11. FIRE

12.1K 1.4K 119
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

ဖရန်စစ်ဝေါ်လ်တာ အနေနဲ့ လေယာဉ်ပိုင်းလော့လုပ်လာတဲ့ ခုနှစ်က သူ့သက်တမ်းတဝက်မကတော့။ စစ်သားဘဝနဲ့ တိုက်လေယာဉ်တွေကနေ ကုန်တင်လေယာဉ် မှောင်ခိုလေယာဉ်တွေအထိမောင်းဖူးသည်။

အခုနောက်ဆုံး သူ့ အလုပ်ရှင်ဆီမှာ အလုပ်မြဲနေခဲ့တာကြာပြီ။ ကိုယ်ပိုင် ပရိုက်ဗိတ်ဂျက်မို့ ပင်ပင်ပန်းပန်းမရှိလှ။ ဒါပေမယ့် အရမ်းသတိထားရသည်။ စစ်သားဘဝက လာတဲ့သူမို့ တိုက်ရည်ခိုက်ရည်လဲ ရှိပြီးသားမို့ အရေးကြုံလာရင် အသင့်ဆောင်ထားတဲ့ glock ပစ္စတိုပေါ် လက်တင်ထားပြီးသား။

အထူးသဖြင့်အခုလို အခြေအနေမှာပေါ့. . .

ပြေးလမ်းပေါ်မှာ ထွက်ခွာဖို့အဆင်သင့် သူ့လေယာဉ်​ရှေ့ကို ရုတ်တရက် ကန့်လန့်ဖြတ်ပြီး  ကျည်ကာ SUV တစီး​ခေါင်းထိုးရပ်လာသည်။ ကားပေါ်က ဆင်းလာတဲ့ သူက မျက်နှာပေါ်မှာ ခနဲ့တဲ့တဲ့အပြုံးနဲ့။ ​ယောကျာ်း ပီပီသသနဲ့ သိပ်ချောမောလွန်းတဲ့ မျက်နှာသာမဟုတ်ရင် ဆွဲထိုးချင်စရာ အပြုံးမျိုး။

သူက လေယာဉ်ရှေ့မှာ ခါးထောက်ရင်း မထီတရီရုပ်နဲ့ ကြည့်နေသည်။ လက်ထဲမှာ တိုက်ခိုက်ရေးသုံး AR-15 ရိုင်ဖယ်နဲ့။

ဖရန်စစ် နားလည်ထားတာက သူ့အလုပ်ရှင်မှာ ရန်သူတွေရှိသည်။ မနေ့ကတင် ပြဿ နာ တစ်ခုဖြစ်ထားသေးသည်။ ဒီတော့ တခုခုဆို သူ့ဘက်က ဦးအောင်ပစ်မှပဲ။

လေယာဉ်မှူး ဘာမှမလုပ်နိုင်သေးခင် သူ့လေယာဉ်မယ်က ခေါင်းခန်းထဲအပြေးဝင်လာပြီး ထွက်ခွာတာကို ခဏရပ်ဆိုင်းပေးထားဖို့ အပြေးအလွှားလာသတင်းပေးသည်။ သူအရှေ့ကကောင်ကို မကျေမချမ်းကြည့်ရင်း လေကြောင်းအချက်ပြတာဝါကို လှမ်းသတင်းပို့ဖို့ အလုပ်ရှုပ်သွားရသည်။

ဝေ့ရင်းမျှော်လင့်ထားသလိုပဲ လေယာဉ်အင်ဂျင်သံတိုးသွားပြီး တံခါးပွင့်လာသည်။ သူသိပ်မျှော်လင့်မထား​ပေမယ့် လန်ကျန့်ကိုယ်တိုင်ဆင်းလာ၏။

"ဟင်း. . လန်ကျန့်"

လေယာဉ်လှေကားကနေ လူတွဲပြီးဆင်းလာရတဲ့ လန်ကျန့်ကို မြင်တော့ သူ့ဒေါသက အထွဋ်အထိပ်ကိုရောက်သွားသည်။ လန်ကျန့်အနားကို ပြေးသွားပြီး အဲ့ဒီမျက်နှာကို စုတ်ပြတ်သွားအောင် ထိုးပစ်ချင်သည်။ လန်ကျန့်ခေါင်းထဲကို စဉ်းစားဥာဏ် နည်းနည်းလောက် ထည့်ပေးလိုက်ချင်သည်။

FIRE WATERWhere stories live. Discover now