အခန်း(၃)

616 17 0
                                    

💑 စင်ဒရဲလား 💑
💋 အခန်း(၃)💋

"ကျောင်းမထားပေးရင် ပတ်ဝန်းကျင်က ဘယ်လိကျောင်းဆက်ဆယ်တန်းကို ရိုးရိုးပဲအောင်လို့ ကျောင်းဆက်မထားပေးတာဆိုရင်တစ်မျိုးပေါ့... အခုက ဂုဏ်ထူးကို ငါးဘာသာပါထားတာ..."

"ဖေဖေကလည်း နေခြည် သူနဲ့ ကျောင်းအတူတူမတက်နိုင်ဘူး... သူက နေခြည်တို့အိမ်မွာ အစေခံပဲ..."

"နေခြည်..."

ဦးနေကျော် သမီးဖြစ်သူကို အော်လိုက်တော့ နေခြည် ငြိမ်သြားကာ

"ဖေဖေ... သူ့ကို အဝေးသင်ပဲတက်ခိုင်းလိုက်ပါလား..."

အဖေဖြစ်သူရဲ့စိတ်ကို နေခြည်သိတော့ ဇွတ်အတင်းကြီး မပြောရဲတော့ပေ။

ဦးနေကျော် ခေါင်းရမ်းလိုက်ကာ

"မဖြစ်ဘူး သမီး... ကြွေ့ကို သမီးတို့နဲ့အတူတူတက်ခိုင်းမှဖြစ်မွာ..."

"ဘာဖြစ်လို့လဲ ကိုကျော်... သမီးပြောသလို အဝေးသင်နဲ့ဘွဲ့တစ်ခုရအောင်လုပ်ပေးလိုက်ရင်ရော ဘာဖြစ်သွားမှာမို့လို့လဲ... ဘွဲ့ရသွားရင်ရော သူက အိမ်ထဲကအိမ်ပြင်ထွက်ရမှာမှမဟုတ်တာ..."

ဦးနေကျော် မိန်းမဖြစ်သူ ဒေါ်သန္တာ့ကို စိတ်တိုစွာကြည့်လိုက်ပြီး

"သူကလူကြ... ငါတို့အမြဲတမ်းပိတ်လှောင်ထားရအောင် ယုန်ကလေး ငှက်ကလေးတွေလိုမျိုးသတ္တဝါမဟုတ်ဘူး..."

ဦးနေကျော့်စကားကြောင့် ဒေါ်သန္တာမျက်နှာကြီးမ့ဲသွားကာ ဦးနေကျော်ကို မျက်စောင်းထိုးလိုက်လေသည်။

"အ့ဲဒီ့တော့ တော်က မိကြွေကို နေခြည်တို့နဲ့အတူတူ တက္ကသိုလ်တက်ခိုင်းမယ်ဆိုတ့ဲသဘောလား..."

"ဟုတ်တယ် တက်ခိုင်းရမယ်..."

"သန္တာသဘောမတူဘူး ကိုကျော်..."

ဦးနေကျော် ဒေါသထွက်သြားကာ မတ်တပ်ရပ်လိုက်ပြီး

"ဘာလဲ... အ့ဲဒါနဲ့ပဲငါက သူ့ကို တက္ကသိုလ် မတက်ခိုင်းရတော့ဘူးပေါ့ ဟုတ်လား..."

ဒေါ်သန္တာနဲ့နေခြည် ပြိုင်တူခေါင်းငြိမ့်လိုက်ကာ

"ဟုတ်တယ်... ကိုကျော်...."

စင်ဒရဲလား (Completed)Donde viven las historias. Descúbrelo ahora