FLAME (extra)

19.4K 1.9K 244
                                    


(Zawgyi)

သူ့လက်မောင်းကို ခေါင်းအုံးပြီးအိပ်နေတဲ့ မျက်နှာနုနုလေးကို လန်ကျန့် စေ့စေ့စပ်စပ်ကြည့်မိသည်။ ပင်လယ်ဘက်ကို ဟင်းလင်းဖွင့်ထားတဲ့ မြင်ကွင်းကျယ် တံခါးပေါက်ကနေ တိုးဝင်လာတဲ့ လရဲ့အလင်းဖျော့ဖျော့ကြောင့် သူ့မျက်နှာပေါ်က အချိုးအကွေ့အစိတ်အပိုင်းတိုင်းက ပိုမိုနုနယ်နေသည်။

အိပ်နေရင်းနဲ့တောင် အိပ်မက်ထဲမှာ ဘာတွေကို အလိုမကျနေတယ်မသိ တွန့်ချိုးသွားတဲ့ မျက်ခုံးလေးကို သူ့လက်ချောင်းတွေနဲ့ အသာအယာသပ်ပေးတော့မှ မျက်မှောင်ကြုတ်ထားတာလေးက ပြေဆင်းသွား၏။

အသက်ရှူသံမှန်မှန်နဲ့ အိပ်နေတဲ့ သူ့ခေါင်းအောက်က လက်မောင်းနေရာမှာ ခေါင်းအုံးနဲ့အစားထိုးပြီး ခါးပေါ်က လက်တွေကို သာသာလေးဖြေချလိုက်​တော့ ကိုယ်ခန္ဓာဘေးက နွေးထွေးမှုပျောက်သွားလို့ထင်ပါရဲ့ နည်းနည်းလူးလွန့်ပြီးမကျေနပ်သလို ညည်းသံတစ်ချက်ထွက်လာသည်။ ဝေ့ရင်းငြိမ်သွားတဲ့အထိစောင့်ပြီးမှ တဖက်ခြမ်းက ခေါင်းအုံးနဲ့ဖိထားလို့ ခပ်ဖောင်းဖောင်းဖြစ်နေတဲ့ ပါးလေးကို ညင်ညင်သာသာလေး တစ်ချက်နမ်းပြီး အိပ်ယာထဲက ထွက်လာခဲ့သည်။

အပြင်က ဝရံတာမှာ ဝိုင်းစက်နေတဲ့လရဲ့အလင်းက ပင်လယ်ပြင်ကနေအရောင်ဟပ်ပြီး ငွေပြာရောင်လဲ့လဲ့လေးလင်းနေ၏။

သူသက်ပြင်းတစ်ချက်ချပြီး ဆေးလိပ်တလိပ်မီးငြှိ ဝရံတာမှာလက်ထောက်ရင်း ညရဲ့လရောင်အောက်က ကြယ်တွေနဲ့ ပင်လယ်ပြင်က လှိုင်းခတ်သံသဲ့သဲ့ရယ်ကြားထဲမှာ စီးမြောလိုက်သည်။

သူနဲ့ဝေ့ရင်းရဲ့ မပြီးဆုံးနိုင်သေးတဲ့ အပျော်ခရီး။ နှစ်ယောက်လုံး အားလပ်နေချိန်မှာ မကာအိုမှာလဲ မနေချင် ရှန်ဟိုင်းကိုလဲ မလာချင်တဲ့ ဝေ့ရင်းအလိုကျ မီကော့စ်နော့စ်ကို သူတို့ပြန်ရောက်လာကြသည်။ အခုထိ ဘယ်နေ့ပြန်မလဲဆိုတာ သဘောတူညီမှုမရသေး။

သူဆေးလိပ်ငွေ့တွေကို ညလေအေးအေးထဲ မှုတ်ထုတ်ရင်း ကြယ်တွေကို မော့ကြည့်မိသည်။ ကောင်းကင်ထက်မှာ စိန်တဆုပ်ကြဲပက်ထားသလို ပြန့်ကျဲနေသည်ကြယ်တွေကိုငေးရင်း. .

FIRE WATERWhere stories live. Discover now