမှာ အရိပ်လိုကပ်နေခဲ့တာဟာ ဒါတွေကို စိုးရိမ်လို့ဆိုတာ ကြွေက မသိခဲ့ဘူး။ ကြွေ အယုံလွယ်ခဲ့တာ။ အဲ့ဒီ့မိန်းမကိုမယုံဖို့ ကိုယ် ကြွေ့ကို သတိပေးခဲ့သားပဲ ကြွေရယ်။ ဘာလို့ ကိုယ့်စကားကို နားမထောင်ခဲ့ရတာလဲ အခုတော့ ကိုယ့်ရင်တွေကွဲရပြီ အဲ့ဒါကြွေသိရဲ့လား။
တောက်... နေခြည်ဦး... မင်းက မိန်းမယုတ်ပဲ။ မင်း သေသွားတာတကယ်ကောင်းတယ်။ ဒါပေမယ့် ကြွေ့ကိုလုပ်ခဲ့တဲ့မင်းရဲ့အပြစ်အတွက် မင်းရဲ့ဝိညာဉ်ကို ထောင်ထဲထည့်ထားရမှာပဲ။
💏💏💏💏💏💏💏
"ဘာ... မျက်လုံးဘာဖြစ်သွားတာ..."
ကိုယ့်နားကိုယ်တောင်မယုံနိုင်ခဲ့။ ဟိုဘက်ကနေ မမရွှေရည်က အဖြစ်အပျက်အားလုံးကို တခုချင်းစီ သေချာပြောပြနေခဲ့ပေမယ့် သူ့ရင်ထဲမှာ ပဲ့တင်ထပ်နေတာကတော့ ကားတိုက်မှုဖြစ်ပြီး မနေခြည်ဦးက ဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသွားခဲ့ကာ ကြွေကတော့ မျက်လုံးထဲမှန်စတွေဝင်သွားပြီး မျက်လုံးကွယ်သွားရသည်တဲ့။
"ဟုတ်တယ် လရောင်... ဟင့်... ဟင့်..."
မမရွှေရည်သည်လည်း ငိုနေတော့၏။
ဟင့်အင်း... မဖြစ်နိုင်ဘူး။ ကြွေက ဘာလို့အဲ့လိုဖြစ်ရမှာလဲ။
"ဘယ်လို... ဘယ်လိုဖြစ်ပြီး..."
လရောင် ရင်ထဲမှာ ဆို့နင့်လာကာ ပြောချင်တဲ့စကားတောင်မှ ထွက်မလာခဲ့တော့။
"မမနေခြည်ရဲ့အပြစ်ပါ လရောင်ရယ်... အခုတော့ မမနေခြည်လည်း သူ့အပြစ်နဲ့သူသွားပြီမို့လို့ လရောင်ကို မမကပဲ တောင်းပန်ပါတယ်နော်..."
သူ့မှာ ဘာများပြောခွင့်ရှိမှာလဲ။ ဒါက ကိုခွင်းနဲ့ပတ်သက်နေတာ ကိုခွင်းဘယ်လိုလုပ်မှာလဲဆိုတာကိုပဲ သူတို့တွေစောင့်ကြည့်ရမှာ။ ဒါပေမယ့် သူ့ရင်ထဲမှာ တော်တော်လေးဆို့နင့်နေခဲ့တာကိုတော့ ဘယ်သူကများသိမှာလဲ။ ကြွေရယ်... အဲ့လိုဖြစ်မှာစိုးလို့ ကိုယ် အခုလိုစိတ်ပူပြီးအသက်ရှင်နေခဲ့ရတာ အခုတော့ မဖြစ်ချင်တာတွေဖြစ်လာခဲ့ရပြီ။ သူ့မျက်လုံးထဲကနေ မျက်ရည်တစ်ပေါက်က အောက်သို့ကျသွားလေတော့သည်။
သူ စဉ်းစားထားတဲ့ အဆိုးဆုံးအခြေအနေဆိုတာဖြစ်လာမှတော့ သူ စီစဉ်ထားတဲ့အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်ရတော့မှာပေါ့...
"ဟယ်လို လရောင်..."
"ဟုတ်ကဲ့ မမရွှေရည်... ကျွန်တော် ကြွေရှိတဲ့ဆေးရုံကိုလိုက်သွားလိုက်မယ်..."
"အင်း... မမ တောင်းပန်ပါတယ်..."
