10. Falling (Unicode)

5.6K 457 91
                                    

"ဝေ့ရင်းကို ကိုယ်ပထမဆုံးစမြင်ဖူးတာ ဓာတ်ပုံထဲမှာ။ အဲ့ဒီထဲမှာ ဝေ့ရင်းက အနီပေါ်မှာအနက်ရောင်အဆင်လေးတွေပါတဲ့ ရှပ်အင်္ကျီကို ရင်ဘတ်ဟပြီးဝတ်ထားတာ။ ဝေ့ရင်းအသားကဝင်းပြီး အင်္ကျီနဲ့ဆန့်ကျင်ဘက် ထင်းနေတာပဲ။ ကျန်းချန်နဲ့အတူ ပါတီတစ်ခုကအပြန်ပုံထင်တယ်။ ကားထဲက ထွက်လာတဲ့ ဝေ့ရင်းပုံက နည်းနည်းလေးမူးနေသလိုလေး။ မျက်လုံးတွေက ကင်မရာကိုကြည့်နေပေမယ့် ရီဝေဝေနဲ့ မျက်သားတွေက နဲနဲရဲနေတယ်။ ကိုယ် အဲ့ဒီတုန်းက ကျန်းချန်က ဝေ့ရင်း ချစ်သူလားဆိုပြီး သဝန်တိုမိသေးတယ်။"

လန်ကျန့်စကားပြောသံနှင့် လှိုင်းပုတ်သံ၊ မော်တော်စက်သံ ခပ်အုပ်အုပ်ကလွဲလျှင် လရောင်အောက်က ပင်လယ်က တိတ်ဆိတ်နေသည်။

"ကိုယ် အဲ့ဒီမှာ ဝေ့ရင်းကို တစ်ခေါက်လောက်တော့ မြင်ဖူးအောင် သွားကြည့်မယ်ဆိုပြီး မကာအိုကိုရောက်လာခဲ့တာ။ မင်းက သိပ်ဆိုးတာပဲဝေ့ရင်းရာ။ ပထမဆုံးအကြိမ်မင်းကိုတွေ့တုန်းက ကိုယ်အရမ်းကြောက်မိတယ်။ မင်းက စားပွဲဟိုဘက်ထိပ်ကနေ ကိုယ့်ကိုကြည့်နေတာ စပါးကြီးမြွေတစ်ကောင်က ကိုယ့်ကို ညှို့ယူနေသလိုမျိုး။ ကိုယ့်တစ်ကိုယ်လုံးမလှုပ်ရှားနိုင်တော့ပဲလောင်ကျွမ်းတော့မလိုမျိုးခံစားလိုက်ရတာ။ ကိုယ့်ကိုယ်ကို တဖွဖွပြောတယ် မင်းက အန္တရာယ်အရမ်းများတယ်လို့ မဖြစ်နိုင်ဘူးလို့။ ဒါပေမယ့် ကိုယ်မင်းကိုထပ်ထပ်ပြီးတွေ့ချင်တယ်။ မင်းနဲ့ရင်ဆိုင်တွေ့တိုင်း မင်းနဲ့စကားပြောတိုင်း ကိုယ်ပိုပိုပြီးကြောက်လာတယ်။ မင်းက ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ ဒီလောက်ဆိုးနေရတာလဲဆိုတာ။"

လန်ကျန့်စကားကို ဝေ့ရင်းက ရယ်ချင်ပေမယ့် သူမလှုပ်နိုင်။ လန်ကျန့်ရဲ့လက်တစ်ဖက်က သူ့ကိုပွေ့ထားပြီး ကျန်လက်တစ်ဖက်က အေးစက်လာသည့် ဝေ့ရင်းလက်ဖျားတွေကို ဆုပ်နယ်နေသည်။

"ကိုယ်လေ မီကော့စ်နော့စ်မှာ မင်းကိုလာမတွေ့ခင်က ကိုယ့်ကိုယ်ကို အထပ်ထပ်ကတိပေးတယ်။ ဒါမင်းကိုသွားတွေ့တာ နောက်ဆုံးပဲလို့။ ဒါပေမယ့် အဲ့ဒီကနေ ရှန်ဟိုင်းကို ပြန်ရောက်တော့ ကိုယ်နောင်တရမိတယ်။ မင်းကိုရိုက်ထားတဲ့ ပိုလာရွိုက်ပုံလေးကိုကြည့်ရင်း ကိုယ်မင်းကို လိုချင်တယ်ဆိုတာ ပိုပိုပြီးသိလာတယ်။ ရှန်ဟိုင်းမှာ ကြာကြာမနေနိုင်ပဲ ကိုယ်မင်းဆီကိုပဲ ပြန်လာချင်နေတယ်။ ကိုယ်တောင်းပန်ပါတယ် ဝေ့ရင်းရာ။ ကိုယ်မင်းကိုအစကတည်းက ပွင့်လင်းခဲ့သင့်တယ်။ ကောအကြောင်းကိုပြောပြခဲ့သင့်တယ်။ ကိုယ့်ကိုမင်းလက်မခံမှာ မရွေးချယ်မှာကြောက်ပြီး အားလုံးကို ဖုံးကွယ်ခဲ့မိတယ်။ ဝေ့ရင်း ကိုယ်ပြောတာ ကြားတယ်ဟုတ်။ အိပ်ပျော်မသွားနဲ့နော်။ ကိုယ်စကားပြောတာ နားထောင်နော်"

FIRE WATERWhere stories live. Discover now