8. Falling (Unicode)

2.6K 333 54
                                    

"ခုန ဘာပြောလိုက်တာ"

ဝေ့ရင်းဘေးပတ်လည်က ဆူညံနေတဲ့ သီချင်းသံတွေနဲ့ လူသံတွေ ရုတ်ချည်းငြိမ်ကျသွားသည်။ မိန်ရှောင်းက တော့ DJ boothမှာ ကြက်သေသေရင်းရပ်နေသည့် DJ ကောင်လေးကို တစ်ချက်လှမ်းကြည့်ပြီး ခံစားချက်မရှိသလို မျက်နှာထားနှင့်

"ကျွန်မ လက်ထပ်တော့မယ် ဝေ့သခင်လေး"

"ထပ်ပြောကြည့်"

"ကျွန်မ လက်ထပ်တော့မယ်လို့"

မိန်ရှောင်းကို ကြည့်နေသည့် ဝေ့ရင်းမျက်နှာက ပြိုတော့မယ့် မိုးလို ချက်ချင်းညှိုးသွားသည်။

"ဘာလို့လဲ ဘာအတွက်လက်ထပ်မှာလဲ"

ဝေ့ရင်းက မိန်ရှောင်းကို ကြည့်ရင်းမျက်နှာက တဖြည်းဖြည်းချင်းမဲ့လာရာကနေ ဗြဲကနဲငိုချတော့သည်။ အချိန်ကိုက်ပဲ ခုနကတင် သေနတ်နဲ့အပစ်ခံထားရတဲ့ DJ ကလဲ သီချင်းပြန်ဖွင့်ပေးတာက ကျန့်ဝေရဲ့ Don't cry တဲ့။ မိန်ရှောင်းက မဲ့ပြီးကြည့်တော့ DJ က စပ်ဖြဲဖြဲနဲ့ရယ်ပြသည်။

ဝေ့ရင်းက ခေါင်းထောင်ကြည့်ပြီး ထအော်သည်။

"ငါ့သေနတ်ပြန်ပေးစမ်း"

ခုနက သူပစ်ထားတဲ့ သေနတ်ကိုပြန်အော်တောင်းတော့ တစ်ယောက်က သွားကောက်ပေးရသည်။ ဝေ့ရင်း သေနတ်ပစ်သည်ဆိုတာက သေနတ်ကို အလုံးလိုက်အထည်လိုက် ကောက်ပေါက်ပြီးပစ်တာမျိုး။ Basement 2 ထဲ တဒိုင်းဒိုင်းနဲ့ထပစ်လို့ကတော့ မာမားလျန်က သူ့ကို ဂုတ်ကဆွဲပြီး ကန်ထုတ်မှာလေ။ ကျန်းချန်က ဝေ့ရင်းကို သေနတ်မပါပဲ ဘယ်မှမသွားရဆိုလို့ သေနတ်ယူခွင့်မရှိတဲ့ Basement 2 ထဲ သေနတ်ပေးသယ်ထားတာတောင်လွန်လှပြီ။

ဝေ့ရင်းက DJ ကို သေနတ်နဲ့ ထပ်ပစ်သည်။ ဒီတစ်ခါတော့ သေနတ်က ဒီဂျေစက်တင်ထားသည့် ခုံကိုမှန်ပြီး ကြမ်းပြင်ပေါ်ကျသွားသည်။ အရေးဟယ် အကြောင်းဟယ်ဆို ဒီသေနတ်က ပစ်လို့ရပါ့မလားတောင် မသေချာတော့။

"ဘာကိစ္စ မင်းက ယောကျာ်းယူရမှာတုန်း မိန်ရှောင်းရဲ့"

ဝေ့ရင်းက မိန်ရှောင်း လက်မောင်းကို လွှဲယမ်းနေရင်းက အော်ပြန်သည်။ မိန်ရှောင်းမှာ စိတ်ညစ်တာမှ သက်ပြင်းချရုံမှတပါးအခြားမရှိ။

FIRE WATERWhere stories live. Discover now