10. FIRE

11.9K 1.4K 128
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

အေးစက် တိတ်ဆိတ်နေသည့် အခန်းထဲ။

ဖြူဖွေးနေသည့် ကုတင်ပေါ်တွင်လှဲလျောင်းနေသည့် လန်ကျန့်။ သူ့ရဲ့ လက်ဖျားလေးကို ဝေ့ရင်း ဆုပ်ကိုင်ထားရင်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။

သေနတ်ကျည်ဆံက ကံကောင်းထောက်မစွာပင် သွေးလွှတ်ကြောမနဲ့ တခြားအရေးကြီးတဲ့သွေးကြောတွေကိုမထိ။ ပုခုံးဆိုတော့ သူလှုပ်ရရှားရတော့ ခက်ဦးမည်။

လန်ကျန့် ခွဲစိတ်တာအောင်မြင်ပြီဆိုမှ သူလဲ သက်ပြင်းချနိုင်သည်။ လန်ကျန့်ရဲ့ လူယုံတစ်ယောက်ယူလာပေးတဲ့ အင်္ကျီနဲ့ သွေးစွန်းနေတဲ့ သူ့ရှပ်အင်္ကျီကိုလဲ ပြီး နည်းနည်း စားသောက်ပြီးတော့ သူလဲ စိတ်တည်ငြိမ်သွားပြီ။

လန်ကျန့် သတိရလာပြီဆိုရင်တော့ အိမ်ကိုပြန်ခေါ်သွားဖို့ စီစဉ်ရမည်။ ဆေးရုံမှာ လုံခြုံရေးက ကြာကြာမကောင်းနိုင်။

"ကော. . . "

နှုတ်ခမ်းလှုပ်ရုံအသံတိုးတိုးလေးက ဝေ့ရင်းကို အတွေးကနေ လှုပ်နှိုးသွားစေသည်။

"လန်ကျန့်. . မင်းသတိရပြီလား"

လန်ကျန့်က မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်ဖွင့်လိုက်လုပ်ရင်း သူ့ကိုပြန်အဖြေပေးသည်။ ဝေ့ရင်း ရင်ထဲက ပူပန်မှုတွေ ချက်ချင်းပျောက်ကွယ်သွားသလိုခံစားရသည်။

"မင်း ငါ့ကို စိတ်ပူအောင် သိပ်လုပ်တဲ့ကောင်"

တစ်ညလုံး မအိပ်ရသေးပဲ ကျိန်းစပ်နေတဲ့ သူ့မျက်လုံးတွေကို ပွတ်ရင်း လန်ကျန့်ကိုရီပြတော့ လန်ကျန့်က သူ့ကိုအစုန်အဆန်ကြည့်သည်။

"မင်းဘာဖြစ်သွားသေးလဲ"

"ငါဘာမှမဖြစ်ဘူး။ မင်းသာ ဘာလို့ ငါ့အစားဝင်ခံရတာလဲ ငတုံးလေး"

သူကိုင်ထားတဲ့ လန်ကျန့်လက်ချောင်းတွေကိုနမ်းလိုက်မိသည်။ တညလုံးသူဘယ်လောက်စိတ်ပူနေခဲ့ရလဲ။

ဘဝမှာ ဆုံးရှုံးရမှာကို စိုးရိမ်မိတဲ့ခံစားမှုက သူ့ဆီတဖန်ပြန်ဝင်လာတာ ကြောက်ဖို့လဲကောင်းသည်။ ရင်ခုန်စရာလဲကောင်းသည်။ ပြီးတော့ အခုလိုမဆုံးရှုံးနိုင်သေးဘူးဆိုတာ သိလိုက်ရတော့ ပျော်ဖို့လဲ ကောင်းတာပေါ့။
.
.
.
.

FIRE WATERWhere stories live. Discover now