သူ နာကျည်းစွာရယ်လိုက်မိ၏။ ဒါကိုတော့ မမရွှေရည် ကြားဟန်မတူပါ။ ထို့နောက် သူ ကားစက်နှိုးလိုက်ကာ ဆေးရုံသို့ဦးတည်ပြီးမောင်းလိုက်တော့သည်။ အဲ့ဒီ့ဆေးရုံက ကြွေရှိတဲ့ဆေးရုံမဟုတ်ပဲ သူ့အစီအစဉ်တွေအကောင်အထည်ဖော်ရာ ဆေးရုံဆီသို့...
💏💏💏💏💏💏💏
"ဒါဆို မျက်ကြည်လွှာအစားထိုးရမှာပေါ့ ဒေါက်တာ..."
ကြွေ့ရဲ့လက်ဝါးတွေကိုကိုင်ကာ မမသွန်းက ငိုနေ၏။ ဖေဖေနဲ့မေမေလည်း ကြွေ့နားမှာထိုင်ကာ မျက်ရည်တွေဝဲနေကြသည်။ အန်တီနီလာကတော့ရောက်မလာသေး။
"ဟုတ်ပါတယ်... မျက်ကြည်လွှာအလှူရှင်ကို မြန်မြန်ရှာမှဖြစ်မယ် မောင်ခွင်းမဏ္ဍိုင်..."
"ရှာမနေပါနဲ့... ကျွန်တော့်မိန်းမအတွက်မျက်ကြည်လွှာကို ကျွန်တော်ပဲပေးမယ်..."
"ဟင်..."
"သား..."
"မောင်မောင်..."
"သေချာစဉ်းစားပါဦး မောင်ခွင်းမဏ္ဍိုင်... တခြားလှူမယ့်အလှူရှင်တွေလည်း ရှိနေနိုင်တာပဲလေ... ချက်ချင်းကြီး ဆုံးဖြတ်လိုက်ဖို့ အဆင်မပြေနိုင်ဘူး..."
"ဟုတ်ပါတယ် သား... မေမေတို့ သား ဒုက္ခိတလိုဖြစ်နေမှာကို မမြင်ရက်နိုင်ဘူး... တခြားအလှူရှင်ကို ရှာရအောင်ပါသားရယ်..."
"ဟင့်အင်း မေမေ... ကြွေ့ခန္ဓာကိုယ်မှာ တခြားလူတစ်ယောက်ရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုခု မှီတည်နေမှာကို သား အဖြစ်မခံနိုင်ဘူး... သားဒုက္ခိတဖြစ်ချင်ဖြစ်ပါစေ ကြွေ့မျက်လုံးထဲမှာ သားရဲ့မျက်ကြည်လွှာကိုပဲ ရှိစေချင်တယ်..."
"သားရယ်..."
"ဒေါက်တာ ကျွန်တော့်မိန်းမကို ကျွန်တော့်မျက်ကြည်လွှာပဲထည့်ပေးပါ..."
"ကောင်းပြီလေ... ဒါဆို ဒေါက်တာ လိုအပ်မယ့်စာရွက်စာတမ်းတွေ သွားယူလိုက်ပါ့မယ်..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
အခန်းထဲကနေ ဒေါက်တာထွက်သွားတော့ ခွင်း ကြွေ့အနားကိုကပ်သွားကာ ကြွေ့ရဲ့လက်တစ်ဖက်ကိုကိုင်လိုက်ပြီး သူ့ရဲ့ရင်ဘတ်မှာအပ်ထားလိုက်မိသည်။
ကိုယ့်ရင်ခုန်သံတွေကို နားထောင်ကြည့်ပါဦး ကြွေရယ်... ကြွေမရှိပဲနဲ့ ကိုယ်အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ကိုယ် ဒုက္ခိတဖြစ်ချင်ဖြစ်ပါစေ ကြွေဘာမှမဖြစ်စေရဘူး။ ကြွေ့အတွက်ဆို ကိုယ့်အသက်ကိုယ်တောင် စွန့်လွှတ်ပေးရဲတယ်။ ကြွေ့ရဲ့ဆံချည်မျှင်လေးတစ်မျှင်ကိုတောင်မှ ကိုယ့်အသက်ထက်မြတ်နိုးခဲ့တာပါ။ တောင်းပန်ပါတယ်... ကျေးဇူးပြုပြီးး ကိုယ့်အနားကနေထွက်သွားဖို့မလုပ်ပါနဲ့တော့။
"ဝမ်းသာစရာသတင်းပဲ မောင်ခွင်းမဏ္ဍိုင်..."
အခုမှထွက်သွားပြီး ဝမ်းသာအားရဖြင့် ပြန်ဝင်လာသောဒေါက်တာ့ကိုကြည့်ကာ ခွင်းနားမလည်မိခဲ့။
"ဘာများလဲ ဒေါက်တာ..."
