"အဖွားရေ..ကိုကိုကြီး"
အိမ်ပေါ်ထပ်ကနေ ခုနှစ်သံချီဟစ်ကာ အော်ခေါ်နေပြီးပြေးလာတဲ့ပူစူးမက လက်တစ်ဖက်မှာလဲစာရွက်တစ်ရွက်ကိုင်ထားသေးသည်။မွန်းမံပဲအော်လွှတ်လိုက်လို့လားဆိုပြီးတွေးမိပေမယ့် အဲ့ဒါလဲမဖြစ်နိုင်ပေ။အော်ရုံနဲ့တော့ဒီကောင်မလေးကဖြုံတတ်တာမဟုတ်။
ညီလုပ်သူက ထိပ်ခေါက်လိုက်ရင်တောင် မအော်တတ်တဲ့ သူမရဲ့အကျင့်ကိုလဲ သိနှင့့်တာလဲ ကြာလေပြီ။
ထမင်းစားခန်းဝဆီရောက်တော့ ဒူးနှစ်ဖက်ကိုလက်ထောက်ရင်းအမောပင်ဖြေနေသေးသည်။အသက်ရှူသံတွေကပါမြန်နေပြီး လူကလဲမောဟိုက်လို့နေသည်။
"ကိုကိုကြီး..ကိုကိုလေးအခန်းထဲမှာ...."
စကားစကိုမဆက်သေးဘဲအရှိန်ယူနေသေးပြန်သည်။
မွန်းမံအခန်းထဲမှာဘာဖြစ်လို့များလဲ။အရက်များမူးများလဲနေတာလား။ဒါလဲမဟုတ်နိုင်ပါ မွန်းမံက အရက်သောက်တတ်တဲ့သူမှမဟုတ်တာ။ဒီကောင်မလေးပူစူးမတော့ဘာတွေမြင်ပြန်ပြီလဲမသိဘူး။"ဟက်ဆက်ပြောလေ ပူစူးမရဲ့၊ငါ့မြေးဘာဖြစ်တုန်း"
"ပြောပါမယ်အဖွားရဲ့၊ကိုကိုလေးလေ...ကိုကိုကြီးပူစူးမကိုရေ..ရေပေးပါအုံး..အမလေးမောလိုက်တာ"
"အော် ဒီကောင်မလေးဟာလေ။မိန်းမတို့အိနြေ္ဒရွှေပေးလို့မရဆိုတဲ့စကားနဲ့တော့ ဘာမှမဆိုင်ပါလား။ဗိုင်းကောင်းကျောက်ပိဖို့ဆိုတာ ဝေလာဝေး။ငါငယ်ငယ်ကနဲ့တော့ ဘာမှလဲမဆိုင်ပါလား။ပြောစရာရှိတာပြောစမ်းပါအေ ညည်းဟာကလဲ"
ရေကိုမော့ချလိုက်ရင်း နှုတ်ခမ်းမှာပေရေနေတဲ့ ရေစက်တစ်ချို့ကို လက်ဖမိုးနဲ့သုတ်ချပြီးမှ
"အဖြားငယ္ငယ္ကအကြောင်းတွေ ခနထားပါအုံးအဖွားရယ်။ဒီမှာ..ကိုကိုလေးအခန်းထဲက ဒီစာတွေ့တယ်။ကိုကိုလေးကအခန်းထဲမှာလဲမရှိဘူး၊စာထဲကအရဆိုကိုကိုလေး သူ့ချစ်သူနောက်လိုက်သွားတာပဲ ကိုကိုကြီး"
ပူစူးမလက်ထဲက စာကိုအမြန်ဆွဲယူရင်း ဖတ်ကြည့်လိုက်သည်။
"ကျွန်တော့်ချစ်တဲ့သူနောက်လိုက်သွားပါပြီ၊ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့"

YOU ARE READING
အစိမ်းနုရောင်အိပ်မက်
Fantasyအချစ်ဟာ အဓိပ္ပါယ်များစွာနဲ့ ပြည့်နှက်နေပါတယ်။ရယူခြင်းလား ပေးဆပ်ခြင်းလား ခွင့်လွှတ်နားလည်ခြင်းပေလား။အချစ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့ တစ်ဦးချင်းဆီ ကွဲလွဲစွာအဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။