13. Burning

16.6K 1.8K 593
                                    

(Zawgyi)

"ဘယ်လိုလဲ ဝေ့ရင်း ကျေနပ်ခဲ့ရဲ့လား"

သူ့ကို ရင်းရင်းနှီးနှီးလှမ်းနှုတ်ဆက်သံကြောင့် ခြေလှမ်းကိုရပ်ပြီးကြည့်လိုက်တော့ ဒေါက်တာလန်။ ဧည့်ခန်းထဲက ဆိုဖာမှာ ကျကျနနထိုင်ပြီး သူပြန်အလာကို တမင်စောင့်နေပုံရသည်။

"မင်းတွေ့ချင်တဲ့ သူနဲ့တွေ့ခဲ့ရတယ်မလား"

သူ့မျက်နှာကို ခပ်ပြုံးပြုံးကြည့်နေတဲ့ မြေခွေးအိုကြီးကို​ဝေ့ရင်းက မခန့်တဲ့ရုပ်နဲ့ပဲ ပြန်ကြည့်လိုက်သည်။ ဝေ့ရင်းရဲ့ ကျရှုံးခန်းကိုသိပ်​မျှော်လင့်​နေတာလား။

"အင်း. . သိပ်တော့လဲ ဝိုး ဝါး ဆိုပြီး အံ့သြစရာ ဖြစ်သွားလောက်စရာတော့မဟုတ်ပါဘူး"

ဒေါက်တာလန်က ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြုံးနေသည်။ ဝေ့ရင်း ဟန်ဆောင်နေတယ်လို့ သူက စွပ်စွဲချင်သေးတာလား။

"အင်း ရှောင်းကျန့်ကတော့ မင်းကိုမြင်တာ စိတ်လှုပ်ရှားသွားပုံရတယ်။ နှလုံးခုန်တာမြန်သွားလို့ ဆရာဝန်ခေါ်ထားရတယ်တဲ့။ လန်ကျန့်ပြန်လာဖို့ နည်းနည်းကြာဦးမှာမို့ အေးအေးဆေးဆေးနားလိုက်ပါဦး"

"ရှောင်းကျန့် ဟုတ်လား. . . အဲ့ဒါ သူ့နာမည်လား. . ဟာဟ. . ဘယ်လောက်အူကြောင်ကြောင်ဆန်တဲ့နာမည်မျိုးလဲ"

ပါးစပ်ကလဲ​ပြော​နေရင်း ရှောင်းကျန့်.  ..  လန်ကျန့်.  . နာမည်နှစ်ခုကို စိတ်ထဲမှာ ရေရွတ်ကြည့်ရင်း ဝေ့ရင်းဟားတိုက် မိသည်။ ဘယ်လိုတောင် ကလေးဆန်တဲ့ ကိစ္စကြီးလဲ လန်ကျန့်ရာ။ မင်းနာမည်ကို အဲ့ဒီလူနဲ့ တမင်တူအောင်ပေးထားတယ်လို့ ငါ့ကိုလာပြောရင် ရီရတာ ပါးစပ်ကနေအူအခွေလိုက်ထွက်ကျမှာပဲ။

"ရှောင်းကျန့်ကို မင်း တခုခုတော့မလုပ်ခဲ့ဘူးမလား။ သူ့​ကော​ကောသာ ထိခိုက်သွားရင် လန်ကျန့်က တသက်လုံး စိတ်မကောင်းဖြစ်နေမှာ"

နေပါဦး ​အဖေ​က​ရော သားကပါ အခုသူ့ကို သူဌေးအိမ်က မယားငယ်လို ဆက်ဆံနေတာလား။ ဝေ့ရင်း ဆတ်ကနဲပေါက်သွားသည်။

"နေပါဦး ဒေါက်တာလန် ခင်များအသက်အရွယ်ကြီးနဲ့ ဒီလောက်အပင်ပန်းခံပြီး လိုက်ပါနေတာ လန်ကျန့်က ကျွန်တော့်နောက်ပါသွားမှာ ကြောက်နေလို့လား"

FIRE WATERWhere stories live. Discover now