ဒေါက်တာက သူ့အနားသို့ရောက်လာကာ
"မျက်ကြည်လွှာအလှူရှင် အခုပဲပေါ်လာပြီ မောင်ခွင်းမဏ္ဍိုင်..."
"ဗျာ..."
"ဟင် တကယ်လား ဒေါက်တာ..."
သူတို့တွေအကုန်လုံး အံ့သြနေကြ၏။ မယုံနိုင်စရာကောင်းလောက်အောင် အဖြစ်အပျက်ကတိုက်ဆိုင်လွန်းလှလေသည်။
"သူကဘယ်သူလဲ ဒေါက်တာ..."
ဒေါက်တာ့မျက်နှာက တခုခုကိုစဉ်းစားသလို ငြိမ်နေ၏။ ဒါပေမယ့် ချက်ချင်းပဲ ခွင်းကိုကြည့်လာကာ
"မနက်ဖြန် ဒေါက်တာ သူနဲ့ပေးတွေ့ပေးပါ့မယ်... သူက အခုလောလောဆယ်တွေ့ဖို့အဆင်မပြေနိုင်သေးလို့ပါ..."
"ဘယ်လိုမျိုးလဲ ဒေါက်တာ... အဲ့လိုလူမျိုးက ကျွန်မတို့ချွေးမလေးကို မျက်ကြည်လွှာလှူမယ်ဆိုတာ ကျွန်မတို့ ဘယ်လိုယုံပေးရမှာလဲ..."
ဒေါက်တာ့မျက်နှာကတည်ကြည်လေးနက်စွာ ပြုံးလိုက်ပြီး
"စိတ်ချပါ... သူက ယုံရတဲ့လူမျိုးပါ... သူ့ရဲ့ရာဇဝင်ကလည်း ရှင်းပါတယ်... သူနဲ့ပတ်သက်ပြီး ဘယ်သူမှ ဒေါက်တာ့ လောက်မသိပါဘူး... အဲ့ဒီ့အတွက်တော့စိတ်ချပါ..."
ဒေါက်တာပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို သူတို့တွေသေချာနားမလည်ကြပေ။ ဒါပေမယ့် ခွင်းကလွဲပြီး အားလုံးရဲ့မျက်နှာကတော့ ပျော်နေကြလေသည်။
ဘယ်သူမို့လို့ အခုလို အသိမခံရတာလဲ။ သူတို့နဲ့ပတ်သက်မှုရှိတဲ့လူတစ်ယောက်များလား။ ခွင်း စဉ်းစားလိုက်မိသည်။ ကိုယ့်အသိမိတ်ဆွေထဲမှာ အဲ့လိုလူမျိုးရှိလို့လား။ ဟင့်အင်း... ဘယ်သူကမှတော့ သူစိမ်းအတွက် ကိုယ့်အသက်ကိုယ်စွန့်လွှတ်မှာမဟုတ်ဘူး။ ဒါဆို ဘယ်သူလဲ...?
ခွင်း စဉ်းစားလိုက်မိသည်။ ခေါင်းထဲမှာ လူတစ်ယောက်ရဲ့မျက်နှာကချက်ချင်းပဲပေါ်လာခဲ့တော့သည်။ လရောင်သွေး...
