15. Breathless

16.7K 1.9K 568
                                    

(Zawgyi)

"အခုအချိန်မှာ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့အနေနဲ့ ဟောင်ကောင်ကျွန်းက အရေးအခင်းကို ဒီ့ထက်ပိုကြီးထွားမလာအောင် တားဆီးပြီးနောက်ကွယ်ကနေ ပါဝင်ကြိုးကိုင်နေတဲ့သူတွေကို အရေးယူနိုင်ဖို့ပဲ"

ခပ်မှန်မှန်လေသံနဲ့ပြောနေတဲ့ သူ့အဖေကို လန်ကျန့်ငေးကြည့်နေလိုက်သည်။ ကုန်သွယ်​ရေး summit အတွက် ခေါင်းဆောင်ပိုင်းအစည်းအဝေးက ဆွေးနွေးချက်တွေက သူ့နားထဲ ဝင်တချက်မဝင်တချက်။ သူ့အဖေရဲ့ ဟောင်ကောင်ကို အုပ်စိုးမယ့် နည်းဗျူဟာထက် အခုအချိန် ပိုအရေးပါတာက ကောနဲ့ ဝေ့ရင်းတို့ တွေ့ဆုံမှု။

ဝေ့ရင်းက ကောကို တခုခုထိခိုက်အောင် လုပ်မယ့်အထိ ယုတ်မာတဲ့သူမဟုတ်ဘူးဆိုတာကို ယုံပေမယ့် သူ့စိတ်ထဲမှာ တခုခုကို စိုးရိမ်ပြီး ပူပန်​နေသည်။ ကောနဲ့ ဝေ့ရင်းက တကယ်ကို ညီအကိုတွေဖြစ်ကြတယ်ဆိုရင် သူကတဖက်ကလဲ ကောကို ဆုံးရှုံးသလို တဖက်ကလဲဝေ့ရင်းကို ဆုံးရှုံးရတော့မယ် ထင်တယ်။ မဟုတ်ဘူး သူက ဝေ့ရင်းကို ဆုံးရှုံးပြီးသားပဲ။ ဝေ့ရင်းအပေါ်လုပ်ခဲ့သမျှကို ဝေ့ရင်းကခွင့်လွှတ်ခဲ့မည်ဆိုလျှင် အံ့သြစရာပင်။ ဝေ့ရင်းက လွယ်လွယ်နဲ့ ခွင့်လွှတ်တတ်သူမှမဟုတ်ပဲ။

သူ့ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ ဖုန်းကနေ တုန်ခါသံနဲ့အတူ message ဝင်လာတာကိုသိလိုက်သည်။ အရေးကြီးဆွေးနွေးပွဲမို့ ဖုန်းကိုင်တာရိုင်းမှန်းသိပေမယ့် ကောကိုစောင့်ကြည့်နေတဲ့ သူ့လူတွေဆီကဖြစ်နိုင်လို့ ထုတ်ကြည့်လိုက်သည်။

"အခန်းထဲက လူနာကို ပြန်ပေးဆွဲသွားပြီ"

လန်ကျန့် နှလုံးခုန်သံရပ်တန့်သွားသည် ထင်ရသည်။ သူအစည်းဝေးခန်းထဲကနေ ဘာမှမပြောပဲ ချက်ချင်းထထွက်လာခဲ့သည်။ သူပထမဆုံးနှိပ်လိုက်တာ ဝေ့ရင်းရဲ့ဖုန်း။

ဝေ့ရင်းတို့က ကောနဲ့အတူတူ ရှိနေရမှာ ကောကို ပြန်ပေးဆွဲတယ်ဆိုရင် သူတို့မသိပဲနေမှာမဟုတ်။

"ဝေ့ရင်း ငါ့ကော ဘယ်မှာလဲ"

"ငါလူးထဲမှ မင်းကောဘယ်မှာလဲ ဟုတ်လား"

သူ့ကိုတဖက်က တန်းဆဲပြီးဖြေတာက သူရင်းနှီးတဲ့အသံမဟုတ်။ "မင်းဘယ်သူလဲ"

FIRE WATERWhere stories live. Discover now