8. WATER

11.2K 1.4K 35
                                    

(Zawgyi)

ဝမ်ရိပေါ် - ရှောင်းကျန့်

"ကလေးလေး ခဏလေး. . "

"ကျွန်တော့်ကို စကားလာမပြောနဲ့"

ကောလက်ကို ပုတ်ထုတ်လိုက်သည်။ ကော မျက်နှာငယ်သွားတာ မျက်နှာပျက်သွားတာ မမြင်ချင်ပေမယ့် သူလဲ သူ့ဒေါသနဲ့ သူပဲ။ သူစိတ်တိုနေမှန်းသိတော့ ကောက သူ့အနားကိုကပ်မလာရဲ။ သူစားချင်လောက်တာ ပြင်ဆင်​ပေး သူလိုအပ်မှာလေးတွေ အနားလာချပေးနဲ့ အနားကပ်ရမှာ တွန့်ဆုတ်နေသည်။

ရိပေါ်ကလဲ အဲ့ဒါကို ပိုစိတ်ဆိုးတာ။ ကောက သူ့ကို ဆွဲပြီး ဝမ်ရိပေါ်မင်းငါ့ကို ဘာစိတ်ဆိုးတာလဲ ပြောစမ်းဆိုပြီးအော်လိုက်ရင်တောင် သူခံစားနေရတာတွေ အော်ပြောလိုက်လို့ရသေးတယ်။

အခုတော့ ကောကလဲ ဘာစကားမှလာမစသလို သူလဲ ဘယ်ကစပြောရမလဲ မသိတော့။

ညအ်ပ်တဲ့အချိန် သူ့ကိုကျောခိုင်းပြီးအိပ်နေတဲ့ ကောရဲ့ ကျောပြင်လေးနဲ့ သူ့ရဲ့အကြားမှာ လက်တစ်လှမ်းလောက်ပဲ ကွာဝေးပေမယ့် သူ့စိတ်ထဲမှာတော့ အဝေးကြီးလိုပဲ။ တစ်ခါတလေ အရင်လို ကောကိုဖက်ပြီး အိပ်ချင်ပေမယ့် သူ့လက်တွေဟာ လှမ်းသာလှမ်းသည်။ ကောဆီကိုရောက်မသွား။ ကောဟာ နေ့တိုင်း သူ့ဘေးမှာ ရှိနေပေမယ့် တကယ်တမ်းတော့ သူ့အနားကနေ တဖြည်းဖြည်းထွက်သွားနေသလိုပဲ။

နိမိတ်တွေ ဆဌမအာရုံတွေကို သူမယုံကြည်လိုက်ချင်ပေမယ့် ကော ပြောင်းလဲနေပြီဆိုတာ သူခံစားနေရတော့ တနေ့ ကော သူ့ဆီက ထွက်သွားမှာ ဆုံးရှုံးရမှာကို တွေးပြီး လက်မခံနိုင်။

သူဘာလုပ်နိုင်မလဲ။

ကော သူ့အနားက ထွက်မသွားဖို့။

xxxxxxxxxxxxxxxxxxxx

"ကလေးလေးရာ ဘယ်လိုတွေတောင် ဆိုင်ကယ်စီးလို့လဲ"

သူ့ ဒဏ်ရာက ပြဲသွားတာ လက်ဖျံတစ်လျှောက်လုံးဆိုပေမယ့် ဝမ်ရိပေါ် အတွက် မှုလောက်စရာတော့မဟုတ်။ ဒါပေမယ့် ရှောင်းကျန့် အတွက်ကတော့ မျက်လုံးပြူး မျက်ဆံပြူးနဲ့ သူ့ဒဏ်ရာကို ဆေးကြောပြီး ဆေးထည့်ပေးနေတာတောင် လက်တွေက တုန်နေသည်။

FIRE WATERWhere stories live. Discover now