💏💏💏💏💏💏💏
🌾ရက်အနည်းငယ်ခန့်ကြာပြီးနောက်...🌾
ဒီနေ့က ကြွေ့မျက်လုံး ပတ်တီးဖြည်ရတော့မယ့်နေ့။ ခွင်း ပျော်နေမိသည်။ ဒါပေမယ့် စိတ်ထဲမှာတော့ တစ်စုံတစ်ခုကိုတွေးမိကာ ပူပန်နေဆဲ။
အားလုံးရဲ့မျက်နှာက ပျော်ရွှင်နေကြ၏။ ကြွေ့မေမေ ဒေါ်နီလာကတော့ အပျော်ရွှင်ဆုံးပဲဖြစ်ပါလိမ့်မယ်။ ကြွေ့လက်ကိုကိုင်ကာဒေါက်တာတွေ ပတ်တီးဖြည်ပေးနေတဲ့ ကြွေ့မျက်နှာကို မျှော်လင့်တကြီးကြည့်နေတော့သည်။ခွင်းလည်း ကြွေ့မျက်နှာလေးကို ကြင်နာယုယစွာငေးကြည့်နေမိရင်းကနေ မျက်ရည်ကဝဲလာတော့သည်။ ဘယ်လိုရှင်းပြရမလဲကြွေရယ်...။
ပတ်တီးတစ်ထပ်ချင်းစီကိုဖြည်ပေးနေသည်။ တဖြည်းဖြည်းနဲ့ ကြွေ့မျက်နှာလေးက ပေါ်လာခဲ့တော့သည်။
အလင်းရောင်ကိုမြင်ရတော့မယ်ဆိုတဲ့အသိက ခန္ဓာကိုယ်အတွင်းသို့စီးဆင်းသွားကာ နွေးထွေးသွားလေတော့သည်။ သူများရဲ့မျက်ကြည်လွှာကို အစားထိုးထားရတယ်ဆိုပေမယ့် ကိုယ့်မျက်လုံးလိုသာခံစားနေရသဖြင့် ပိုပြီးနွေးထွေးနေမိတာဖြစ်သည်။ ဘယ်လိုလူမျိုးများပါလဲ။ တော်တော်နှလုံးသား နူးညံ့တဲ့လူပဲ။ ကိုယ့်ကိုကိုယ် တစ်သက်လုံး ဒုက္ခိတဖြစ်တော့မယ်လို့ထင်နေခဲ့တာ။ မျက်ကြည်လွှာလှူတဲ့အလှူရှင်က ပေါ်လာခဲ့တော့ ကြွေ အရမ်းကံကောင်းခဲ့သည်။ ကြွေ မျက်လုံးပြန်မြင်တာနဲ့ အဲ့ဒီ့လူကိုတွေ့ရမယ်။ ကိုကိုကတွေ့ပေးမယ်လို့ပြောထားသည်။
"သမီး မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်နော်..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
မေမေက ကြွေ့လက်ကို သေချာဆုပ်ကိုင်ထား၏။ ကြွေ အားရှိနေပါပြီ မေမေရယ်။ သူမ မျက်လုံးကိုအားယူပြီးဖွင့်လိုက်သည်။ အလင်းရောင်ကြောင့် မျက်လုံးကို ချက်ချင်းပြန်ပိတ်လိုက်ရ၏။ မျက်လုံးထဲမှာ စူးကနဲခံစားလိုက်ရသည်။
"သမီး မကြောက်နဲ့နော် မေမေရှိတယ်..."
"သမီး ဘာမှမကြောက်နဲ့ ဖြည်းဖြည်းချင်း အားယူပြီးဖွင့်ပါ..."
"ဟုတ်..."
ကြွေ နောက်တစ်ကြိမ် အားယူပြီးပြန်ဖွင့်ကြည့်လိုက်၏။ ချက်ချင်းပြန်ပိတ်လိုက်မိပေမယ့် နောက်တစ်ခါပြန်ဖွင့်လိုက်တော့ ကြည့်ရတာ အဆင်ပြေသွားတော့တယ်။
"မေမေ..."
"သမီး... သမီးလေး... မေမေ့သမီးလေး ပြန်မြင်ပြီပေါ့နော်..."
"ကြွေ..."
"ဟုတ်ကဲ့မေမေ ကြွေ ပြန်မြင်ရပြီ မေမေ..."
ကိုကိုက ကြွေ့အနားကိုရောက်လာကာ ကြွေ့ကိုဆွဲဖက်လိုက်လေသည်။
"ကြွေရယ်... ကိုယ် ဘယ်လောက်တောင် စိတ်ပူနေတယ်ဆိုတာသိရဲ့လား..."
"ကြွေတောင်းပန်ပါတယ် ကိုကိုရယ်..."
ဒေါက်တာနဲ့ နပ်စ်မလေးတွေက ပြုံးကာအပြင်ကိုထွက်သွားကြတော့သည်။ လူကြီးတွေလည်း ပြုံးနေကြတော့၏။
"နောက်တစ်ခါ ကိုယ့်စကားကိုနားထောင်ပါနော်..."
"ဟုတ် ကြွေ ကိုကို့စကားကို နားထောင်ပါ့မယ် ကိုကို..."
ကြွေ ကိုကို့ရင်ခွင်ထဲကနေထွက်ကာ အခန်းထဲကလူတွေကို လိုက်ကြည့်နေမိ၏။ အခန်းထဲမှာ မေမေရယ် ကိုကို့မိသားစုရယ်ကလွဲပြီး ဘယ်သူမှမရှိကြ။ အနည်းဆုံးတော့ လရောင်လည်းရှိမယ်လို့ ကြွေထင်ခဲ့မိတာ။ လရောင်လည်း မအားဘူးထင်တယ်။ ဒါဆို ကြွေ့ကိုမျက်ကြည်လွှာလှူပေးတဲ့လူကရော...
