1. WATER

19.1K 1.7K 19
                                    

(ZAWGYI)

ဝမ်ရိပေါ် - ရှောင်းကျန့်

ပြတင်းပေါက်ကနေ ချောင်းကြည့်နေတဲ့ သူ့ကို ခြံထဲက ချယ်ရီပင်အောက်မှာ ရပ်နေတဲ့ ကောင်လေးက မမြင်နိုင်မှန်းသိပေမယ့် ကိုယ်လေးကို ကြုံ့ထားလိုက်မိသည်။

သူ့ပါပါးက အိမ်ကို ဧည့်သည်ခေါ်လာတယ်ဆိုတာ မရှိဖူး။ အခုတော့ သူ့ထက်နဲနဲကြီးသည့် ကောကောတစ်ယောက်ကို ခေါ်လာတာမို့ ရိပေါ် စိတ်ဝင်တစားနဲ့ ပြတင်းပေါက်ကနေ မမှီမကမ်း ခြေဖျားထောက်စူးစမ်းမိသည်။

အပေါ်ကနေကြည့်တာဆိုတော့ အစက မျက်နှာကိုမမြင်ရ။ လေအဝှေ့မှာ ကြွေကျသွားတဲ့ ချယ်ရီပွင့်ဖတ်တွေကြောင့် မော့ကြည့်လာတော့မှ ကောင်လေးရဲ့ မျက်နှာကို သူမြင်လိုက်ရသည်။ ပြတင်းပေါက်ကနေကြည့်နေတဲ့ ရိပေါ်ကိုမြင်တော့ ပြုံးပြလိုက်တဲ့ သူ့မျက်ဝန်းတွေဟာ ချယ်ရီပွင့်ဖတ်တွေလို နူးညံ့လိုက်တာ။

အဲ့ဒီနေ့က ချယ်ရီပွင့်ဖတ်လေးတဖတ်ကို သူကောက်သိမ်းထားမိသည်။ ဘာမှနားမလည်သေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ သဘောကျနှစ်ခြိုက်ခြင်းတွေနဲ့ပေါ့။

ပါပါးက ရိပေါ်အတွက် အဖော်ရအောင် ကောကော တစ်ယောက်လက်ဆောင်ပေးမယ်ဆိုလို့ အိမ်ပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။ တကယ်တမ်း ရိပေါ်လိုချင်တာက ဆိုင်ကယ်အရုပ်လိုချင်တာ။ ပါပါးကို လိုချင်တယ်လို့တော့မပြောရသေး။ ဒါပေမယ့် ကောကောဆိုတာကကော ရိပေါ်အတွက် ကစားစရာအသစ်လား။

"သားလေး ရှေ့တိုးခဲ့လေ. .ရှောင်းကျန့် ကောကောနဲ့ မိတ်ဆက်ပေးမယ်"

လှေကားအကွယ်ကချောင်းကြည့်နေတဲ့ သူ့ကို ပါပါးက လှမ်းခေါ်သည်။ ရိပေါ်ကြောက်လို့မဟုတ်။ သူနည်းနည်းရှက်နေတာ။ ဒီအိမ်ကြီးထဲမှာ အိမ်သားတွေကလွဲလို့ တစိမ်းကို သူမတွေ့ခဲ့ဖူး။ အခုဟာ သူ့အတွက် ပထမဆုံးလူစိမ်းပဲ။

ကောကောက သူ့ကို လက်လှမ်းပေးသည်။

"ကျွန်တော် ဒီနေ့ကစပြီး ရိပေါ်လေးကို အသက်နဲ့ရင်းပြီး စောင့်ရှောက်မှာပါတဲ့။"

ကောရဲ့လက်ကို သူလှမ်းဆွဲလိုက်သည်။ သူ့လက်နှစ်ဆလောက်ရှိသည့် သည်လက်ချောင်းတွေက ညင်သာ နူးညံ့နေသည်။ ဒါပေမယ့် သူ့လက်ကို ဖွဖွလေးဆုပ်ထားတာတောင် မှ ၆ နှစ်သားကို ၁၂ နှစ်သားက ပေးတဲ့ကတိကို ယုံကြည်လာစေလောက်အောင် စွမ်းအားရှိသည်။

FIRE WATERWhere stories live. Discover now