9. WATER

10.8K 1.3K 32
                                    

(Zawgyi)

ဝမ်ရိပေါ် - ရှောင်းကျန့်

တိုက်ခန်းစုတ်ချာချာခပ်ကျဉ်းကျဉ်းမှာ ရိုက်ခတ်နေတဲ့ သီချင်းသံက နားစည်ကွဲလောက်အောင် ကျယ်လောင်လွန်းလှတော့ သူမခံနိုင်ပဲ နိုးလာရသည်။

ဘာလို့ဒီလိုငတုံးကောင်တွေနဲ့ အဖော်ပြုဖို့ သူစိတ်ကူးမိတာလဲ။ ကိုယ့်ဘာသာ အရက်သောက်ပြီး သေနေရင်မကောင်းဘူးလား။

အသိဝင်လာတာနဲ့ ချဉ်သိုးသိုးအနံ့စူးစူးတွေနဲ့ ဆေးလိပ်နံ့တွေက သူ့နှာခေါင်းထဲ တိုးဝင်လာသည်။

"ကိုယ်တော်လေး အမူးပြေပြီလား"

သူ့ထက်အသက်ကြီးမှာသေချာတဲ့အမျိုးသမီးတစ်ယောက်က သူ့ရင်ခွင်ထဲဝင်အိပ်နေလို့ ချက်ချင်းတွန်းဖယ်လိုက်သည်။ မိတ်ကပ်အပြည့်မျက်နှာမှာ အိုင်းလိုင်နာတွေနဲ့ နှုတ်ခမ်းနီတွေ အညီမညားစွန်းထင်းနေတဲ့ ဒီအမျိုးသမီးက ရီသည်။ တော်သေးတာ အခန်းထဲမှာ သူတို့နှစ်ယောက်ထဲမဟုတ်။ တခြားလူတွေလဲရှိသေးသည်။

မခံနိုင်လောက်အောင်ကိုက်နေတဲ့ခေါင်းကို လက်နှစ်ဖက်နဲ့ ထိန်းရင်း အိမ်သာထဲ ပြေးဝင် အန်ချလိုက်သည်။

အန်လို့ပြီးမှ ညစ်ပတ်နေသည့် အိမ်သာ ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း သူ့အသိဥာဏ်ကို ဖြေးဖြေးချင်းပြန်ခေါ်တော့ ပထမဆုံးသတိရလိုက်တာ ကောရဲ့ မျက်နှာလေးကို။

ကော. .  

သူ့အပေါ်ရက်စက်လှတဲ့ ကော။

သူ့ကို မချစ်တဲ့ ကော။

ဆံပင်တွေကို လက်နဲ့ထိုးဖွဆွဲဆုတ်ရင်း နာကြင်လာပြန်တဲ့ နားထင်ကို ဖိနှိပ်နေရသည်။

ကောနဲ့အဝေးကြီးကို ထွက်ပြေးမယ်။ ကောဂရုတစိုက်နဲ့ စိုးရိမ်ခဲ့တဲ့ သူ့ကိုယ်သူ ဖျက်စီးမယ်။

ကောမှ သူချစ်သလို သူ့ကိုမချစ်တာ ကျန်တာ ဘာအရေးကြီးသေးလို့လဲ။ နံရံနဲ့ သူ့ခေါင်းကို ဖြေးဖြေးချင်းဆောင့်နေမိသည်။ မူးတယ်။ သူ့ခေါင်းလဲ ကွဲထွက်တော့မလိုပဲ။ လက်က ဒဏ်ရာကလဲ ပိုးဝင်ပြီးတော့ နီရဲ ယောင်ကိုင်းနေတယ်။

ကော. . .

ဘယ်မှာလဲ. .

ဒီကောင့်ကို လာပြီး စိတ်ပူပြဦးလေ. .

FIRE WATERWhere stories live. Discover now