"ကိုကို..."
ကိုကိုက ကြွေ့ကိုကြည့်ပြီး
"ဟင် ပြောလေ ကြွေ..."
"ကြွေ့ကို မျက်ကြည်လွှာလှူပေးတဲ့အလှူရှင်က ဘယ်မှာလဲ..."
ကြွေ့အမေးကြောင့် အခန်းထဲကလူတွေအားလုံး မျက်နှာပျက်နေကြသည်။ ခွင်းလည်းမျက်နှာပျက်သွားမိကာ သက်ပြင်းကိုကြွေမသိအောင် ချလိုက်ပြီး
"လာ ကြွေ... ကိုယ်တို့သူ့ဆီသွားရအောင်..."
"ဟင်..."
"သား..."
ကိုကို့ကို အလန့်တကြားခေါ်နေကြတဲ့ ကိုကို့မိသားစုကြောင့် ကြွေအံ့သြသွားလေသည်။ ဒါပေမယ့် ကိုကိုကတော့ ဘယ်သူ့ကိုမှမကြည့်ပဲ ကြွေ့ကိုသာပြုံးပြီးကြည့်နေသည်။ ကိုကို့အပြုံးတွေက ဟိုအရင်လိုမလတ်ဆတ်လို့ ကြွေထင်မိသည်။ ဒါပေမယ့် ကိုကို့အပြုံးက ကိုကို့သွားတက်လေးနဲ့လိုက်ဖက်လွန်းပါတယ်။ ကြွေ ကိုကို့လက်ကိုဆွဲလိုက်တော့ ကိုကိုက ကြွေ့လက်ကိုကိုင်ကာ ဆေးရုံထဲကနေထွက်လာကြသည်။ ထို့နောက် ကားပေါ်ကိုတက်ကာ ကိုကိုက နေရာတစ်နေရာသို့ ကြွေ့ကိုခေါ်သွား၏။ ဆေးရုံကနေ သိပ်ပြီးကြာကြာမသွားရပဲ နေရာတစ်ခုကိုရောက်တော့ ကိုကိုကကားကိုရပ်လိုက်သည်။
"ကြွေ.. လာ ဆင်းလေ..."
ပြောလည်းပြော ကိုကိုက အထုပ်တစ်ထုပ်ကိုဆွဲပြီး ကားပေါ်ကဆင်းကာ ကြွေ့ဘက်က ကားတံခါးကို လာဖွင့်ပေး၏။ ကြွေ ကားပေါ်ကဆင်းကာ ရောက်နေတဲ့နေရာကိုကြည့်ပြီး အံ့သြသွားတော့သည်။ အုတ်ဂူတွေတန်းစီထားတဲ့သုဿာန်တစ်ခု။
"ဟင်... ကိုကို ဒါက..."
ကိုကိုက ကြွေ့ကိုဘာမှပြန်မပြောပဲ ကြွေ့လက်ကိုဆွဲကာ အထဲသို့ဝင်သွားလေသည်။ စိမ်းပြာရောင်ဆေးသုတ်ထားတဲ့ အုတ်ဂူတစ်ဂူရှေ့ကိုရောက်တော့ ကိုကို့ခြေလှမ်းတွေက ရပ်တန့်သွားတော့သည်။ ကိုကို့မျက်နှာကမကောင်း။ သိသာစွာပျက်နေသည်။
"ကြွေ သူကကြွေ့ကို မျက်ကြည်လွှာလှူပေးတဲ့သူပဲ..."
ကြွေ အံ့သြတကြီးနဲ့အုတ်ဂူကိုကြည့်လိုက်ပြီး မျက်လုံးပြူးသွားကာ မတ်တပ်ရပ်နေတဲ့ခြေထောက်တွေပါ မမြဲတော့ပဲ ယိုင်နဲ့သွားသဖြင့် ကိုကိုက ကြွေပခုံးကိုဖက်ကာထိန်းထားပေး၏။
"လရောင်... ဒါ တကယ်ပဲ လရောင်လား ကိုကို..."
ကိုကိုက စိတ်မကောင်းစွာဖြင့် ခေါင်းငြိမ့်ပြကာ လက်ထဲကအိတ်ကိုကြွေ့လက်ထဲသို့ထည့်ပေးလိုက်ပြီး
"ဒါ လရောင်ကြွေ့ကို့နောက်ဆုံးပေးခဲ့တာတွေပါ... ကြွေ ကြည့်လိုက်ပါ ကြွေ... သူ ဒါလေး ကိုယ့်ကိုပေးတုန်းက မှာခဲ့တာတစ်ခုရှိတယ်... ကြွေ လုံးဝမငိုပါနဲ့တဲ့..."
