2. WATER

13.7K 1.6K 12
                                    

(Zawgyi)

ဝမ်ရိပေါ် - ရှောင်းကျန့်

ရိပေါ်အတွက် ကျောင်းဆိုတာက ဟန်ပြတစ်ခုသာသာပဲ။ သာမာန်လူသားတစ်ယောက်အနေနဲ့ လောကကို လေ့လာဖို့ ဆက်သွယ်ဖို့ အတွေ့အကြုံတစ်ခုလို့ပဲ သူယူဆထားတော့ ကျောင်းသင်ခန်းစာတွေလဲ သူအဲ့လောက် စိတ်ဝင်တစားမရှိ။ သူ့အတွက်လိုအပ်တာတွေကို သင်ယူပြီးပြီလေ။

အတန်းချိန်အတွင်း ဆရာပြောနေတဲ့  အိပ်ချင်စရာ သချာင်္ ညီမျှခြင်းတွေအစား ပြတင်းပေါက်အပြင်ကမြင်နေရတဲ့ ဘတ်စကတ်ဘောကွင်းကို ငေးနေလိုက်သည်။

အဲ့ဒီမှာ အထက်တန်းက သူတွေ ကာယအချိန် PT လုပ်နေကြသည်။ သူတို့် PT ဆိုတာက ပီပီပြင်ပြင် ဘာအားကစားမှမဟုတ်။ ကွင်းကို ပတ်ပြေးနေကြတာ။ အဝေးကတောင်မှ ဒီလူအုပ်ထဲမှာ ကောကို လွယ်လွယ်လေးရှာတွေ့သည်။

သက်လုံမကောင်းတဲ့ ကောက လူအုပ်နောက်ဆုံးမှာ။ ကောရဲ့ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးနေပုံလေးက ချစ်စရာလေး။

"ဝမ်ရိပေါ်.  ..  ကျောက်သင်ပုန်းက အရှေ့မှာကွ"

ဆရာက လှမ်းအော်မှ သူ စာသင်ခန်းထဲမှာဆိုတာ သတိရသွားသည်။ အရှေ့ပြန်လှည့်မယ် အလုပ်မှာ ကောအနားကို ကျောင်းသူတစ်ယောက်က ကပ်သွားပြီး ပုခုံးကို ကိုင်လိုက်တဲ့ မြင်ကွင်းကြောင့် သူ့မျက်နှာကို ပြတင်းပေါက်နားပိုတိုးလိုက်မိသည်။

"ဟေ့ကောင် ဝမ်ရိပေါ်.  . ငါပြောတာမကြားဘူးလား. . "

ဆရာအော်တာလဲ သူမကြားတော့။ ပုခုံးလာကိုင်တဲ့ ကောင်မလေးကို ရီမောပြီး စကားပြန်ပြောနေတဲ့ ကောကို သူမယုံကြည်နိုင်စွာငေးနေမိသည်။

သူ့ဘေးက ကျောင်းသားတွေကပါ သူဘာကြည့်နေလဲဆိုတာ လိုက်ကြည့်ပြီး ဝိုး တွေ ဝါးတွေ အော်ကုန်ကြသည်။

သူတို့စိတ်ထဲမှာတော့ ဝမ်ရိပေါ်ရဲ့ အကို ကောင်မလေးတစ်ယောက်နဲ့ ရုပ်ရှင်ဆန်ဆန်ကြည်နူးနေတယ်ပေါ့။ ပြတင်းပေါက်မှာ လူတွေအုံလာတော့ ဆရာပါရောက်လာပြီး ကြည့်သည်။

"တော်တော့ တော်တော့ မင်းတို့ ကောင်တွေ လူမမြင်ဖူးဘူးလား"

FIRE WATERWhere stories live. Discover now