11. WATER

12.3K 1.4K 218
                                    

(Zawgyi)

ဝမ်ရိပေါ် - ရှောင်းကျန့်

"ကော အိမ်ထောင်ပြုတော့မယ်"

သူအချိန်အတန်ကြာကတည်းက​မျှော်လင့်ပြီးသား စကားမို့ ရိပေါ် အံ့သြတော့မသွားပါ။  ဘယ်လောက်ပဲ ပြင်ဆင်ထားထား သူ့ရင်ဘတ်ထဲက နှလုံးသားတစ်ခုလုံး ဆွဲစုပ်ခံထားရသလို နာကျင်နေသည်။ ဒါပေမယ့် သူ့မျက်နှာမှာတော့ နာကျင်မှုကို ကောကိုမပြ

"ယွမ်ယွမ်ကျဲက ခေါင်းညိတ်လိုက်ပြီလား"

"ဟင့်အင်း သူ့ကိုမပြောရသေးဘူး။ ကလေးဆီက အရင်ခွင့်တောင်းတာပါ။"

သူနဲ့ကော တစ်ယောက်ကို တစ်ယောက် အကြည့်တွေရှောင်ဖယ်ရင်း လက်ထဲမှာကိုင်ထားတဲ့ သိုးမွှေးချည်ခင်တွေကိုပဲ အဓိပ္ပါယ်မဲ့ ငုံ့ကြည့်နေကြသည်။

"ကျွန်တော် ကောအတွက်ပျော်ပါတယ်။ ကောကသာ လက်ထပ်ခွင့်တောင်းရင် ယွမ်ယွမ်ကျဲက ချက်ချင်းခေါင်းငြိမ့်မှာပါ"

ကောလက်ချောင်းလေးတွေကို သူဆုပ်ယူလိုက်သည်။ သူ့အတွက် နူးညံ့လွန်းတဲ့ တသက်လုံးဆုပ်ကိုင်ချင်ခဲ့တဲ့ ဒီလက်ချောင်းလေးတွေကို တခြားသူလက်ထဲ ထည့်ပေးရတော့မည်။

"ကျွန်တော်က ကောရဲ့ သတို့သားအရံ Best man ပေါ့။"

"ကလေးလေး. . . "

"ကောဘဝမှာ ဒီကညီလေးထက်ပိုပြီး Best man နေရာနဲ့သင့်တော်တဲ့သူရှိမှာမဟုတ်ဘူးမလား။"

"ကော အိမ်ထောင်ကျလို့ ရိပေါ် က ​ကောကို ​မေ့မသွားဘူးမလား"

ကောလက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်ဖမိုးပေါ် မျက်ရည်တစ်ပေါက် ကျလာခဲ့သည်။

"ကော မငိုနဲ့လေ။"

ရိပေါ် ကောလက်ချောင်းတွေကိုလွှတ်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်ခုံပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့်ကိုယ်လုံးလေးကို သိမ်းကြုံးဖက်လိုက်သည်။

"ရိပေါ်က အမြဲ ကောရဲ့ ညီလေး ကလေးလေးပါ။ ကောအိမ်ထောင်ပြုလိုက်လို့လဲ ဒါက ပြောင်းလဲ သွားစရာမရှိဘူး။ ဝမ်းမနည်းနဲ့လေ ကော"

ဒါက ဖြစ်သင့်တဲ့အမှန်တရားပါပဲ။ ကောမှာ သူ့ကိုချစ်ပြီး တာဝန်ကျေပွန်တဲ့အမျိုးသမီးတစ်ယောက်ရှိမယ်။ တချိန်မှာ သားသားမီးမီးလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာ မိသားစုလေးကြမှာ ပြုံးပျော်နေမယ့်ကောကို သူ့ညီလေး ရိပေါ်က ဘေးကနေကြည့်နေမယ်။

FIRE WATERWhere stories live. Discover now