ကြွေ ကျတော့မယ့်မျက်ရည်တွေကိုထိန်းလိုက်ကာ ကိုကို့လက်ထဲကအိတ်ကိုယူလိုက်ပြီး အထဲကပစ္စည်းကို ဆွဲထုတ်လိုက်လေသည်။ စာအိတ်လေးတစ်လုံးရယ်... ရှည်ရှည်မျောမျောဘူးလေးတစ်ဘူးရယ်။ ကြွေ စာအိတ်ကိုဖောက်ကာကြည့်လိုက်၏။ ခနခနမြင်နေရတဲ့ လရောင်ရဲ့လက်ရေးလေးတွေ။
📨📨📨
ကြွေ ဒီစာဖတ်နေတဲ့အချိန် ဒီလောကကြီးထဲမှာ ကျွန်တော် ရှိနေမှာမဟုတ်တော့ပါဘူး... အဲ့ဒီ့အတွက် ကြွေ ဝမ်းနည်းပြီးမငိုနဲ့နော် ကြွေ... ကျွန်တော်က ကြွေ အမြဲတမ်းပျော်နေတာကိုမြင်ချင်နေတဲ့သူပါ... ကြွေ့အတွက် ကျွန်တော့် မျက်ကြည်လွှာကိုပေးခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်တယ်ကြွေ... ကျွန်တော်က ကြွေပျော်ဖို့အတွက်ဆို ကျွန်တော့် အသက်ကိုယ်တောင် စွန့်လွှတ်ဝံ့တဲ့သူပါ... ကျွန်တော် မရှိတော့ဘူးဆိုပြီး ကြွေ မငိုရဘူးနော်... တကယ်တော့ ကျွန်တော်က အခုချိန်ကစပြီး ကြွေ့အနားမှာ အမြဲတမ်းရှိနေပြီပဲလေ ကြွေသိရဲ့လား... ကြွေ မျက်လုံးဖွင့်လိုက်တဲ့အချိန်တိုင်း ကျွန်တော့် ရဲ့မျက်ကြည်လွှာလေးကလည်း အသက်ဝင်လာတာဆိုတော့ ကျွန်တော် ကြွေနဲ့အမြဲတမ်းအတူတူရှိနေတာပဲလေ... ကြွေ့ခန္ဓာကိုယ်မှာ အခုလိုမှီတည်ခွင့်ရခဲ့လို့ ကျွန်တော့်လောက်ကံကောင်းတဲ့သူရှိမှာမဟုတ်တော့ပါဘူး...
📨📨📨
ဖတ်နေရင်းကနေ ကြွေ မထိန်းနိုင်တော့ပဲ မျက်ရည်တွေကျလာလေတော့သည်။ လရောင်ရယ် ကြွေ့ကို အဲ့လောက်တောင်ချစ်ခဲ့တာလား။
📨📨📨
နောက်ပြီး ကျွန်တော် ကြွေ့အပေါ်အပြစ်တခုလုပ်ခဲ့သေးတယ်... အဲ့ဒီ့အတွက် ကျွန်တော်တောင်းပန်ပါတယ်နော်... အဲ့ဒါကဘာလဲဆိုတော့ ကျောင်းတုန်းက ကျွန်တော် ကြွေ့ဘောပင်လေးတစ်ချောင်းကို ကြွေမသိအောင် ယူထားခဲ့မိတယ်။ အခု အဲ့ဒီ့ဘောပင်လေးက ကျိုးသွားခဲ့လို့ ကျွန်တော် ထပ်ပြီးတောင်းပန်ပါတယ်နော်။ အဲ့ဒီ့ဘောပင်လေးကို ကျွန်တော် အခုပြန်ပေးလိုက်ပါတယ်ကြွေ... အမှတ်တရလေးသိမ်းထားမယ်မို့လား...။ နောက်ပြီး ကြွေ ကျွန်တော့် အပေါ် သူငယ်ချင်းလိုခင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ကြွေ့ဆီက တခုလောက်တောင်းဆိုချင်တယ်ကြွေ။ ကျွန်တော် ကြွေငိုမှာကိုအကြောက်ဆုံးပဲမို့လို့ နောက်ဆို ကြွေလုံးဝမငိုရဘူးနော်။ အဲ့ဒါကို ကြွေ လိုက်လျောပေးမယ်မို့လား။ ကျွန်တော်က ကြွေငိုမှာကို ကမ္ဘာပြိုမတတ်ကြောက်ရသူပါ။ ကြွေ ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်... နောက်ဘဝဆိုတာသာရှိခဲ့ရင် ကျွန်တော် ဖြူစင်ရိုးသားတဲ့ကြွေနဲ့ပဲ ပြန်ဆုံချင်ပါတယ်။ ရမယ်မို့လား ကြွေ။
📨📨📨
"အဟင့်... အဟင့်... လရောင်ရယ်..."
