💏 စင်ဒရဲလား 💏
💋အခန်း(၆)💋"ကိုခွင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ..."
သက်တန့် ညီဖြစ်သူကိုကြည့်လိုက်တော့ ညီဖြစ်သူမျက်နှာက တစ်စုံတစ်ခုကို မကျေနပ်သလို တင်းမာလျှက်ရှိနေသည်။
"ခွင်းနဲ့ဘယ်လိုမှတော့ မပတ်သက်ပါဘူး.. ဘာလို့လဲ ညီက အဲ့မိန်းကလေးကိုသိလို့လား..."
လရောင် အမှန်အတိုင်းမပြောဘဲ လိမ်ဖို့ဆုံးဖြတ်လိုက်၏။
"ဟင့်အင်း... "
သက်တန့် ဆိုဖာပေါ်ကထလိုက်ကာ ညီထိုင်နေတဲ့ သစ်သားကုလားထိုင်နားသို့ လျှောက်သွားလိုက်လေသည်။
"ဒါဆို စုံစမ်းပေးလိုက်ပါလား ညီ... ခွင်းက အဲ့ကောင်မလေးအကြောင်းကို သိချင်နေတာ... နောက်ပြီး ညီကလည်း E မေဂျာကဆိုတော့ သိမှာပါ... မေဂျာမတူရင်တောင် ညီက စုံစမ်းနိုင်ပါတယ်ကွာ...."
လရောင် မခန့်လေးစားဖြင့်ရယ်လိုက်မိလေသည်။
"သူက ဘာလို့ ညီ့ကို အကူအညီလာတောင်းရတာလဲ ကိုကို..."
သက်တန့် ညီ့ပခုံးကိုပုတ်လိုက်ကာ
"ညီက တခြားသူတွေထက် နှံ့နှံ့စပ်စပ်ရှိလို့ပေါ့... နောက်ပြီး သူလိုလူမျိုးက မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး သူစိမ်းတစ်ယောက်ဆီကနေ အကူအညီတောင်းဖို့ အဆင်မပြေလို့လေကွာ... ညီ သူတို့မိသားစုအကြောင်းသိတယ်မို့လား..."
လရောင် လက်နှစ်ဖက်ကို ပူးယှက်ပြီးဆုပ်ထားလိုက်ကာ ကိုကို့ကိုမော့ကြည့်လိုက်လေသည်။
"ဟင့်အင်း ညီမသိဘူး... ကိုခွင်းနဲ့ပတ်သက်ပြီး စိတ်လည်းမဝင်စားဘူး ကိုကို..."
သက်တန့် ညီ့ကို ဘယ်လိုအကူအညီတောင်းရမလဲ စဉ်းစားမရတော့။
"မဟုတ်ဘူးလေ ညီရဲ့... သူ့လိုလူမျိုးက အခုလိုအကူအညီတောင်းတာကို ကိုကိုတို့က ကူညီရမှာပေါ့... နောက်ပြီး ကိုကိုတို့မှာ ဘာအရှုံးမှမရှိပါဘူးကွာ..."
ESTÁS LEYENDO
စင်ဒရဲလား (Completed)
Romanceပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