3. Falling (Unicode)

2.4K 338 22
                                    

ဘယ်လောက်ပဲ သက်သောင့်သက်သာ ရှိအောင် ပြင်ဆင်ထားပေးပါစေဦး နာရီ ၂၀ ကျော်ကြာ လေယာဉ်ခရီးကြောင့် ဝေ့ရင်းမှာ နုံးချိနေပြီ။ နာရီ ၂၀ လုံးလည်း လန်ကျန့်က သူ့နားနေပြီး အဖော်ပြုပေးနိုင်တယ်ရယ်တော့မဟုတ်။ ဘာတွေရှုပ်နေကြမှန်းမသိ သူ့လူတွေနဲ့ အစည်းအဝေးထိုင်လိုက် သူ့ဘာသာ အလုပ်လုပ်လိုက်နဲ့။ ဝေ့ရင်းမှာ စားလိုက် ရုပ်ရှင်ကြည့်လိုက် ဂိမ်းနှိပ်လိုက်ကလွဲလို့ တခြားလုပ်စရာမရှိ။

ရှန်ဟိုင်းကို ရောက်တော့ ညနေစောင်းအချိန်ဖြစ်နေပြီ။ မြို့အကွက်အကွင်းက နွေရာသီညနေမှာတောင် လှမနေခဲ့။

လေယာဉ်ဆင်းခါနီးကနေ လေယာဉ်ပေါ်ကအဆင်း ကားပေါ်တက်တဲ့တလျှောက် လန်ကျန့်က သူ့ပုခုံးကို ခပ်တင်းတင်းဖက်ထားပုံက ဝေ့ရင်းကပဲ ပြန်ပြေးတော့မလိုလို။

လေဆိပ်က ထွက်လာတုန်းက ကားတွေတသီတတန်းကြီးပေမယ့် မကြာခင်မှာတော့ ‌သူတို့စီးလာတဲ့ကားနဲ့ နောက်တစ်စီးအပြင် အပိုမပါတော့။ ဝေ့ရင်း သတိထားမိတာ ဒါအရင်က သူရောက်ဖူးတဲ့ လန်အိမ်ကို သွားတဲ့လမ်းနဲ့မတူ။ ကားက ရှန်ဟိုင်းမြို့နှင့် ဆန့်ကျင်ဘက်အရပ်ကို သွားနေသည်။

လန်ကျန့်ကို မေး‌မလို့ သူလှည့်ကြည့်တော့လဲ လန်ကျန့်ပုံစံက မျက်မှောင်ကျုံ့လို့ စိတ်ရှုပ်နေပုံပေါက်တာနဲ့ ဝေ့ရင်းလဲ မေးမနေပဲ သူဆော့လက်စ ဂိမ်းကိုပဲ တစ်လမ်းလုံးဆက်ဆော့ လာခဲ့သည်။

ကားစီးရတာ ဘယ်လောက်ကြာသွားသည်မသိ လန်ကျန့်က သူ့နဖူးကို နမ်းပြီး နှိုးမှ ဝေ့ရင်းလဲ သူ့ဘာသာအိပ်ပျော်သွားမှန်းသိတော့သည်။

"ငါတို့ရောက်ပြီလား"

"အင်း မျက်လုံးကိုအရမ်းမပွတ်နဲ့"

လန်ကျန့်က သူ့လက်ကို ဖမ်းဆုတ်ထားပြီး ဝေ့ရင်းအတွက် မျက်စဉ်းထုတ်ပေးသည်။ အချိန်အကြာကြီး လေယာဉ်စီးတာ အိပ်တာတွေနဲ့ ခြောက်ကပ်နေတဲ့ မျက်လုံးက မျက်စဉ်းခပ်လိုက်မှ နည်းနည်းနေလို့ကောင်းသွားတော့သည်။

သစ်ပင်အတန်းလိုက် လမ်းအဆုံးမှာ လက်နက်ကိုင်တွေ စောင့်နေသည့် ဂိတ်တံခါးကိုဖြတ်ပြီး တောအုပ်လို ကွေ့ဝိုက်နေသည့် လမ်းအတိုင်း မောင်းလာပြီး ၅မိနစ်လောက်ထိ အိမ်နဲ့တူတာမမြင်ရသေး။

FIRE WATERWhere stories live. Discover now