5. WATER

12.3K 1.5K 22
                                    

(Zawgyi)

ဝမ်ရိပေါ် - ရှောင်းကျန့်

ကျောင်းခေါင်မိုးထက်ကနေ မြင်ရတဲ့ မြင်ကွင်းက အဲ့လောက်လှလှပပကြီးတော့ မဟုတ်။ ဒါပေမယ့် မြင်နေကျအရာတွေကို ရှုထောင့် တစ်မျိုးကနေကြည့်ရတာလဲ နှစ်လိုစရာပဲ မလား။

သူတို့အောက်ကနေ ကြည့်ရင် ဒီခေါင်မိုးပေါ်မှာ စားပွဲခုံအဟောင်းတွေ သေတ္တာ အစုတ်တွေနဲ့ ရှုပ်ထွေးစုတ်ပြတ်နေတာကို မမြင်နိုင်သလို။ ကျောင်းက မြက်ခင်းပြင်နဲ့ အားကစားကွင်းကို လှလှပပ ပုံဖော်ထားတာလဲ ဒီခေါင်မိုးပေါ်ကမှ မြင်နိုင်တာပဲ။

ဒီလိုပဲ ကောက သူ့အပေါ် မြင်တဲ့ ရှုထောင့်ကို ပြောင်းပစ်ဖို့ လိုအပ်နေပြီ။

သူ မျက်လုံးကိုမှိတ်ပြီး ဆေးလိပ်မီးခိုးတွေကို ဖြေးဖြေးချင်းမှုတ်ထုတ်လိုက်သည်။ နွေရာသီရဲ့ လေပြေညှင်းက သူ့ပါးတွေနဲ့ လည်ပင်းက ချွေးတွေကို နည်းနည်းတော့ အေးစက်သွားစေသည်။

တံတိုင်း အုတ်စွန်းမှာ သူ့လိုပဲ ဆေးလိပ်သောက်နေကြတဲ့ တတန်းထဲက ကောင်တွေ။ လွန်ခဲ့တဲ့ နှစ်နှစ် ရိပေါ်နဲ့ ရှောင်းကျန့်အတန်းကကောင်တွေ ထိုးတဲ့ ပွဲပြီးကတည်းက ကျောင်းမှာ ရိပေါ်ကို ခင်ချင်မင်ချင်သူတွေ ကပ်ဖားရပ်ဖားတွေ သိပ်များလာသည်။ ဒါပေမယ့် ရိပေါ်က သူတို့ကို အဖက်မလုပ်။ ပါပါးရဲ့ ကိုယ့်ဆီက မျှော်လင့်ချက် တစုံတရာကြောင့် မိတ်ဆွေပြုသူတွေဟာ ကိုယ်က သူတို့မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ ရန်သူအဖြစ် အလျင်အမြန်ပြောင်းသွားတတ်တယ်ဆိုတဲ့ ဆုံးမချက်ရယ် ကော ရှိနေတာကြောင့်ရယ်။

ကောသာ  သူ့နားရှိရင် ဘာမိတ်ဆွေ ဘယ်သူငယ်ချင်းမှ သူမလိုဘူး။

အခုတော့ ကောက သူ့နားရှိမနေဘူး။ သူကလဲ အရင်လို ကောနားမှာ တွယ်ကပ်ပြီး ချွဲမနေချင်ဘူး။

သူ့ရဲ့ ကောနားမှာ အချိန်ပြည့်နေမှုက အားနည်းချက်ပဲ။ ကောရဲ့ ဂရုစိုက်မှုမှာ သာယာပြီး အခုထိ ဘာမဆို ကော လုပ်ပေးမှဆိုတဲ့ အကျင့်ကြောင့် အခုထိ ကလေးလိုပဲ အမြင်ခံ​နေရတာပဲ။

ဝမ်ရိပေါ် က ကလေးမဟုတ်တော့ဘူးဆိုတာ ကောသိအောင် ဘယ်လိုလုပ်ရမလဲ။ ကောကိုပဲ သူက အားကိုးနေရတာ ကောအစောင့်အရှောက်ကိုလိုအပ်နေတာမဟုတ်ပဲ ကောက သူ့ကို တလှည့် အားကိုးတာ သူစောင့်ရှောက်ပေးနိုင်ပြီဆိုတာ သိလာအောင် ဘယ်လိုလုပ်ရမလဲ။

FIRE WATERWhere stories live. Discover now