9. FIRE

12.3K 1.3K 48
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

စတိုးဆိုင်ရှေ့မှာ ဆေးလိပ်သောက်ရင်း ရပ်နေတာက လမ်းသွားလမ်းလာတွေကို ကြည့်ဖို့ အဆင်ပြေဆုံး ပုံစံပင်။

သူဆေးလိပ်ဖွာရင်း ဖြတ်သွားတဲ့သူတွေကို ကြည့်နေ၏။ ဒီဘက်အခြမ်းမှာ လူတွေရှုပ်နေသလောက် လမ်းတဖက်ခြမ်းကတော့ နည်းနည်းရှင်းနေသည်။

Nobu အီတလီဆိုင်ရှေ့မှာ မတ်တပ်ရပ်နေတဲ့ လူနှစ်ယောက် သုံးယောက်။ ဟိုဘက်လမ်းထောင့်မှာ ရပ်ထားတဲ့ ကားအနက်တစ်စီး။

သောက်လက်စဆေးလိပ်ကို ပစ်ချပြီး ခြေထောက်နဲ့ နင်းလိုက်သည်။ စတိုးဆိုင်ကနေ တောင်ဘက်ကိုလျှောက်လာတဲ့ သူ့နောက်မှာ ကပ်ပါလာတဲ့ လူရိပ်ကို လျစ်လျူရှုထားလိုက်၏။

သူရပ်လိုက်တဲ့အဆောက်အဦးက အနောက် တဘလော့အ​ကျော်က။ ခြောက်လွှာ ညာဘက်အခန်း။ အခန်းတံခါးဖွင့်နေတဲ့ သူ့နောက်မှာ ခုနက လူကလာရပ်သည်။ ရုပ်ကြည့်​တော့ ထုံထိုင်းထိုင်းနဲ့ ဦးဏှောက်တောင်အပြည့်ပါမလာတဲ့ရုပ်

လူသူ ကင်းမဲ့နေတဲ့အိမ်ခန်းထဲဝင် ပြီး မီးဖိုဘက်အခြမ်းက ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ သူကနေ အနောက်ဘက် တိုက်နှစ်ခုကြားကိုကျော်ပြီး Nobu ရှေ့ဝင်ပေါက်တည့်တည့်ကို မြင်နေရသည်။

သူ့ကျောမှာလွယ်လာတဲ့ ကျောပိုးအိတ်ထဲက စနိုက်ပါ ဘော်ဒီနဲ့ပြောင်းတွေကို တခုချင်းအေးဆေးထုတ်ပြီးတပ်လိုက်သည်။ သူနဲ့ပါလာတဲ့သူက အနောက်မှာရပ်နေဆဲ။

သေချာကျကျနန တပ်ပြီးနေရာယူကာ မှန်ပြောင်းကနေချောင်းလိုက်သည်။

သူစိတ်လှုပ်ရှားနေလား?

လူသတ်ရတာ သူ့အတွက် စိတ်လှုပ်ရှားစရာကိစ္စမဟုတ်။ ဒါပေမယ့် သူ့ဘေးမှာ တောက်လျှောက်လိုက်လာတဲ့သူကြောင့် စိတ်အနှောင့်အယှက်ဖြစ်သည်။

အဲ့ဒီလူက ဖုန်းထုတ်ပြီး ဗီဒီယို call တခုခေါ်လိုက်သည်။

ဗီဒီယို call မှာ မျက်လုံးမှာ အဝတ်စည်း ကြိုးတုပ်ပြီး အခေါင်းတစ်ခုထဲ ထည့်ခံထားရတဲ့ ရှောင်ရှင်းချန်။

FIRE WATERWhere stories live. Discover now