1. Falling (Zawgyi)

1.8K 142 14
                                    

အင်္ကျီလက်ကြယ်သီးဆိုတဲ့အရာက ဒီကမ္ဘာပေါ်မှာ ဘာလို့ပေါ်လာရတာလဲလို့ မတွေးပဲကိုမနေနိုင်။ ဘယ်လက်ကြယ်သီးကို ညာနဲ့တပ်ရတာက တော်သေးတယ်။ ညာလက်ကြယ်သီးကို ဘယ်နဲ့တပ်ရတာက တော်တော်ကိုမထော်မနန်းနိုင်သည်။ မှန်ထဲမှာ ညာဘက် လက်တစ်ဖက်ကိုထောင်ရင်း ကြယ်သီးတပ်နေတာ ငါးမိနစ်လောက်ကြာလာတော့ ဒေါသထွက်လာလို့ တောက်တစ်ချက်ခေါက်ပြီး တပ်ပြီးသား ဘယ်ဘက်လက်က ကြယ်သီးကိုပါဖြုတ်ချလိုက်တယ်။ ဒီအက်ႌေတာ့ တသက္ဝတ္မေနေတာ့ဘူး။

အင်္ကျီလက်ကြယ်သီးနှစ်ဖက်လုံးမတပ်ပဲ ကုတင်ပေါ်မှာ ကန့်လန့်ဖြတ် ပက်လက်လှဲရင်း မျက်နှာကြက်ကိုငေးလို့ ဆေးလိပ်သောက်နေတဲ့ သူ့ကို ရေချိုးခန်းထဲက ထွက်လာတဲ့ လန်ကျန့်က မျက်ခုံးတစ်ဖက်ပင့်ကြည့်သည်။

"ဘာဖြစ်လို့လဲ ဝေ့ရင်း"

"ဟင့်အင်း"

လန်ကျန့်က ရေစိုနေတဲ့ ဆံပင်ရှည်တွေကိုသုတ်ရင်း သူ့ဘေးက ကုတင်နေရာလွတ်မှာ ဝင်ထိုင်သည်။ လန်ကျန့်ဆံပင်တွေက ဂုတ်ကျော်အောင်ရှည်နေပြီ။ သူက ညှပ်ပေးရမှာပျင်းတာရယ်။ သူသာညှပ်မပေးရင် လန်ကျန့်က ဘယ်လောက်အရှည်ထိ ထားမယ်ဆိုတာ သိချင်တာရယ်နဲ့ တမင်ညှပ်မပေးသေးတာ။

လန်ကျန့်က ဘာမှမပြောပဲ သူ့လက်တစ်ဖက်ချင်းစီကိုဆွဲပြီး လက်ကြယ်သီးတပ်ပေးနေသည်။ ကြယ်သီးပေါက်က ခပ်ကျဉ်းကျဉ်းမို့ လန်ကျန့်အာရုံစိုက်ပြီး မျက်ခုံးတွေ တွန့်ချိုးထားပုံက ကြည့်ကောင်းလွန်းတာမို့ ဝေ့ရင်းက သူ့နှုတ်ခမ်းက ဆေးလိပ်ကိုဖြုတ်ပြီး လန်ကျန့် နှုတ်ခမ်းမှာ တေ့ပေးလိုက်တော့ လန်ကျန့်က တစ်ဖွာ ဖွာသည်။

ဝေ့ရင်းက မွေ့ယာပေါ်က ခုန်ထပြီး လန်ကျန့် နှုတ်ခမ်းတွေကို မက်မက်မောမောရှိုက်နမ်းလိုက်သည်။ လတ်လတ်ဆတ်ဆတ် စီးကရက်နံ့နဲ့ ရေချိုးပြီးကာစလတ်ဆတ်နေတဲ့ ရနံ့တွေက ယစ်မူးစရာကောင်းလှတာမို့ သူ့လက်တွေက အဝတ်ကင်းမဲ့နေတဲ့ လန်ကျန့်ရဲ့ကိုယ်ခန္ဓာပေါ် ပြေးလွှားပွတ်သပ်သွားတော့သည်။ ရေစက်တချို့တင်ကျန်နေဆဲ ကျစ်လစ်နေတဲ့ ကြွက်သားစိုင်တွေက ဝေ့ရင်းရဲ့ အထိအတွေ့အောက်မှာ ပိုမိုတောင့်တင်းလာသည်။

FIRE WATERWhere stories live. Discover now