💏 စင်ဒရဲလား 💏
💋အခန်း(၅)💋"ဖြန်း..."
"အား..."
ယိုင်ထွက်သွားတဲ့ခေါင်းကို ကြွေထိန်းစရာမလိုပါဘဲနဲ့ မမနေခြည်က ဆံပင်ကိုဆောင့်ဆွဲကာ ခေါင်းကိုပါ ထိန်းထားလေသည်။
"ပြောစမ်း... ဒီနေ့မှကျောင်းစတက်တယ်... နင့်ဘေးမှာ စကားလိုက်ပြောတဲ့ကောင်က ဘယ်သူလဲ မိကြွေ..."
ကြွေ မျက်ရည်တွေကြားထဲကနေ ခေါင်းကိုရမ်းလိုက်ကာ
"ကြွေ မသိပါဘူး မမနေခြည်ရယ်... သူ့ဟာသူ ကြွေ့ကိုစကားလာပြောနေတာပါ..."
မမနေခြည်က ကြွေ့ဆံပင်ကိုလည်းမလွှတ်သေး။ လက်ကလည်း ကြွေ့ကိုပါးရိုက်ဖို့ရွယ်ထားကာ
"ဪ... အဲ့ဒါဆို နင့်နာမည်ကိုရော ဘယ်လိုသိလဲ... သူက နင်တို့မေဂျာက ဆရာမို့လို့ နင့်နာမည်ကိုသိတာပေါ့ ဟုတ်လား မိကြွေ..."
"ကြွေ... ကြွေ တကယ်မသိတာပါ မမနေခြည်ရယ်..."
"သူကမသိဘူးလို့ပြောနေတာကို မမနေခြည်ရယ်.. ဘာလို့အတင်းမေးနေရတာလဲ..."
နေခြည် စိတ်တိုစွာဖြင့် ရွှေရည့်ကို လှည့်ကြည့်လိုက်ကာ
"နင် ဘာမှမသိဘဲ ဝင်မပြောနဲ့ ရွှေရည်... အဲ့ဒီ့ လရောင်သွေးဆိုတာ ဘယ်သူလို့ နင်ထင်နေလဲ..."
ရွှေရည်က စိတ်မဝင်စားသလို တခြားဘက်သို့လှည့်သွား၏။
"သူက ငါတို့မေဂျာက King တွေထဲကတစ်ယောက်ရဲ့ညီ... ရေလျှံနေတဲ့လူစားမျိုးတွေ... သူနဲ့ပတ်သက်နေတယ်ဆိုကတည်းက..."
"သူက ဘယ်သူ့ကိုသွားပတ်သက်ရဲမှာမို့လို့လဲ... မမနေခြည်ဒီလောက်တောင်လုပ်ထားတာ... သူက ဘယ်သူ့ကိုမှတောင် စကားပြောရဲမှာမဟုတ်ဘူး..."
"ကြွေမသိတာအမှန်ပါ... ကြွေ ကျောင်းရောက်ရောက်ချင်း သူ ကြွေ့ကိုစကားတွေအတင်းလိုက်ပြောခဲ့တာပါ..."
"အေးပေါ့... နင်ကချောနေလှနေတော့ ဟိုက နင့်ကို အတင်းလိုက်ရောနေဦးမယ်... တော်စမ်းမိကြွေ... ငါ့ကို ယုံတမ်းစကားတွေလာပြောမနေနဲ့... နင် လရောင်သွေးကို အားကိုးရှာမယ်ကြံလို့ကတော့ ငါ့လက်ဝါးအကြောင်း နင်သိတယ်နော်...."
KAMU SEDANG MEMBACA
စင်ဒရဲလား (Completed)
Romansaပုံပြင်ထဲကစင်ဒရဲလားလေးလိုမျိုး အရမ်းသနားစရာကောင်းတဲ့ 'ကြွေ'ဆိုတဲ့မိန်းကလေးနဲ့ အရာရာပြီးပြည့်စုံပြီး မင်းသားတစ်ပါးလို ချောမောခန့်ညားတဲ့ ကျောင်းက king 'ခွင်း'ဆိုတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ 💜