ငိုနေတဲ့ကြွေ့ကိုကြည့်ပြီး ခွင်း ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ စိတ်မကောင်းဖြစ်နေလေသည်။ အဲ့ဒီ့နေ့က သူနဲ့လရောင်စကားတွေအများကြီးပြောဖြစ်ကြသည်။ ကြွေ့အတွက် သူ့အသက်ကိုတောင်စွန့်ဝံ့သူမို့ လရောင်ရဲ့အချစ်တွေကို သူလေးစားမိသည်။ ဒါပေမယ့် ကြွေကတော့ ငိုနေဆဲပင်။
လရောင် သူ့ကိုပြောခဲ့တဲ့စကားတွေကို ခွင်းသတိရနေမိ၏။ သူ့အတွက်တော့အချစ်ဆိုတာ ရယူခြင်းလည်းမဟုတ်သလို ပေးဆပ်ခြင်းလည်းမဟုတ်ခဲ့ပါ။ ဒီကမ္ဘာပေါ်မှာ သူချစ်နေတဲ့သူ ပျော်ရွှင်စွာ ရှင်သန်နေသည်ဆိုတဲ့စိတ်ကလေးပါပဲတဲ့။ ကြွေ့ကို သူချစ်ခဲ့တာဟာ ပိုင်ဆိုင်လိုတာထက် ပျော်ရွှင်စေချင်ယုံသက်သက်ပါ။ တကယ်တော့ လရောင်က သူ ကြွေ့အတွက် မျက်ကြည်လွှာလှူပေးတဲ့အကြောင်း ကြွေ့ကိုမပြောပြဖို့ သူ့ကိုပြောခဲ့ပေမယ့် သူ လက်မခံခဲ့ပေ။ လရောင်က ဒီစာကို ကြွေ့အတွက်ရေးပေးခဲ့တယ်ဆိုတာလည်း ကြွေ့စိတ်တည်ငြိမ်သွားပြီးနောက်မှ ကြွေ့ကိုပေးဖို့ထားခဲ့တာဖြစ်သည်။ ကြွေ မေးလာရင်တော့ သူသီချင်းဆိုဖို့ နိုင်ငံခြားကိုထွက်သွားတယ်လို့ပြောပေးပါတဲ့။ တောင်းပန်ပါတယ်လရောင်ရယ်။ ဘယ်လောက်ကြာအောင် လိမ်လို့ရမှာမို့လို့လဲ။ လရောင် ယာဉ်မတော်တဆမှုဖြစ်ပြီး ဆုံးသွားပြီဆိုတဲ့အကြောင်း သတင်းထဲပါလာတော့ လရောင်ရဲ့ပရိသတ်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားကြကာ ငိုကြွေးကြသလို လရောင်ရဲ့မိဘတွေလည်းဖြေမဆည်နိုင်ခဲ့ကြ။ မျက်ကြည်လွှာကိုလှူတာက လရောင်ရဲ့ဆန္ဒဖြစ်ခဲ့တာမို့လို့ သူ့မိသားစုသည်လည်း ငိုကြွေးရုံအပြင် ဘာမှမတတ်နိုင်ခဲ့။ ကားအက်ဆီးဒင့်က လရောင် တကယ်ဖြစ်တာမဟုတ်ဘဲ တမင်သက်သက်လုပ်ခဲ့တာကိုတော့ လရောင်ကလွဲပြီး ဘယ်သူမှသိမှာမဟုတ်ပေ။
📨📨📨
ကြွေ့ဘဝမှာ ပထမဆုံးပတ်သက်ခဲ့တဲ့သူစိမ်းယောကျ်ားလေးဟာ ကျွန်တော် ပါပဲဆိုတဲ့အချိန်တုန်းက ကျွန်တော်ဘယ်လောက်တောင် ပျော်ခဲ့လဲ ကြွေသိရဲ့လား။ အဲ့ဒီ့အချိန်ကတည်းက ကျွန်တော် ကြွေ့ကိုပျော်အောင်ထားပေးမယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။ ကြွေရယ်... အဲ့ဒါကြောင့် ကြွေ လုံးဝမငိုပါနဲ့နော်။ ကြွေ့ဘေးမှာ ကျွန်တော်မရှိပေမယ့် ကိုခွင်းတစ်ယောက်လုံးရှိနေတာပဲလေ မဟုတ်ဘူးလား။ ကိုခွင်းကလည်း ကြွေ့ကိုပျော်အောင်ထားပေးမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒီအဖြစ်အပျက်လေးဟာ ကြွေတို့အတွက် မင်္ဂလာလက်ဖွဲ့လေးအဖြစ် မှတ်ယူလိုက်ပါနော်။ ကိုခွင်းနဲ့ကြွေတို့ ပျော်ရွှင်စွာ သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေလို့ ကျွန်တော် တောင်ဆုခြွေလိုက်ပါတယ် ကြွေ...
