7. FIRE

12.7K 1.4K 72
                                    

(Zawgyi)

ဝေ့ရင်း - လန်ကျန့်

"ဝေ့ရင်း"

နားနားလေး ကပ်ပြီး သူ့နာမည်ကိုခေါ် လိုက်တဲ့ လန်ကျန့် လေသံက တိုးတိုးလေးမှ တကယ့်တိုးတိုးလေး။

ဒါပေမယ့် သူ့တစ်ကိုယ်လုံးက ကြက်သီးမွှေးညှင်းတွေထလာအောင် ပြုစားနိုင်သည်။ လန်ကျန့် ပုခုံးပေါ်မှီထားရာကနေ ဖြည်းဖြည်းချင်းလှည့်ကြည့်တော့ သူ့ကို ပြုံးပြီးငေးကြည့်နေတဲ့ ရီဝေဝေမျက်ဝန်းတွေ။

မင်းငါ့ကို သဘောကျလား။ မင်းငါ့ကို ကြိုက်လားလို့ မေးလိုက်ချင်ပေမယ့် စကားလုံးတွေက သူ့နှုတ်ခမ်းဖျားမှာတင်ပျောက်ဆုံးသွားသည်။ ဒီမျက်ဝန်းရဲ့ အကြည့်တွေက သူမေးခွန်းမေးစရာလိုသေးလို့လား။

သူကြုံခဲ့ဖူးတဲ့ ရမ္မက်ပြင်းပြင်းအကြည့်တွေနဲ့မတူပဲ သူ့တစ်ကိုယ်လုံးကိုအရည်ဖျော်ချနိုင်တာ ဒီလို အရည်လဲ့နေတဲ့ မျက်ဝန်းညိုဘိုတွေ ဖြစ်မယ်လို့ ဘယ်တုန်းက တွေးခဲ့မိမှာလဲ။

"လန်ကောကောလေး မင်း ဘာလိုချင်လဲပြောကြည့်​လေ"

ဝေ့ရင်းက နှုတ်ခမ်းလေးတဖက်တွန့်တယ်ဆိုရုံပြုံးပြီး ပြောနေပေယ့် သူ့လက်ချောင်းတွေက လန်ကျန့်ကိုယ်ပေါ်မှာ ပန်းချီကားတချပ်လို ရေးဆွဲထားတဲ့ တက်တူးရဲ့ ချယ်ရီပွင့်ဖတ်တွေ ချယ်ရီကိုင်းတွေ ကောက်ကြောင်းကို ခပ်ဖွဖွ လိုက်နေမိသည်။ လန်ကျန့်က သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ ဝေ့ရင်း မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း

"ဝေ့ရင်း မင်းသိပ်လှတယ် သိလား"

ဝေ့ရင်းက သူ့ကိုယ်သူ ယောကျာ်းပီပီသသချောတယ်လို့အမြဲဂုဏ်ယူနေကျပေမယ့် အခုလို လှတယ်ဆိုတာကြီးကကျ အရမ်းကို မိန်းမဆန်နေသလားလို့. .

"ငါမလှချင်ဘူး. . မင်းမျက်လုံးတွေ ငါ့ဆီက မခွာနိုင်ရုံလောက်ပဲ ကြည့်ကောင်းချင်တာ"

လန်ကျန့်က သူ့စကားကို ပြုံးလိုက်ရင်း လက်ချောင်းတွေက သူ့နှုတ်ခမ်းကို လာထိသည်။ ထိတာမှ ဖွဖွလေး။ သူ့လက်ချောင်းတွေက နှုတ်ခမ်းပေါ်ဖွဖွလေးပြေးနေသည်။

"မင်းမျက်နှာက ဘာလို့ မှဲ့လေးတစ်ပေါက်တောင်မရှိရတာလဲ"

ဒီလိုပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံနေခြင်းကိုတော့ သူလဲ ဘာမှမတတ်နိုင်။ လန်ကျန့်လက်မက သူ့အောက်နှုတ်ခမ်းလေးကို ဖိထားရင်း

FIRE WATERWhere stories live. Discover now