5. FIRE

13.6K 1.5K 120
                                    

(Zawgyi)

လန်ကျန့် - ဝေ့ရင်း

နွေးထွေးတဲ့  ဝင်လုဆဲ နေရောင်ခြည်
ဆားငန်ရည်နံ့သင်းတဲ့ လေပြေ
လှိုင်းသံ ဇင်ယော်သံ
သံလွင်ဆီကဲထားတဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်သုပ်နဲ့ ပေါင်မုန့်ကြမ်း

မြေထဲပင်လယ်ဒေသက ဘယ်တော့မှ အချစ်လျော့ချင်စရာမကောင်း။

တောင်စောင်းအတိုင်း ပင်လယ်ဘက်ကို နိမ့်ဆင်းသွားတဲ့ ခေါင်မိုးပြာပြာနဲ့ ရွှံအိမ်ဖြူဖြူတွေမြင်ကွင်းကို မြေထဲပင်လယ်ထွက် စပျစ်ဝိုင်နဲ့ မြည်းလိုက်တော့. . .

"ဒီလိုနဲ့
ငါ့အတွေးတွေထဲ မင်းတစ်ယောက်ပဲရှိတယ်
ဘယ်လိုများ ဒီခံစားချက်တွေကိုငါ ပုန်းရှောင်ဖယ်
အတူတကွ
ငါတို့ပျော်ရွှင်ဝမ်းနည်းခြင်းတွေဝေမျှမယ်
မုန်တိုင်းကြားလဲ ကြည်လင်တဲ့နှလုံးသားနဲ့ ဖြတ်ကျော်မယ်~~~~"

"သီချင်းမဆိုပဲ အရင်လိုပဲ ဘယ်စော်တွေကို ဖင်ချပြီး ဘယ်ဘဲတွေဆီမှာ ဖင်ခံခဲ့တယ် ဆိုတာတွေပဲ ပြောပါလား ဘဒို"

သူဖီးလ်အပြည့်နဲ့ သီချင်းဆိုနေတာကို မလိုတမာသံနဲ့ပြောတဲ့ ရွှယ့်ယမ်ကို မမှီမကမ်းနဲ့ လှမ်းကန်လိုက်သည်။

"မင်းကို တကူးတက လာကယ်ပေးရတဲ့ စောက်ခွင်ကိုမှမထောက်"

"ဘာနဲ့ထောက်ရမှာလဲ"

သိပ်ရိုင်းတဲ့ ကောင်။ အဲ့ဒါကြောင့်လဲ အီတလီက ရဲစခန်းမှာထိန်းသိမ်းခံရတာ။ ပြောတော့ ကြေးစားလူသတ်သမားတဲ့။ ဘုရားစူးကြေးစား။ သူများလူသတ်သမားတွေများ သိုသိုသိပ်သိပ်နေကြ ရဲကဖမ်းမမိအောင် တူတူပုန်းတိုင်းဆော့နေကြတာ။ ဒင်းကတော့ ဖင်တွေယားလွန်းလို့ မကာအိုက ရဲစခန်းမှာ နာမည်တုမျိုးစုံနဲ့ ဝင်လိုက်ထွက်လိုက် လုပ်ရတာ အားမရပဲ အီတလီမှာ ဘားထဲ မူးယမ်းတာရယ် သူတို့ဆီက နာမည်ကြီးရေပန်းထဲ သေးပေါက်ထည့်ဖို့ကြိုးစားတာရယ်နဲ့ ရဲစခန်းမှာထိန်းသိမ်းခံရတဲ့ကောင်။

ကျန်းချန်ဆိုတဲ့ ကောင်ကလဲ ဝေ့ရင်းကို မကာအိုမှာ ဘယ်လိုတောင်မမြင်ချင်လဲမသိ ဟိုက နယ်ခံလူတွေထုတ်ပေးလိမ့်မယ်ဆိုတာတောင်မရဘူး ဇွတ်ကို မင်းသွားလုပ်ပေးလိုက်ဆိုပြီး နှင်ထုတ်။ အခုလဲကျပြန်မလာနဲ့ဦးဆိုပြီး ဂရိကိုလွှတ်လိုက်ပြန်တော့ နှစ်ကောင်သား မီကော့နော့စ်မှာ သောင်တင်နေတယ်။

FIRE WATERWhere stories live. Discover now