📨📨📨
"ကြွေ မငိုနဲ့တော့နော်..."
ကြွေ ကိုကို့ကိုမော့ကြည့်လိုက်တော့ ကိုကိုက ကြွေ့ပခုံးကိုဖက်ထားရာကနေ ကြွေ့ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
"ကြွေငိုရင် လရောင်ရဲ့မျက်ကြည်လွှာလေးလည်း ထိခိုက်နာကျင်ရမယ်ဆိုတာတွေးရမယ်လေ ကြွေရဲ့... မငိုရဘူးနော်..."
"ကိုကိုရယ် ကြွေ ဘယ်လိုမေ့ပျောက်ရမှာလဲ... ကြွေ့ဘဝကဆိုးခဲ့လို့ အခုလို ရင်းနှီးရတဲ့သူတွေထိခိုက်နစ်နာရတာ... ကြွေ... ကြွေ စင်ဒရဲလားဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး ကိုကိုရယ်..."
"ကြွေ့ဘေးမှာ ကိုကိုတစ်ယောက်လုံး ရှိနေတာပဲကိုကြွေရယ်... ကိုယ်က ကြွေပျော်အောင်ထားပေးမှာပေါ့ မငိုနဲ့တော့နော်..."
"ဟုတ်ကဲ့ ကိုကို..."
ခွင်း လရောင်အုတ်ဂူဆီသို့အကြည့်တွေရောက်သွားလေသည်။ လရောင် မင်းကျေနပ်တယ်မို့လား။ အကို ကြွေပျော်အောင်ထားပေးမှာပါ။ နောက်ဆို ကြွေ ဘယ်တော့မှမငိုစေရတော့ပါဘူး။ မင်းဆန္ဒတွေကို အကိုဖြည့်ဆည်းပေးမှာပါ မင်း ကြွေ့ကို စိတ်ချလက်ချထားခဲ့ပါတော့ကွာ။
လရောင်ကတော့ တမလွန်မှာ ကြည်နူးဝမ်းသာနေမှာအမှန်ပင်။ သူ့ဆန္ဒတွေကို ခွင်း ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာကိုလည်း သူယုံကြည်သည်။ အခုဆိုရင် သူ ကိုခွင်းလက်ထဲမှာ ကြွေ့ကို စိတ်ချလက်ချထားခဲ့နိုင်တော့မှာ အမှန်ပါပဲ...
ဘဝမှာ တကယ်ချစ်မိတဲ့သူတိုင်း နာကျင်စွာခံစားကြရပေမယ့် သူတို့ချစ်မိတဲ့လူတိုင်းအတွက် သူတို့အသက်ကိုတောင်စွန့်လွှတ်ဖို့ ဝန်မလေးတဲ့လူတွေလည်းရှိသေးတာပဲဆိုတာ လရောင်ဟာ သက်သေပြသွားခဲ့တာဖြစ်သည်။ ဘဝမှာ အောင်မြင်ကျော်ကြားလိုမှု ကြွယ်ဝချမ်းသာလိုမှုတွေထက်အရေးကြီးတာက ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်စေလိုမှုပင်ဖြစ်ကြောင်း လရောင်က အားလုံးသိအောင် လုပ်ပြသွားခဲ့ခြင်းဖြစ်သည်။ ချစ်သောသူတိုင်း ပေါင်းဖက်နိုင်ကြပါစေဟု ဆန္ဒပြုလျှက်...
💏💏💏💏💏💏💏
ပြီးပါပြီ။[သဘောကျကျေနပ်မယ်ထင်ပါတယ်။ လရောင်အတွက် စာဖတ်သူတွေဘယ်လိုခံစားနေရမှန်းတော့မသိဘူး စာရေးသူကတော့ ရေးနေရင်းမျက်ရည်ကျမိပါတယ်။]
#####
အိမ်မက်ကြယ်(ခ)ကြယ်လေး
أنت تقرأ
စင်ဒရဲလား (Completed)
عاطفيةပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