3. FIRE

14.3K 1.6K 126
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

လန်ကျန့် လန်ကျန့်

မင်းဘယ်လိုလူလဲ လန်ကျန့်. . .

စကားပြောမတတ်တဲ့ ကျန်းချန်အစား လန်အိမ်နဲ့ ဆွေးနွေးဖို့ ဝေ့ရင်းရဲ့တာဝန်ပဲ။

ဒါပေမယ့် ဒါမျိုး ကိစ္စဆွေးနွေးဖို့ဆိုတာက လမ်းဘေးမှာ ကန်စွန်းရွက်ဝယ်သလိုပြောလို့ မပြီးသလို လာဟေ့ အလုပ်ကိစ္စအစည်းအဝေးထိုင်မယ်ဆိုပြီး ပါဝါပွိုင့်တွေနဲ့ presentation လုပ်စရာလဲမဟုတ်။

အဲ့ဒီတော့ လန်ကျန့်ရှိနေမယ့် နေရာကို သူလိုက်သွားရတာပဲ။

ဝေ့ရင်းဘဝမှာ နေရာစုံရောက်ဖူးပေမယ့် ရေချိုးဆောင်ကိုတော့ ပထမဆုံးရောက်ဖူးတာလို့ဆိုရမယ်။

အစောင့်အရှောက်အထပ်ထပ်နဲ့ သေချာစစ်ပြီးမှ ဝင်လာရသည်။ ဒီလို  ရေချိုးဝတ်ရုံပါးပါးလေးပဲ ပါတဲ့ခန္ဓာကိုယ် ဘယ်နားမှာများ လက်နက်ဖွက်သယ်လာမယ်လို့ လန်အိမ်က သက်တော်စောင့် ငတုံးတွေက တွေးလဲမသိ။ ဝေ့ရင်းလူ စောက်ပျင်းတွေသာဆို မြန်မြန်သွားစမ်းပါကွာဆိုပြီး ဖင်ဆောင့်ကန်သွင်းလိုက်မယ်ထင်သည်။

သူ့ရှေ့က လမ်းပြကောင်မလေးခေါ်သွားတဲ့နေရာက ဝါးပင်တွေ တောအုပ်တစ်ခုလို ပတ်ပတ်လည် ကာထားပြီး ပြတင်းပေါက်အရှည်ကြီးတွေနှင့် ခန်းဆောင်။ ကျောက်တုံးတွေစီထားသည့်ရေကန်ထဲက ကန့်နံ့ထွက်နေတဲ့ ရေပူစမ်း အငွေ့တွေကြောင့် အခန်းထဲမှာ စိုထိုင်းမှုန်မှိုင်းနေ၏။

ရေကန်အစပ်နားထိ သူတိုးသွားတော့မှ ကန်ထဲမှာ ရေစိမ်နေသည့် လန်ကျန့်။ ကန်ဘောင်ကိုမှီပြီး လက်တင်ထားသည့် သူ့ပုခုံးတွေကို ကောင်မလေးတစ်ယောက်က နှိပ်ပေးနေသည်။ ရေစိုနေသည့် သူ့ဆံပင်ရှည်ရှည်တွေ ပုခုံးပေါ်ကျနေပုံက မိန်းမ မဆန်ပဲ ပိုယောကျာ်းပီသနေစေသလိုလို။ ဒါပေမယ့် မျက်မှန်မပါတော့ သူ့မျက်နှာ နုနုငယ်ငယ်လေးဆိုတာ ပိုသိသာသည်။

ဝေ့ရင်း နှုတ်ခမ်းတဖက်ထဲ ကွေးပြီးပြုံးလိုက်သည်။

"အား. . လန်အိမ်က ချမ်းသာတယ်ဆိုတာ တကယ်ပဲကိုး. . . ဒါမျိုးနေရာ မကာအိုမှာ ရှိလိမ့်မယ်ဆိုတာမသိခဲ့ဘူး"

FIRE WATERWhere stories live. Discover now