8. FIRE

12K 1.4K 97
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

ရောင်စုံမီးရောင်

နားပေါက်ထွက်မတတ်ဆူညံတဲ့ တီးလုံးသံ

ရီသံတွေ အော်သံတွေ ဖန်ခွက်ချင်းတိုက်သံတွေ

သူ့ဘေးပတ်လည်က မိန်းကလေးတွေ

"မိန်ရှောင်း.  . မိန်ရှောင်း ငါ့ကိုကယ်ပါဦး"

သူ့ပါးစပ်ထဲ အရက်အတင်းလောင်းထည့်နေတဲ့ ကောင်မလေးတွေလက်ထဲကနေ ကယ်ဖို့ အော်ခေါ်လဲ သူ့အသည်းကျော် မိန်ရှောင်းက လက်ခုပ်လက်ဝါးတီးပြီး "ဝေ့သခင်လေး ရှင်ကျွန်မကို ပစ်ထားတာလေ. . ဒီလောက်လေး ဒဏ်ခတ်ခံရတာ ကယ်စရာလား"

သူရုန်းလို့လဲမနိုင် သူ့ကိုယ်ခန္ဓာ သွေးကြောထဲက ဓာတုဆေးဝါးတွေနဲ့ အရက်တွေပေါင်းစုံပြီး ဘာတွေဖြစ်နေလဲဆိုတာတောင် ပြောရခက်နေပြီ။

"အား. . . ဒီတခွက်ပြီးရင် တော်ပြီ နင်တို့ကောင်မတွေ"

သူအော်ရင်း ဆေးလိပ်ဖွာနေတော့ သူ့ပေါ်ကို ကောင်မလေးတွေက တွယ်တက်လာကြသည်။ သူ့ခါးကိုဖက်တဲ့သူ။ ပေါင်ပေါ်တက်တဲ့သူ။ ဝေ့ရင်းပိနေတော့မယ်။ "ငါ့ကို နင်တို့ ကစားစရာများထင်နေကြလား" ဝေ့ရင်းအော်လဲ အော်ရုံပဲ။

ရုတ်တရက် သီချင်းသံ တိတ်သွားသည်။

လူသံတွေလဲ တိတ်သွားသည်။

"ဝေ့ရင်း တော်တော့ ပြန်မယ်"

သူ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ လန်ကျန့်။

သူ့မျက်နှာက ထုံးစံအတိုင်း ဘာခံစားချက်မှမရှိသလို ဟန်ဆောင်ထားလဲ သူ့မျက်လုံးတွေက ရေခဲထက်တောင် အေးစက်နေတာမှ ကြည့်လိုက်တဲ့ လူမှန်သမျှကို သွေးစမ်းရှင်ရှင်ထိုးခွဲတော့မလိုပဲ။

လန်ကျန့်ကို ထူဖို့ သူက လက်ကမ်းပေးပေမယိ့ လန်ကျန့်က သူ့လက်ကိုမယူ။

ဝေ့ရင်း ရီရင်း သူ့ဘာသာ ထလာလိုက်သည်။ မင်းက ငါ့ကို ရွံတာလား လန်ကျန့်၊

သူ ယိုင်ထိုးထိုးနဲ့ပဲ လန်ကျန့်အနားကပ်သွားရင်း လန်ကျန့်လက်မောင်းကို လက်သီးနဲ့ခပ်ဖွဖွတစ်ချက်ထိုးလိုက်သည်။
"Basement 2 က မင်းရှုပ်စရာ နေရာမဟုတ်ဘူးလန်ကျန့်"

FIRE WATERWhere stories live. Discover now