Gray Zone (Zawgyi)

6K 393 31
                                    

ပင်လယ်ပြင်ပြာပြာ၊ ရေလှိုင်းကဖွေးဖွေး၊ လေပြည်တညှင်းညှင်းနဲ့ နေကလဲသာလို့ သာယာလိုက်တာ သာယာလိုက်တာနဲ့ ချီးသာယာ ချီးပဲ ချီးပဲ။

ရွှယ့်ယမ် ဖြစ်နိုင်ရင် ကျောက်စွန်းထိပ်တက်ပြီး တစ်လောကလုံးကိုတောင် လှန်ဆဲ ပစ်ချင်တာ။

သူမနေနိုင်တော့ဘူး။ တစ်နေ့ တစ်နေ့ ဒီဘာမှကြည့်စရာမရှိတဲ့ ရေပြင်ရယ်၊ စောက်ဘဝင်ကိုင်နေတဲ့ ဝေ့ရင်းရယ်နဲ့ မနေနိုင်တော့ဘူး။

ဖုန်ထူကားကြပ် မီးခိုးမွှန်နေတဲ့ မကာအိုကိုပြန်သွားပြီး အလေလိုက်ချင်နေပြီ။

လက်ထဲက အရသာတစ်စက်မှမရှိတဲ့ အေးစက်ဂေါက်ဂတ် အသားညှပ်ပေါင်မုန့်ကိုလွှင့်ပစ်လိုက်တယ်။ စောက်အရသာမရှိတဲ့ဒီအစားအစာတွေကိုလဲ မစားချင်တော့ဘူး။ လူစားတဲ့ဟာတွေမှ ဟုတ်ရဲ့လား။ အရွက်ဆိုတာ ဒီလိုအစိမ်းလိုက် ဆီစမ်းပြီးသုတ်စားဖို့မဟုတ်ဘူး။ ပဲငံပြာရည် ခရုဆီလေးနဲ့ကြော်မှ။ ပြီးတော့အသားတွေ ဘာအရသာမှမရှိ အတုံးလိုက်အတစ်လိုက်ကင်ထားတာ။ ဟင်းခတ်အမွှေးအကြိုင်ဆိုတာ မကြားဖူးကြဘူးလား။ ဟိုဖင်မြင့်နေတဲ့ စောက်ရူးကောင် ဝေ့ရင်းက လွဲရင် ဒါကိုဘယ်သူမှမစားနိုင်ဘူး။ အဲ့ကောင်တစ်ကောင်ပဲ မသိရင် သူက ဂရိမှာ မွေးလာတဲ့အတိုင်း ဝိုင်လေးတမြုံ့မြုံ့နဲ့ လုပ်နေတာ။

ပြန်မယ်။ မကာအိုကိုပဲ ပြန်မယ်။ ဟိုမှာ ဦးလေးချောင်းရဲ့ မုန်ညှင်းချဉ်ခေါက်ဆွဲ ချဉ်ငံစပ်ကိုစားမယ်။ ပဲပြားအချဉ်နဲ့ ဝက်သားရောကြော်ခိုင်းမယ်။

စဉ်းစားနေရင်းကို ဗိုက်ထဲက ဆန္ဒပြပွဲဆီက တဂွီဂွီအသံတွေက အချက်ပြနေသည်။ အခုထိ နောက်ကြောင်းမရှင်းသေးလို့ဆိုပြီး ပြန်မခေါ်တဲ့ ကျန်းချန် ငနွားလဲ ချီးတွင်းထဲ ပြုတ်ကျပြီး အသက်တစ်ချက်ရှူတိုင်းချီးမွမ်းလို့ ဦးဏှောက်ထဲအထိ ချီးရောက်ပါစေလို့ ကျိန်ဆဲပစ်လိုက်သည်။

ရွှယ့်ယမ် ဒေါသကထွက်နေပါတယ်ဆိုမှ ဘယ်နားကြည့်ကြည့် သူ့ဆွေမျိုးပေါက်ဖော် တရုတ်ချည်းပဲ။ ဂရိငတုံးတွေဟာ စီးပွားရေးအကွက်မမြင်တတ်တာ။ ပါရီမှာတောင် အီဖယ်မျှော်စင်အောက် တရုတ်စားသောက်ဆိုင်ဖွင့်နေပြီ အခုထိ သူတို့က ဆလပ်လို့ ပါစတာလို့ကောင်းတုန်း။ စိတ်တိုလာပြီး အားလုံးကို သေနတ်နဲ့ မွှေ့ပစ်ချင်လိုက်တော့တယ်။

FIRE WATERWhere stories live. Discover now