FIRE WATER

32K 2.1K 12
                                    

(Zawgyi)

ဖြူဖွေးလင်းထင်းနေသည့်အခန်း။

အစွန်းအထင်းမရှိအောင် သန့်ရှင်းတောက်ပြောင်နေသည်။

ပိုးသတ်ဆေးတို့၏ အနံ့က တခန်းလုံးလှိုင်နေ၏။

သေခြင်းတရားနဲ့ ဖက်ပြိုင်တိုက်ပွဲဝင်နေရတဲ့ လူတစ်ယောက်အတွက် ထောက်ပံ့ပေးနေသည့် စက်ကိရိယာပေါင်းစုံက တတီတီမြည်သံ ခပ်မှန်မှန်

"ဘုရားသခင်. . . ကောကို ရှင်သန်ခွင့်ပေးပါ။ကောရဲ့ ပျော်ရွှင်မှုအတွက် စောင့်ရှောက်ပေးပါ။ ကျွန်တော့်ရဲ့အပြစ်တွေကို ကျွန်တော်တစ်ယောက်ပဲ ခံယူပါရစေ။ ကောသာ ပျော်ရွှင်စွာရှင်သန်နိုင်မယ်ဆိုရင် အပြစ်တွေအားလုံးအတွက် ကျွန်တော် ဒဏ်ခတ်ခံပါ့မယ်"

ရက်တွေရွေ့လျာလာတာနဲ့အမျှ သူ့မျှော်လင့်ချက်တွေက တစ်စထက်တစ်စ မှေးမှိန်ပျောက်ရှလာရသည်။

ဆေးရုံကုတင်ထက်မှာ လှဲလျောင်းနေတဲ့ သူရဲ့ အသက်ကို တတ်နိုင်သမျှ ဆွဲဆန့်ထားတဲ့ ပိုက်ပေါင်းစုံက ရုပ်သေးကြိုးတွေလို သူ့မျက်နှာပေါ် လက်တွေ ရင်ဘတ် ဝမ်းဗိုက် ခြေထောက် အားလုံးကိုသွယ်ဆက်ထားသည်။

ဘယ်နှရက်ရှိနေပြီလဲ။ သေမင်းနဲ့စစ်ခင်းနေရတာ။

ချစ်လှပါချည်ရဲ့ဆိုတဲ့ သူကရော ဘေးကနေ လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး ဆုတောင်းပေးတာကလွဲလို့ ဘာများလုပ်နိုင်ခဲ့လဲ၊

ကောကို တသက်လုံးစောင့်ရှောက်မှာလို့ လေကြီးလေကျယ်ပြောခဲ့သမျှ သူတတ်နိုင်တာ ဒါပဲတဲ့လား။

အသုံးမကျတဲ့ကောင်။

ကောကို ဒီလိုအဖြစ်ဆိုးနဲ့ကြုံရအောင် ဒီဘဝရောက်အောင် ဆွဲချခဲ့တဲ့ အကုသိုလ်ကောင်။ ဆေးရုံကုတင်ရဲ့ အကာအရံကို သူ့နဖူးနဲ့တိုက်ရင်း ငိုမိသည်။

ကောရေ. . . ကျွန်တော်တောင်းပန်ပါတယ်။

ကောက ကျွန်တော့်ကို တသက်လုံး လုံခြုံအောင် ကာကွယ်ပေးခဲ့သလောက်

ကောက ကျွန်တော့်ကို အရာရာရင်းပြီး ပေးဆပ်ခဲ့သလောက်

ဒီကောင်က ဘာမှလုပ်မပေးနိုင်တဲ့ကောင်ပါ။ အသုံးမကျတဲ့ ငနုံငအပါ။

FIRE WATERWhere stories live. Discover now