2. Falling (Zawgyi)

1.2K 112 6
                                    

ဝေ့ရင်းက စိတ်မပါလက်မပါနဲ့ မော့ကြည့်လိုက်ရင်း
"ဝီစကီကို ရေခဲနှစ်တုံး. . . ဟေး . . .မင်း ဟိုတစ်ယောက်မလား"

ပျားရည်ရောင်အသားအရေ နဲ့ ခပ်ချောချော ကိုယ်လုံးလှလှအကိတ်စား လေယာဉ်မယ်ကို ဝေ့ရင်း မှတ်မိနေတာ သူ့မျက်လုံးအောက်က မှဲ့လေးကြောင့်။ အရင်က ကျန်းချန်လေယာဉ်မှာ ပါတတ်ပြီး ဝေ့ရင်းနဲ့ နှစ်ခါ ‌သုံးခါလောက် ခရီးသွားရင်း အပျင်းပြေအချိန်ဖြုန်းဖို့ လင်မယားလုပ်တန်း ကစားဖူးတယ်လေ။

အခု နာမည်‌ကမေ့နေပြီး ဝေ့ရင်း ပါးစပ်က ထွက်မလာတော့ မချောက နည်းနည်း နှုတ်ခမ်းစူသွားသည်။ ပြီးမှ ခပ်မူမူပြုံးရင်း "အိန်ဂျယ်လင်းလေ ဝေ့သခင်လေးရဲ့"

"ဟုတ်သားပဲ. . .နတ်သမီးလေးလို့ မှတ်ထားတာ မေ့နေတာ။ ဒါနဲ့ မင်းကို မတွေ့တာ ကြာပြီ။ ဘယ်လိုလုပ်ဒီရောက်နေတာလဲ"

နှုတ်ခမ်းထူထူတွေက ပိုထော်သွားပြီး ဝေ့ရင်းဆီ မျက်စောင်းတွေပါရောက်လာသည်။

"ဝေ့သခင်လေးကသာပေါ်မလာတော့ပဲ ကျွန်မတို့ကို မေ့နေတာနေမှာပါ။ ကျွန်မက လေကြောင်းလိုင်းပြောင်းသွားပြီ။ အခု Panair မှာလုပ်နေတာ။ နောက်တခါ တွေ့ချင်ရင် ကျန်းသခင်လေးကို လေကြောင်းလိုင်း ဆားဗစ်ပြောင်းသုံးပါလို့"

"ဟုတ်ပြီ မင်းလိုချောချောလေးတွေချည်းဆို ကျန်းချန်ကိုပြောင်းခိုင်းရမှာပေါ့။ ဒါနဲ့ . . . "

"ဝိုင်အဖြူတစ်ခွက်ဆိုရပြီ"

ဝေ့ရင်းစကား‌ကို ဖြတ်ပြောလိုက်သည့် အေးစက်စက်လေသံကြောင့် သူတို့နှစ်ယောက်လုံး စကားစပြတ်သွားသည်။ လှည့်ကြည့်တော့ လန်ကျန့်ရဲ့ အကြည့်တွေက ရေခဲမြှားတွေ အစင်းစင်းပစ်လွှတ်နေသလိုမျိုး။

"ပြီးရင် မခေါ်ပဲ ဒီနားကိုလုံးဝမလာနဲ့။ သောက်စရာတွေ အခန်းရှေ့မှာ ထိုင်နေတဲ့တစ်ယောက်ကတဆင့် ပို့လိုက်"

"လန်ကျန့်"

ဝေ့ရင်းက တားလဲ မမှီတော့ လေယာဉ်မယ်လေးက ကြောက်ကြောက်ရွံ့ရွံ့နဲ့ သူတို့နှစ်ယောက် သီးသန့်အခန်းထဲကနေ ထွက်သွားပြီ။

လန်ကျန့်က ဝေ့ရင်းကို ဆက်မကြည့်တော့ပဲ သူဖတ်လက်စ အစီရင်ခံစာတစ်စောင်ကိုဖတ်နေသည်။ ဝေ့ရင်းက အစီရင်ခံစာကို လက်တစ်ဖက်နဲ့ အုပ်လိုက်ပြီး

FIRE WATERWhere stories live. Discover now