9. Falling (Zawgyi)

1.4K 115 14
                                    


"ဝေ့ရင်း ကိုယ့်ဝေ့ရင်းလေး ထတော့လေကွာ။ မင်း အခုမှ နိုးမလာရင် ကိုယ်က သတိလစ်နေတုန်း သစ်သားတုံးကြီးကို မလုပ်ချင်ဘူး"

အောက်ကလိအာအသံကြောင့် မျက်စိကမဖွင့်ခင် စိတ်ထဲက အခါတစ်ရာကျိန်ဆဲမိသည်။ ဒီလျှာလိပ်နေတဲ့အာရပ်သံနဲ့ ‌သူ့ကို အော်ဂလီဆန်အောင် ပြောနိုင်တာ အာဆတ်မှ တပါးအခြားမရှိ။ ဝေ့ရင်းက မျက်စိမှိတ်ပြီး မေ့နေတုန်းလို့ ဆက်ဟန်ဆောင်နေချင်ပေမယ့် သူ့ပါးပေါ် က နှုတ်ခမ်းမွှေးက မထိခလုတ် ထိခလုတ်နဲ့ ယားလာတာရယ်။ သူ့ဗိုက်ထဲက အော်ဂလီဆန်လာတာရယ်ကြောင့်

"ဝေါ့. . . . ဝေါ. . . ဝေါ့. . . "

ရုတ်တရက်ကြီး မီးရထားရေနွေးငွေ့စက်ခေါင်းပျက် ဥဩထဆွဲသလို အသံကျယ်ကြီးနဲ့ ဝေ့ရင်း ဗိုက်ထဲက အစာအကြွင်းအကျန်နဲ့ အရည်တွေက အရှိန်နဲ့ ပန်းထွက်သွားသည်။ သုံးရက် သုံးညလောက် သောက်စားထားတဲ့ အစုအပုံကြီးဆိုတော့ အသွင်အပြင်နဲ့ အနံ့က ပြောနေစရာကိုမလိုတော့။ ချဉ်စုတ်ဟောင်ဖွာနေတဲ့ ဒီအနံ့နဲ့တင် ဝေ့ရင်း ပြန်တောင် သတိလစ်ချင်သွားသည်။

သူ့အန်ဖတ်ဒဏ်သူမခံနိုင်ပဲ အနောက်ဆုတ်ဖို့ ကြိုးစားပေမယ့် နေရာက ရွှေ့မရ။ ရွှေ့မရဆို သူ့ကို ခုံတစ်လုံးမှာ ချည်တုပ်ထားတာကိုး။ ဒီကြားထဲ ထိုင်နေရတဲ့ခုံက ငြိမ်မနေပဲ လှုပ်နေတာကြောင့် မူးသွားပြီး နှစ်ချက်လောက် အန်ဖတ်နဲ့ ထပ်ပစ်လိုက်သေးသည်။

အာရပ်ကောင်က အာရပ်လိုရော ဘိုလိုရော ဝက်ဝက်ကွဲအောင်ဆဲပြီး ခုန်ပေါက်နေလို့ သူ့နောက်လိုက်တွေက အင်္ကျီက အန်ဖတ်တွေကို သုတ်‌ပေးရင်း အလုပ်ရှုပ်နေကြတုန်း ဝေ့ရင်းက သူရောက်နေသည့် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သည်။ မြင်နေရတဲ့ သံပြားခင်းကြမ်းပြင်နှင့် သူရှိနေတဲ့အခန်း ယိမ်းထိုးနေပုံက သူရောက်နေတာက စက်လှေဒါမှမဟုတ် သင်္ဘောတစ်စီးစီးပေါ်ဖြစ်နိုင်တာသိလိုက်ရတော့ အတော်စိ‌တ်လေသွားသည်။ မြေပြင်ဆိုရင်တောင် နည်းနည်းပါးပါးကြံလို့စည်လို့ရဦးမည်။ အခုလို ကမ်းမမြင်လမ်းမမြင်သာဆိုလို့ကတော့ ဘယ်သူမှ လာမကယ်ရင် ဝေ့ရင်းရဲ့ အရက်နာကျတာရယ် ဆေးထိုးခံထားရတာရယ် ပေါင်းတဲ့ ကိုယ်ခန္ဓာက ပင်လယ်ကြမ်းပြင်အောက်ကနေ လေးဘက်ထောက်သွားဖို့သာ တတ်နိုင်တော့သည်။

FIRE WATERWhere stories live. Discover now