4. FIRE

14.2K 1.5K 63
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

စကျင်သား မာကျောင်း စီသံက တခွပ်ခွပ် ကွာစေ့ကိုက်သံက တချွတ်ချွတ်။ ဖွင့်ထားတဲ့ နောက်ခံသီချင်းက တကယ့်ရှေးသီချင်း အီလေးဆွဲ။

သစ်သားလိုက်ကာတွေ အနီရောင် မီးပုံးတွေနဲ့ အိမ်တွင်းစိုက် တောင်ထန်းပင်တွေ။ ၁၉၆၀ လောက်က တရုတ်ပြည်ရဲ့ ပျော်ပွဲစားရုံပုံစံကနေ နည်းနည်းမှ သွေဖီမသွားဘူးပဲ။ ပြောစရာတစ်ခုဆို အခန်းထောင့်က အခေါင်းသေတ္တာ တစ်ထပ်ပဲရှိသည်။

ပန်ကာလေသူ့ဘက်လှည့်အလာမှာ အိုက်စပ်စပ်ဖြစ်နေတာ သက်သာလို သက်သာညား သူ့ရှပ်အင်္ကျီရင်ဘက်ကို ဟပြီး လေသလပ်ခံလိုက်သည်။

"အခုခေတ် ကလေးတွေက အရမ်းသက်သောင့်သက်သာရှိလွန်းတယ်ကွာ။ ငါတို့ငယ်ငယ်တုန်းကဆို ပန်ကာဖွင့်ဖို့တောင် လျှပ်စစ်မီးဆိုတာ တနေကုန်မလာလို့ ယပ်ခတ်နေရတာ"

အဘိုးယွိက သူနမော်နမဲ့ ပစ်လိုက်တဲ့ မာကျောင်းကို ကောက်စားရင်းပြောသည်။ သူက အဘိုးယွိဘက်တိုးရင်း

"အဘိုး ကျွန်တော်ပစ်တာနဲ့ ဂိမ်းရင် ကျွန်တော့်ကို မုန့်ဖိုးပေးနော်"

"ဟေ့ကောင် မာကျောင်းဝိုင်းထဲလာပြီး ကူလီကူမာကျမနေနဲ့"

သူနဲ့ မျက်နှာချင်းဆိုင်အိမ်မှာ ထိုင်နေတဲ့ ကျန်းချန်က လှမ်းဆဲသည်။ အပို​တွေ ​ဝေ့ရင်းသာ သူ့အထက်အိမ်ဆိုလဲ သူလိုတာပစ်ပေးရမှာပဲမလား။

ဝေ့ရင်းက ဒီ ဖင်ညောင်းခေါင်းကိုက်အလုပ်ကို စိတ်မဝင်စား။ တစ်အိမ်လိုနေလို့သာ ဝင်ဆော့ရတာ။ အဘိုးယွိဆိုတာကလည်း မာကျောင်းဝိုင်းသာမဟုတ်ရင် စကားကိုပြောလို့ရတဲ့သူမဟုတ်။

"အဘိုးမြေးက သူ့ဆီသာ ကျွန်တော်ပစ်ရင် ဘာသံမှထွက်မှာမဟုတ်ဘူး။ အခုက အဘိုးကို စေတနာမရှိတာ"

အဘိုးယွိက သွားကျိုးတွေပေါ်အောင်ရီလိုက်ရင်း "ဟ. .   သူပြောတာ ဟုတ်တာပဲကွ။ ကစားပြီဆိုရင် မြေးအဘိုးတို့ ဆွေမျိုးသားချင်းတို့ဆိုတာ မရှိတော့ဘူး။ ဘယ်သူနိုင်မလဲဆိုတာ အဓိကပဲ"

သိပ်သေချာသိတာပေါ့။ ဒါကြောင့်လဲ ကျန်းချန်မိဘတွေဆုံးတော့ ဒီနှစ်ကောင်မှာ အရွယ်နဲ့မလိုက်အောင် ခွေးပြေးဝက်ပြေးတွေပြေးပြီး အသက်ကိုဖက်နဲ့ ထုပ်ခဲ့ရတာပေါ့။ အဲ့ဒီတုန်းက အဘိုးယွိစီက သူတို့ရခဲ့တဲ့ အကူအညီဆိုတာ ဒေါ်လာ ၅၀၀ နဲ့ အခေါင်းထဲကနေ ခိုးလိုက်ပြီး မကာအို ရေလက်ကြားကို ဖြတ်ရတာပဲရှိသည်။ ကျန်တာ နောက်နေ့မျက်နှာသစ်ဖို့ လည်ပင်းနဲ့ခေါင်း တစ်ဆက်တည်းကျန်အောင် နည်းမျိုးစုံနဲ့ ကိုယ့်ဘာသာကြံဆခဲ့ရတာပဲ။

FIRE WATERWhere stories live. Discover now