3. WATER

13.1K 1.5K 14
                                    

(Zawgyi)

ဝမ်ရိပေါ် - ရှောင်းကျန့်

မြက်ပင်တွေကြားလေတိုးသံ၊ သစ်ရွက်တို့ လှုပ်ခတ်သံ နှင့် ငှက်တွန်ကျူးသံတချို့. . .  

မြက်ပင်ကြားထဲ တရွေ့ရွေ့တိုးလာတဲ့ ခပ်သဲ့သဲ့ ခြေသံတွေရှိရာကို ရိပေါ် နားစွင့်လိုက်သည်။

သူ့မျက်လုံးထက်မှာ စည်းထားတဲ့ အဝတ်စကြောင့် ပတ်ဝန်းကျင်ကိုတော့ မမြင်ရ။ အကြားအာရုံကိုသာ အာရုံပြုပြီး တိုက်ခိုက်ရတော့မည်။

ရုတ်ချည်း သူ့ဆီပြေးဝင်လာတဲ့ ခြေသံကို ရှောင်ပေးလိုက်ရင်း အရှိုက်ရှိမယ့်ဆီလောက်မှန်းပြီး တံတောင်နဲ့ ဖြတ်ခုတ်ချလိုက်သည်။

ပြီးတော့ နောက်ထပ်ဝင်လာသည့် ခြေသံကို လှမ်းကန်လိုက်သည်။ တဆက်တည်း ခုနက ဖြတ်ခုတ်ချထားတဲ့လူကို တံတောင်တစ်ချက်ဆက်ကျွေးလိုက်ပြီး သူ့လက်ကို နောက်တစ်ယောက်ဝင်လာရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်သည်။

သူ့ကိုပတ်ချာလည်ပြေးနေတဲ့ ခြေသံတွေက လေးငါးသံထက်မနည်း။ ငါးယောက်လုံးပြိုင်ဝင်လာချိန်မှာ သူက တစ်ဖက်တည်းကို လျှောထွက်လိုက်ပြီး အဲ့ဒီလူကို တိုက်ချပြီး လူအုပ်ထဲ ပစ်ထည့်ရင်း သူတို့ကို ရှုပ်သွားအောင်လုပ်လိုက်သည်။ ပြီးမှ အသံလာရာဆီတစ်ယောက်ချင်းရှင်းချသည်။

လက်သီးချက်တချို့ ခြေကန်ချက်တချို့က သူ့နံစောင်းနဲ့ တချို့လွတ်သွားတဲ့အစိတ်အပိုင်းတွေကိုဝင်လာပေမယ့် မမှု။ ဝမ်ရိပေါ်တိုက်ကွက်က တခါတလေကျ အရူးလိုပဲ။ ခံရမယ်သိရက်နဲ့ အန္တရာယ်နည်းတဲ့အပိုင်းကို ထိုးကျွေးပြီး တဖက်က နိုင်ကွက်ကို နင်းချတာမျိုး။

အားလုံးရှင်းသွားပြီဆိုမှ သူ့နောက်ဆုံး ပစ်မှတ်ဆီ တရှိန်ထိုးပြေးပြီး မြက်ခင်းအစပ်မှာရပ်နေသည့် အဲ့ဒီလူရဲ့ ကိုယ်လုံးပိန်ပိန်လေးကို ချီမပြီး မြက်ခင်းပေါ်ကိုင်ပေါက်လိုက်သည်။ ဒါပေမယ့် အကျသာအောင် မနာအောင် သူသေချာထိန်းလိုက်သည်။

"ရိပေါ်"

ကောရဲ့ လန့်ပြီးအော်သံကို ရိပေါ်ရဲ့ရယ်သံက ဖုံးလွှမ်းသွားသည်။ ကောက ကုန်းထဖို့ ကြိုးစားပေမယ့် အခု သူ့လူကောင်ကိုမှီလာပြီဖြစ်တဲ့ကောင်လေးက ချုပ်ထားပြီး ပေးမထ။ ရုန်းနေတဲ့ ရှောင်းကျန့်ရဲ့ ခြေရော လက်ရောကပါချုပ်ပြီး မြက်ခင်းပေါ်လှိမ့်နေသည်။

FIRE WATERWhere stories live. Discover now