6. Falling (Unicode)

2.6K 371 14
                                    

မီကော့စ်နော့စ်ရဲ့ညက နက်ပြာကတ္တီပါရင့်ရောင် ပင်လယ်ပြင်နှင့် ကောင်းကင်ကိုနောက်ခံပြုကာ ကမ်းခြေဆောင်စောင်းတလျှောက် ရွှံ့သားအိမ်ဖြူအပုလေးတွေဆီက မီးရောင်အဝါလေးများက ပိုးစုန်းကြူးလေးတွေ တဖြတ်ဖြတ်ပျံနေသလို လင်းလက်နေသည်။

မီကော့စ်နောစ့်ရဲ့အစွန်အဖျား ပင်လယ်ဘက်အနည်းငယ်ထိုးထွက်နေသည့် ကျောက်ဆောင်‌ကိုမေးတင်ဆောက်ထားသည့် Villa ရဲ့ ဝရံတာမှာတော့ ဇွန်းသံခရင်းသံ ဖန်ခွက်နှုတ်ခမ်းခပ်ပါးပါးချင်း ထိခတ်သံတို့ကြား ရယ်မောသံနှင့် တရုတ်လိုဆဲရေးသံက တချက်တချက် ဝေ့သီလာသည်။

"ဒါငါ့ရဲ့ ဘတ်ချလာည။ ဒါပြီးရင် ငါလေးဟာ ငါ့ရဲ့ ဖြူစင်တဲ့ လူပျိုဘဝလေးကို စွန့်လွှတ်ပြီး တာဝန်သိခင်ပွန်းကောင်းတစ်ယောက်ဖြစ်လာတော့မယ်။"

ရွှယ်ယမ်က ဖန်ခွက်ကို မြှောက်ရင်း သူ့ရင်ဘတ်သူပုတ်လို့ အာလုတ်သံကြီးနှင့် ဂုဏ်ဆာမဆုံး။ မသိရင် ဟိုနေ့က ရွှေပွဲလာ ပရိသတ်တို့အတွက် လေယာဉ်လတ်မှတ်ခရှင်းရမယ်ဆိုတော့ တက်ချက်သွားတာ သူမဟုတ်တဲ့အတိုင်း။ ကျန်းချန်ကတော့ ဒီကောင့်ကို ဂုန်းဆင်းရမယ်ဆိုပြီး မကာအိုမှာ အိမ်စောင့်ကြက်နှင်လောက်သာထားခဲ့ပြီး သူ့ဂိုဏ်းကလူအကုန် မ လာသည်။

"ငါ့စိတ်ကူးထဲမှာ မင်း ဘတ်ချလာနိုက်ဆိုတာက strip club အလယ်ကောင်မှာ စောက်အကိတ်ကြီးတွေခေါ် မင်းကိုကြိုးတုပ်ပြီး မင်းမျက်ခွက်ကြီးကို သူတို့ဖင်အကိတ်ကြီးတွေနဲ့ တက်ပွတ်ခိုင်းချင်တာ"

"ဖွီ ရွံစရာကောင်းလိုက်တာ"

ဝေ့ရင်းစကားကို ရွှယ်ယမ်က မတရားကို အော်ဂလီဆန်သယောင်လုပ်ပြပြီး သူ့ရဲ့ ဆရာလေးရင်ခွင်ထဲ ပြိုလဲကျပြသည်။ မသိရင် ခွေးလိမ္မာလေးပါပေါ့။

"ငါက အဲ့ဒါမျိုးအော်ဂလီဆန်စရာတွေ စိတ်မဝင်စားတော့ဘူး။ ကျန်းချန်ကိုလုပ်ပေးလိုက်"

"ယီးမို့ ငါ့ကိုလုပ်ပေးပါလား။ အကုန်ပစ်သတ်ပစ်မှာ"

"မပူပါနဲ့။ မင်းကိုယူမယ့်သူပဲအရင်ရှာတွေ့ပါစေဦး"

ကျန်းချန်က အံကြီးကြိတ်ပြီး ဘာလုပ်ဖို့ယူရမှာလဲ အရှုပ်ထုတ်တွေတဲ့။ ကျန်းချန်တယောက် အခုတလော မူမှန်မနေ wechat မှာလဲ တတောင်တောင်နဲ့ Noti တွေတက်လာတတ်တာကြောင့် စော်ရပြီဆိုပြီး ဝိုင်းကြပ်နေကြတော့ ငတိက ရှက်ယမ်းတွေယမ်းပြီး Wechat ပါဖျက်ပစ်သည်။ ဟိုစော်လေးကတော့ လစ်ရောပေါ့။ ပြီးမှ သူ့ကို ဝိုင်းကြပ်ကြတဲ့ ဝေ့ရင်းနဲ့ ရွှယ်ယမ်ကို ကမ္ဘာမကြေတွေဖြစ်နေတုန်း။ ကျန်းချန်က ဝေ့ရင်းကို လက်ညှိုးငေါက်ငေါက် ထိုးလာပြီး

FIRE WATERWhere stories live. Discover now